အရက်သောက်တာလား??
ရတယ်...သောက်
ယောက်ျားလေးပဲ..ငါနားလည်တယ်
ဒါပေမယ့်
နေ့စဉ်ရက်ဆက်တော့မဖြစ်စေနဲ့
ငါလက်တွဲမယ့်သူ ကျမ္မာရေးကောင်းဖို့အတွက်
နင်..နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ...
Facebook သုံးတာလား??
ရတယ်....သုံးလေ
လူငယ်ပဲ..ငါနားလည်တယ်
ဒါပေမယ့်
ဆော်တွေနဲ့ cbမှာတော့မကြူနဲ့
ငါလက်တွဲမယ့်သူအရှုပ်အရှင်းကင်းဖို့
နင်..နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ...
သူငယ်ချင်းမိန်းကလေးထားတာလား??
ရတယ်...ထားလေ
လူမှုရေးပဲ..ငါနားလည်တယ်
ဒါပေမယ့်
ဖင်ပုတ်ခေါင်းပုတ်တော့မခင်နဲ့
ငါလက်တွဲမယ့်သူကို
လူရှုပ်လူပွေလို့အပြောမခံရဖို့
နင်...နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ...
အပျော်အပါးမက်တာလား??
ရတယ်...မက်ပေါ့
ငါတို့ကဆယ်ကျော်သက်စွန်းစွန်းလေးပဲလေ
ဒါပေမယ့်
ရှေ့ရေးအတွက်တော့စဉ်းစား
ငါလက်တွဲမယ့်သူ
အရည်အချင်းပြည့်ဝဖို့အတွက်
နင်...နားပူတယ်ပြောနေလည်း
ငါကတော့တားရမှာပဲ...
တကယ်လို့များ...
နင်ယူမယ့်သူ...ငါမဟုတ်ခဲ့ရင်တောင်
ငါနဲ့တွဲခဲ့တဲ့...နင့်ကို
တန်ဖိုးရှိတဲ့ယောက်ျားဖြစ်စေချင်တယ်
တချိန်မှာ...
နင်ယူမယ့်သူ အထင်မသေးစေဖို့
နင်ဂုဏ်ယူနိုင်ဖို့
အဲ့ဒါ...ငါအချစ်သက်သေပဲ...
Crd 2 Org
No comments:
Post a Comment