*** ကမ္ဘာကျော်မျက်လှည့်ပညာရှင် “David CopperField” ***
21st Century ကြီးရဲ့ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်သူ David Copperfield ရဲ့ ငယ်နာမည်ကတော့ David Seth Kotkin ဖြစ်ပြီး သူ့ကို ၁၉၅၆ စက်တင်ဘာ (၁၆) မှာ Metuchen, New Jersey တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ Jewish အနွယ်ဝင် မိဘများဖြစ်ကြတဲ့ ဖခင် Hyman Kotkin ဟာ “Korby's” လို့အမည်ရတဲ့ Metuchen မှာဖွင့်ထားတဲ့ အမျိုးသားသီးသန့် အဝတ်အထည် အပိုပစ္စည်းဆိုင်လေးတစ်ခုကို ပိုင်ဆိုင်ပြီး မိခင်ဖြစ်တဲ့ Rebecca ကတော့ အာမခံဌာနတစ်ခုက Insurance Adjuster တစ်ယောက်ဖြစ်ပါတယ်။ David ဟာ (၁၀) နှစ်သားအရွယ်ရောက်တဲ့အခါမှာ "Davino the Boy Magician" လို့ သူ့ကိုယ်သူအမည်တပ်ပြီး အိမ်နီးနားတဝိုက်မှာ မျက်လှည့်ပညာကို စတင်သင်ယူရင်းနဲ့ လေ့ကျင့်ခဲ့ပါတယ်။
(၁၄) နှစ်အရွယ်မှာတော့ the Society of American Magicians အဖွဲ့မှာ အငယ်ဆုံးမျက်လှည့်ပညာရှင်ဖြစ်လာခဲ့ပြီးတော့ ဆယ်ကျော်သက်ကောင်လေးဖြစ်တဲ့ အလျောက် အများနည်းတူ Broadway theatrical performances (Theater စင်တင်ဖျော်ဖြေရေး) တွေကို စိတ်ဝင်စားလာခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ show ပွဲတွေမှာ ပါဝင်လာဖို့ အခွင့်အလမ်းတွေရခဲ့ပါတယ်။ နာမည်ကြီး ဂီတပညာရှင်တွေဖြစ်တဲ့ Stephen Sondheim တို့၊ Bob Fosse တို့ရဲ့ အော်ပရာတီးဝိုင်းကြီးတွေရဲ့ နောက်ခံအထောက်အပံ့နဲ့ သူ့ရဲ့မျက်လှည့်ပညာအစွမ်းအစကို စင်တင်ပြသခွင့် ရရှိခဲ့ပါတယ်။ အသက် (၁၆)နှစ် အရွယ်မှာတော့ သူဟာ New York University မှာ မျက်လှည့်ပညာသင်တန်းတစ်ခုကိုတောင် သင်ကြားပို့ချနေပါပြီ။
သူ အသက် (၁၈)နှစ်အရွယ်မှာ Fordham University မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ တက္ကသိုလ်စတက်ပြီး သုံးပတ်အတွင်းမှာပဲ စာရေးဆရာမ Barbara D'Amato ရေးသားတဲ့ Chicago-based musical ရုပ်ရှင်တစ်ခုဖြစ်တဲ့ “The Magic Man” ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ အသက် (၁၉)နှစ်ရောက်တော့ Honolulu, Hawaii ကျွန်းက Pagoda Hotel မှာ သူ့ကို နာမည်ကြီး headliner တစ်ယောက်အဖြစ်နဲ့ မြင်တွေ့နေကြရပါပြီ။
Broadway shows တွေ၊ Television specials တွေရဲ့ အဓိက producer တစ်ဦးဖြစ်သူ Joseph Cates နဲ့ သိကျွမ်းခင်မင်သွားတဲ့အချိန်မှာ David အတွက် တီဗွီထဲမှာ ပါဝင်ဖျော်ဖြေရတဲ့ အလုပ်ကိုစပြီးရခဲ့ပါတယ်။ Joseph Cates ကပဲ David အတွက် "The Magic of ABC" မျက်လှည့်အစီအစဉ်လို့ ခေါင်းစဉ်တပ်ပြီး ၁၉၇၇ ခုနှစ်မှာ American Broadcasting Company ကနေ TV Program တစ်ခုအဖြစ် တင်ဆက်လိုက်ပါတယ်။ ၁၉၇၈-၉၈ ခုနှစ်များအတွင်း "The Magic of David Copperfield" အထူးအစီအစဉ်တွေကို CBS ကနေတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပါတယ်။ ၁၉၇၇ ကနေ ၂၀၀၁ ခုနှစ်အထိ David ရဲ့ တီဗွီအစီအစဉ်ပေါင်း (၂၀)တိတိ ရှိခဲ့ပါတယ်။
David ဟာ ၁၉၈၀ ခုနှစ်က horror film တစ်ခုဖြစ်တဲ့ “Terror Train” ရုပ်ရှင်ရဲ့ "Ken the Magician" ဆိုတဲ့ ဇာတ်ကောင်နေရာကနေပြီး ပါဝင်ခဲ့ရပါတယ်။ သူ့ရဲ့ လူသိများတဲ့ မီဒီယာလှုပ်ရှားမှုတွေကိုတော့ တီဗွီအထူးအစဉ်တွေ၊ ဧည့်သည်သရုပ်ဆောင်နေရာတွေမှာ တွင်တွင်ကျယ်ကျယ် တွေ့မြင်နိုင်ပါတယ်။ သူ့ရဲ့ အထူးမျက်လှည့်ပြကွက်ဆန်းတွေထဲမှာ the Statue of Liberty ရုပ်တုကြီးကို ပျောက်သွားအောင်လုပ်ပြတာ၊ လေထဲမှာ ပျံသန်းပြတာ၊ အင်မတန်နက်တဲ့ the Grand Canyon ချောက်ကြီးပေါ်ကနေ ဈာန်ကြွပြတာ၊ the Grate Wall of China နံရံထဲမှာ ဖြတ်ပြီးလမ်းလျှောက်ပြတာ စတဲ့ပြကွက်တွေက အရမ်းနာမည်ကြီးခဲ့ပါတယ်။
၁၉၉၆ ခုနှစ်မှာ David ဟာ Dean Koontz, Joyce Carol Oates, Ray Bradbury ဆိုတဲ့ နာမည်ကျော် စာရေးဆရာကြီး (၃)ဦးအပါအဝင် တခြားစာရေးဆရာတွေနဲ့အတူပေါင်းပြီး “David Copperfield’s Tales of the Impossible” ဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ “David Copperfield's Beyond Imagination” စာအုပ်ကိုတော့ ၁၉၉၇ ခုနှစ်မှာ နောက်ဆက်တွဲအနေနဲ့ ထပ်မံထုတ်ဝေခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်အတွင်းက Francis Ford Coppola, David Ives, Eiko Ishioka တို့နဲ့ ပူးပေါင်းဖန်တီးထားတဲ့ သူ့ရဲ့ Broadway show တစ်ခုဖြစ်တဲ့ “Dreams & Nightmares” ဆိုတဲ့ show ဟာ Box Office မှာ စံချိန်ချိုးသွားခဲ့ပါတယ်။
သူ့ရဲ့ role models တွေဟာ magicians တွေမဟုတ်ဘူးလို့ သူက ပြောခဲ့ဖူးသလို “ကျွန်တော် အထင်ကြီးလေးစားပြီး အတုခိုးရမယ့်သူတွေကတော့ Gene Kelly ရယ်၊ Fred Astaire ရယ်၊ Orson Welles နဲ့ Walt Disney တို့ပါပဲ" ဟု ပြောပါတယ်။ David ဟာ International Museum and Library of the Conjuring Arts ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး မျက်လှည့်အတတ်နဲ့ ပက်သက်ပြီးထင်ရှားတဲ့ သမိုင်းဝင်စာအုပ်မှတ်တမ်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ မှတ်တမ်းမှတ်ရာတွေ စုဆောင်းသိုမှီးရာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မျက်လှည့်နှင့်မှော်အတတ်များဆိုင်ရာပြတိုက်နှင့် စာကြည့်တိုက်ကြီးကိုလည်း ပိုင်ဆိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာဆိုရင် David စုဆောင်းရှာဖွေထားတဲ့ ခေတ်ဟောင်းမျက်လှည့် အတတ်ပညာရှင်များရဲ့ အထင်ကရမျက်လှည့်ပစ္စည်းတွေလည်း အများအပြားရှိနေပါတယ်။ ဒီပြတိုက်ကြီးဟာ Las Vegas မှာတည်ရှိနေပြီးတော့ ပြတိုက်ထဲကိုဝင်ဖို့အတွက်ကို လျှို့ဝှက်တံခါးပေါက် သက်သက်ရှိနေပါတယ်လို့လည်း သိရပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ David ဟာ Atlantic Ocean ထဲမှာရှိတဲ့ Caribbean က Musha Cay လို့အမည်ရတဲ့ Bahamian ကျွန်းဆွယ် (၁၁) ခုကိုလည်း ၀ယ်ယူခဲ့ပါသေးတယ်။ ဒီကျွန်းဆွယ်တွေကို The Islands of Copperfield Bay လို့ အမည်ပေးထားပြီးတော့ ကိုယ်ပိုင်အပန်းဖြေစခန်းအနေနဲ့ ထားရှိထားပါတယ်။ လာရောက်ဖူးတဲ့ဧည့်သည်တွေထဲမှာတော့ Oprah Winfrey နဲ့ John Travolta စတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေပါဝင်ပြီးတော့ Google နဲ့ co-founder ဖြစ်တဲ့ Sergey Brin ကတော့ ဒီကျွန်းပေါ်မှာ လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။
David ဟာ စူပါမော်ဒယ်လ်တစ်ဦးဖြစ်သူ Claudia Schiffer နဲ့ စေ့စပ်ကြောင်းလမ်းခဲ့ပြီး ခြောက်နှစ် ကြာလောက်အထိ လက်တွဲခဲ့ပြီးတော့ အလုပ်ချိန်အခက်အခဲတွေကြောင့် ၁၉၉၉ ခုနှစ်မှာ လက်တွဲ ဖြုတ်ခဲ့ကြပါတယ်။
Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ကြေညာတဲ့စာရင်းမှာ David ဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ (၅) မီလျံခန့်ရရှိခဲ့ပြီး (၁၀) ယောက်မြောက် ၀င်ငွေအများဆုံး အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် David ဟာ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒေါ်လာ (၅၇) မီလျံခန့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဒေါ်လာမီလျံ (၃၀) ခန့်သာ ဖျော်ဖြေမှုတွေကနေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ David ဟာ တစ်နှစ်ကို ပြပွဲပေါင်း (၅၀၀) ကျော်လောက် ကမ္ဘာတလွှားမှာ ပြသလေ့ရှိပါတယ်။
David ဟာ Emmy Awards ဆုအတွက် (၃၈) ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး (၂၁) ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Living Legend Award ဆုတစ်ဆုကို the Library of Congress ကနေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Hollywood ရဲ့ အလွန်အောင်မြင်ကျော်ကြားသူ starတွေထဲမှာလည်း သူဟာ ပထမဦးဆုံး magician တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြင်သစ်အစိုးရက တိုက်ရိုက်ချီးမြှင့်တဲ့ the Chevalier of Arts and Letters ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဆုဟာဆိုရင် ပထမဦးဆုံးသော ရာသက်ပန်မျက်လှည့်ပညာရှင်ဆု ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၇ ခုနှစ်မှာလည်း Academy of Magical Arts က ချီးမြှင့်တဲ့ “Magician of the Year” ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ၂၀၀၉အတွက်ရွေးချယ်တဲ့ “The Celebrity 100” စာရင်းမှာလည်း အမေရိကန်ဒေါ်လာ မီလျံ (၃၀) ပိုင်ဆိုင်တဲ့ နံပါတ် (၈၀) နေရာကိုချိတ်ခဲ့ပါတယ်။ David ဟာ ကမ္ဘာ့ဂင်းနစ်စံချိန် (၁၁) ခုတင်ခဲ့ပါတယ်။ David ဟာ အခုချိန်ထိ American magician နှင့် illusionist တစ်ယောက်အဖြစ် ပရိတ်သတ်ရင်ထဲမှာ စွဲထင်ကျန်ခဲ့တဲ့ အောင်မြင်ကျော်ကြား ပုဂ္ဂ္ဂိုဟ်တဦးအဖြစ် ဆက်လက်တည်ရှိလို့ နေပါတယ်။
Crd 2 Org
No comments:
Post a Comment