Tuesday, April 26, 2016

ကမ္ဘာကျော်မော်တော်ကားထုတ်လုပ်သူ Henry Ford

*** ကမ္ဘာကျော်မော်တော်ကားထုတ်လုပ်သူ  Henry Ford ***

ဟင်နရီဖို့ဒ်သည် အမေရိကန် ဖို့ဒ်မော်တော်ကား ကုမ္ပဏီအား တည်ထောင်ခဲ့သူတစ်ယောက်ဖြစ်သည့်အပြင် ယနေ့ခေတ် ကုန်ပစ္စည်းများကို စီးပွားဖြစ်ထုတ်လုပ်ရာတွင် စွမ်းအားတိုးမြှင့်ရေး အတွက် ပိုမိုမြန်ဆန်သည့် စက်ပစ္စည်းများအား စနစ်တကျတပ်ဆင်မှုနည်းလမ်းကို စတင်အသုံးပြုခဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဖို့ဒ်ကို ၁၈၆၃ ခုနှစ် ဇူလိုင် (၃၀) ရက်တွင် အမေရိကန်ပြည်ထာင်စု၊ မစ်ရှီဂန်ပြည်နယ်၊ ဒေဘွန်မြို့တွင် ဖခင်ဝီလျှံနှင့် မိခင်မေရီတို့မှ မွေးဖွားခဲ့တယ်။ ဖို့ဒ်တွင် မွေးချင်းမောင်နှမ (၅) ယောက်ရှိပြီး သူ၏ငယ်နာမည်မှာ ဟင်နရီဖြစ်ပါတယ်။ ဖို့ဒ်သည် လယ်သမား မျိုးရိုးမှ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူမှာ အိုင်းရစ်မျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပြီး မိခင်မှာ ဒတ်ခ်ျအမျိုးနွယ်ဝင်တစ်ယောက် ဖြစ်ပါတယ်။

သူသည် ကလေးဘ၀တွင် မိသားစုလုပ်ငန်းများ၌ ကူညီလုပ်ကိုင်ခဲ့ပြီး အားလပ်သည့်အချိန်များတွင် စက်ပစ္စည်းအလုပ်ရုံတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်ရင်း ဘ၀ကိုရုန်းကန်ခဲ့ရတယ်။ ဖိုဒ့် အသက် (၁၇) နှစ်အရွယ်တွင် မိသားစုအလုပ်များကို မလုပ်ကိုင်တော့ဘဲ ဒက်ထရွိုက်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး စက်ပစ္စည်းများထုတ်လုပ်သည့် အလုပ်ရုံတွင် လုပ်ကိုင်ခဲ့ရတယ်။ သူသည် အလုပ်ရုံတွင် ရေနွေးငွေ့ဖြင့်မောင်းသည့်စက်များကို တာဝန်ယူ ထုတ်လုပ်ပေးသည့် အပိုင်းတွင် တာဝန်ယူလုပ်ကိုင်ခဲ့သည်။

၁၈၈၂ ခုနှစ်တွင် ဖို့ဒ်သည် လက်မှတ်ရစက်ဆရာ တစ်ယောက် ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ဖို့ဒ်အား ၀က်စတင်းဟောက်စ် ကုမ္ပဏီက ရေနွေးငွေ့သုံးစက်များ တပ်ဆင်ပြုပြင်ရန် ငှားရမ်းခဲ့သည်။       ၁၉၈၁ ခုနှစ်တွင် ဖို့ဒ်သည် ဓာတ်ဆီကို လောင်စာအဖြစ် အသုံးပြုသည့် အင်ဂျင်စက်ငယ်ကို ပုံစံထုတ်ခဲ့ပါတယ်။ ဖို့ဒ်သည် သောမတ်အက်ဒီဆင်၏ ကုမ္ပဏီတွင် အလုပ်လုပ်ရန်ကမ်းလှမ်းမှုရရှိခဲ့ပြီးနောက် အက်ဒီဆင်၏ ကုမ္ပဏီတွင် အင်ဂျင်နီယာချုပ်တစ်ယောက်ဖြစ်လာခဲ့တယ်။ ဖို့ဒ်သည် အင်ဂျင်နီယာချုပ်တစ်ယောက် ဖြစ်လာခဲ့ပြီး (၃) နှစ်အကြာတွင် ဓာတ်ဆီဖြင့်မောင်းနှင်းနိုင်သည့်ကားကို တီထွင်နိုင်ခဲ့တယ်။

နောက်ပိုင်းတွင် ဖို့ဒ်သည် အက်ဒီဆင်၏ လုပ်ငန်းမှထွက်ပြီး ဆက်လက်ကြိုးစားခဲ့ရာ နှစ်အနည်းငယ်အကြာတွင် ပုံစံ “A” နှင့် ပုံစံ “T” အပါအ၀င် မော်တော်ကား ဒီဇိုင်းများကို ဖိုဒ့်က ဆက်လက် ထုတ်လုပ် နိုင်ခဲ့တယ်။ ဖို့ဒ်၏ မူပိုင်လက္ခဏာတစ်ရပ်မှာ မော်တော်ကား၏ စွမ်းဆောင်မှုမြင့်မားရေးပဲ ဖြစ်ပါတယ်။ ဖို့ဒ်သည် မော်တော်ကားများအား အဓိကစီးပွားဖြစ်ထုတ်လုပ်နိုင်ရန်အတွက် မော်တော်ကားတပ်ဆင်ရေး လုပ်ငန်းများကိုလည်း တီထွင်ဆောင်ရွက်ခဲ့တယ်။

ဖို့ဒ်၏ မော်တော်ကားထုတ်လုပ်ဖြန့်ချိသည့် အဓိကရည်ရွယ်ချက်မှာ အမေရိကန်နိုင်ငံသားတိုင်း မော်တော်ကားစီးနိုင်ရန်အတွက်ဖြစ်တယ်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကာလအတွင်း ဖို့ဒ်၏ စက်ရုံကို စစ်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းအဖြစ် အသုံးပြုခံခဲ့ရပါတယ်။
ဖို့ဒ်မသေဆုံးခင်အချိန်တွင် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဖို့ဒ်ဖောင်ဒေးရှင်းတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တယ်။ ဖို့ဒ်သည် ၁၉၄၇ ခုနှစ်ဧပြီ (၇)ရက်နေ့တွင် ကွယ်လွန်ခဲ့တယ်။
ဖို့ဒ်သည် မော်တော်ကားလုပ်ငန်းကို လမ်းဟောင်းကြီး အတိုင်းထုတ်လုပ်ခြင်းကို တော်လှန်သည့် တီထွင်မှုအားကောင်းသူ တစ်ယောက်အဖြစ် ယနေ့ထိတိုင် နာမည်ကျော်ကြားလျက်ရှိပါတယ်။
Crd 2 Org

No comments:

Post a Comment