*** ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ Steve Jobs အကြောင်း ***
Steve Jobs ဟာ “၂၄ ဖေဖေါ်ဝါရီ ၁၉၅၅”မှာ တကိုယ်တည်းနေ မိခင်မှမွေးဖွားခဲ့ပြီးနောက် (၇)ရက်သားအရွှယ်တွင် စုံတွဲတစ်တွဲရဲ့ မွေးစားခြင်းကိုခံခဲ့ရပါသည်။ သူရဲ့ ငယ်ဘဝကို စီလီကွမ်တောင်ကြားဟု ထင်ရှားလာမည့် “Cupertino” မှာ ဖြတ်သန်းခဲ့ပါတယ်။ ထို့နောက် HP ကုမ္ပဏီတွင် နွေရာသီအလုပ်တစ်ခုဝင်လုပ်ခဲ့ပြီး အင်ဂျင်နီယာ စတိဗ်ဝေါ့ဇနစ် နှင့် မိတ်ဆွေဖြစ်ခဲ့ပါတယ်။
Jobs သည် အော်ရီဂွန် ရှိ ပို့လန်းမြို့မှာရှိတဲ့ Reed ကောလိပ်တွင် သင်တန်းကာလတစ်ပိုင်းသာ တတ်ဖြစ်ခဲ့ပါတယ်။ ထို့နောက်ကောလိပ်မှ ထွက်ပြီး အခြားသင်တန်းများကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ Jobs သည် ကျောပိုးအိတ် တစ်လုံးလွယ်ကာ အိန္ဒိယသို့ ခရီးသွားခဲ့ဖူးသည်။
Jobs ၏မိသားစုအိမ်ဂိုဒေါင်တွင် Apple Computer ကို “၁၉၇၆ခုနှစ်” မှာ စတင်တီထွင်ချိန်က Jobs က အသက်(၂၁)နှစ်၊ ဝေါ့ဇနစ်က အသက် (၂၆)ဖြစ်သည်။ Jobs ၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ‘၁၉၈၀ ပြည့်နှစ်’များတွင် Macintosh ကွန်ပျူတာများ ကျော်ကြားခဲ့သည်။
Jobs ဟာ ‘၁၉၉၁ ခုနှစ်’တွင် ကျေးလက်အဆိုတော် ဂျုံးဗစ်နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါး၏ ရှေ့မှောက်တွင် လက်ထပ်ခဲ့ပါတယ်။ Jobs သည် ဂျုံးဗစ်နှင့်အတူ Palo Alto တွင် အခြေချခဲ့ပြီး သားသမီး ၃ ဦးရရှိခဲ့ပါသည်။
Jobs သည် ‘၁၉၈၅ခုနှစ်’တွင် Appleမှ နုတ်ထွက်ခဲ့ပြီး Next ကွန်ပျူတာ ကုမ္ပဏီတွင် စတင်လုပ်ကိုင်ခဲ့သည်။ Appleသည် ‘၁၉၉၆ခုနှစ်’တွင် Next ကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် Apple နှင့် Jobs ပြန်လည် လက်တွဲဖြစ်ခဲ့သည်။
Steve Jobs ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါသည်။ ဒါတင်မကသေးပဲ Jobs ဟာ Disney ရဲ့ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်သူဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။
Jobs သည် ‘၂၀၀၄ခုနှစ်’တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ်ကူသမှုကိုခံခဲ့ပါတယ်။ ‘၂၀၀၉ခုနှစ်’ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။’၂၀၁၁ခုနှစ် သြဂုတ် ၂၄ရက’် တွင် Jobs ဟာကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ရပါတယ်။
‘၂၀၁၁ခုနှစ် အောက်တိုဘာလ ၆ရက်နေ့’တွင် ၄င်းတည်ထောင်ခဲ့သည့် နည်းပညာကုမ္ပဏီ Apple က ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း Steve Jobs ဟာ ပန်ကရိယကင်ဆာဝေဒနာကို နာတာရှည်ခံစားပြီး အသက် (၅၆) နှစ်မှာ ကွယ်လွန်သွားပြီးလို့ ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ Steve Jobs ဟာ ပန်ကရိယကင်ဆာ ဝေဒနာကို နာတာရှည်ခံစားပြီး အသက် (၅၆) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ထက်မြက်မှု အလုပ်ကို မြတ်နိုးခုံမင်စွာ လုပ်ကိုင်တတ်မှုနဲ့ ကြိုးစားတဲ့စွမ်းရည်တို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။
Crd 2 Org
No comments:
Post a Comment