*** မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင် General Aung San ***
[၁၀၁နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို လေးစားဂုဏ်ပြုပါသည်။]
ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝ
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကိုလွတ်လပ်ရေး စတင်ရရှိအောင်ကြိုးစားပေးခဲ့သောအမျိုးသားသူရဲကောင်း တော်လှန်ရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့တွင်ဖခင်ဦးဖာ နှင့်မိခင်ဒေါ်စုတို့မှာ မွေးဖွားခဲ့သည်။ မိသားစုဝင် (၉) ဦးအနက် အထွေးဆုံးသားဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းက ရိုးသားဖြောင့်မတ် သည့် ကလေးတစ်ယောက်ဟု သူ့မိသားစုဝင်များက သတ်မှတ်ခဲ့ကြသည်။
အောင်ဆန်းသည် အသက်(၈) နှစ်ပြည့်ချိန်တွင် ကျောင်းစတက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံးတက်ရောက်ခဲ့သောကျောင်းမှာ ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအသက် (၁၃) နှစ်အရွယ်တွင် ရေနံချောင်းအမျိုးသားကျောင်းသို့ တက်ရောက်ခဲ့သည်။ အသက် (၁၅) နှစ်အရွယ်တွင်သတ္တမတန်းစာမေးပွဲတွင် ပထမဆုရရှိခဲ့ပြီး ဦးရွှေဘို ရွေတံဆိပ်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးဆုများရရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တက္ကသိုဝင်စာမေးပွဲတွင် အောင်ဆန်းသည် မြန်မာဘာသာ၊ ပါဋ္ဌိဘာသာများမှာ“အေ”အဆင့်ဖြင့်အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။
ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်သို့ရာက်ချိန်တွင် ကျောင်းသားနိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့သည်။ ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် သူသည် ကိုနု၊ ကိုလှဖေ၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့နှင့် လက်တွဲကာ ကျောင်းသားများ ဂရုတစိုက်ဖြစ်လာနိုင်သည့် နိုင်ငံရေးအင်အားစုတစ်ခုဖြစ်လာအောင် စတင်စည်ရုံးခဲ့ပါသည်။ ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော ကျောင်းသားသမဂ္ဂကို ထိုးဖောက်ဝင်ရောက်ခြင်းဖြင့်စတင်ခဲ့သည်။ အစပိုင်းတွင်အောင်မြင်မှုမရှိခဲ့သော်လည်း ၁၉၃၅-၃၆ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးကောက်ပွဲ အဓိကနေရာအားလုံးကို အမျိုးသားရေး စိတ်ထက်သန်သောလူငယ်များက အနိုင်ရရှိခဲ့သည်။ ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂအဖွဲ့တွင်လည်း အမှုဆောင်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ထိုအဖွဲ့မှ အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
၁၉၃၆ခုနှစ် ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းမှ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိတစ်ဦးကို ရည်ညွန်းပြီး “ ငရဲခွေးကြီးလွတ်နေပြီ ” ဆိုသောဆောင်းပါးကို ရေးသားခဲ့သည်။ ဆောင်းပါးရှင်အား
ဖော်ထုတ်ရန်တောင်းဆိုသည်ကို မဖော်ပြခြင်း၊
ကိုနုသည် ကျောင်းအုပ်ကြီးအားပြင်းထန်စွာ ဝေဖန်ခဲ့ခြင်းကြောင့် ကိုအောင်ဆန်းသည် ကိုနုနှင့်အတူတူ တက္ကသိုလ်မှထုတ်ပယ်ခြင်းခံခဲ့ရသည်။ ကိုအောင်ဆန်းနှင့်ကိုနုတို့ ကျောင်းထုတ်ခံခဲ့ရခြင်းကြောင့် ကျောင်းသားများ ဒေါသထွက်ကာ သပိတ်မှောက်ရန် ဆုံဖြတ်ခဲ့ကြသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကိုလက်ခံရရှိခဲ့သည်။ ၁၉၃၈ အောက်တိုဘာလတွင် ကိုအောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့ပြီး တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်အောင်ဆန်းဖြစ်လာခဲ့သည်။ ၁၉၄၀ မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသောအိန္ဒိယ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့သဖြင့် အစိုးရသည် ဗြိတိသျှတို့ကို တော်လှန်ပုန်ကန်ကြိုးစားအားထုတ်မှုဖြင့် သခင်အောင်ဆန်းတို့ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ ၁၉၄၀ခုနှစ် ကုန်ဆုံးချိန်တွင် သခင်အမြောက်အမြားနှင့် ဒေါက်တာဘမော် တို့ထောင်ထဲသို့ရောက်ရှိနေချိန်တွင် သခင်အောင်ဆန်းမှာ အချိန်မီသတိပေးချက်ရသဖြင့် တိမ်းရှောင်နိုင်ခဲ့သည်။
သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့သည် သဘောင်္ဖြင့် တရုတ်နိုင်ငံ အမွိုင်မြို့ အပြည်ပြည်ဆိုင်ရာ ဒေသဖြစ်သော ကူလန်စုသို့ထွက်ခွာခဲ့သည်။ ၁၉၄၀ခုနှစ် အလယ်တွင် ဂျပန်ဗိုလ်မှုးကြီးဆူဇူကီးသည် မြန်မာပြည်သို့အလည် လာရောက်ခဲ့ပြီး ဒေါက်တာဘသိန်းနဲ့တွေ့ဆုံပြီးချိန်၌အမွိုင်မြို့တွင် ရောက်ရှိနေသော သခင်နှစ်ဦးကို ရှာတွေ့ခဲ့သည်။
သခင်အောင်ဆန်းသည် အမွိုင်မြို့မှတစ်ဆင့် ဗိုလ်မှုးကြီး စူဇူးကီကေအီဂျီ ဖြင့် တွေ့ရန် တိုကျိုသို့လိုက်သွားခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် သခင်အောင်ဆန်းသည် ဗိုလ်ချူပ်ရာထူးကို ရယူပြီး ဗမာကာကွယ်ရေးတပ်မတော်ကို ဗိုလ်ချူပ်ဆူဇူကီး၏ဦးဆောင်မှုဖြင့်ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် ဗမာကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်များပူပေါင်းပြီး အင်္ဂလိပ်တပ်တွေကို တိုက်ထုတ်နိုင်ခဲ့သည်။ ၁၉၄၂ မတ်လတွင် ရန်ကုန်မြို့တော်ကို စစ်ဆေးရေး တစ်စိတ်တစ်ဒေသအဖြစ် ဂျပန်တို့ကိုပေးလိုက်ရသည်။ ၁၉၄၃ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ဂျပန်တွေက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သော်လည်း ဗိုလ်ချူပ်သည် ဖက်ဆစ်တို့အကြောင်းကို ကြိုတင်သိရှိခဲ့ပြီး ပြန်လည်တိုက်ထုတ်ရန် အစီအစဉ်များကို လျို့ဝှက်စွာရေးဆွဲခဲ့သည်။
၁၉၄၅ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် မဟာမိတ်တပ်များနဲ့ပူပေါင်းပြီး ဂျပန်များကိုတိုက်ထုတ်ခဲ့သည်။ ထိုနေ့ကို ယခင်ကတော်လှန်ရေးနေ့ဟုသတ်မှတ်ခဲ့ပြီး နောင်တွင် တပ်မတော်နေ့ဟုပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ဂျပန်များအားတိုက်ထုတ်ပြီး နောက်ပိုင်းတွင် ဗြိတိသျှအစိုးရပြန်လည်ဝင်ရောက်လာခဲ့သော်လည်း ၁၉၄၇ ခုနှစ်ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် လန်ဒန်မြို့သို့သွားရောက်ခဲ့ပြီး ဗြိတိသျှဝန်ကြီးချူပ်ကလီမင့်အက်တလီ ဖြင့်တွေ့ဆုံခဲ့ပြီး တစ်နှစ်အတွင်း မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးရမည်ဖြစ်ကြောင်း သဘောတူစာချူပ် ရေးထိုးခဲ့ပါတယ်။ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗိုလ်ချူပ်အာင်ဆန်းသည် တိုင်းရင်းသားခေါင်းဆောင်များနဲ့တူတူ ပင်လုံညီလာခံသို့တက်ရောက်ခဲ့ပြီးစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်သည့်စာချူပ်ကိုရေးထိုးခဲ့သည်။
လွတ်လပ်ရေးမရမီ လပိုင်းအလို ၁၉၄၇ခုနှစ် ဇူလိုင် (၁၉)ရက်တွင် ဗိုလ်ချူပ်အောင်ဆန်းနှင့်အတူ ဦးဘ၀င်း၊ ကလိနက်ဝန်ကြီးခြောက်ဦး တို့လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဗိုလ်ချူပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်း ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွပ်လပ်ရေးရရှိခဲ့သည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် စွန့်လွတ်အနစ်နာခံပြီး လွတ်လပ်ရေးရယူပေးခဲ့သော သူရဲကောင်းဗိုလ်ချူ ပ် ကျွန်တော်တို့မြန်မာလူမျိုးများ၏ ရင်ထဲတွင် ဘယ်တော့မှ ပျောက်ကွယ်သွားခြင်းမရှိတဲ့ သူရဲကောင်းတစ်ယောက်အဖြစ် ထာဝရလေးစားကြည်ညိုလျက်ရှိနေမှာပါ။
Crd 2 Org
No comments:
Post a Comment