မိန်းကလေးတော့ မိန်းကလေးပဲ
*****************
မိန်းကလေးတော့ မိန်းကလေးပဲ
မှန်တင်ခုံရှေ့မှာ အချိန်မကုန်တတ်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
ဝတ္ထုဖတ်ကိုရီးယားကားကြည့်ပီး စိတ်ကူးမယဉ်တတ်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
ရင်ဖုံးနဲ့ချိတ်ထဘီတော့ အမြဲဝတ်လေ့မရှိဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
ပုံတော်ဖိနပ်စီးပီး ကုဋေတစ်သန်းတန်တဲ့ခြေလှမ်းနဲ့တော့ လမ်းမလျှောက်တတ်ဖူး
မိန်းကလေးတော့ မိန်းကလေးပဲ
အဆင်ပြေအောင်ချက်ပြုတ်တတ်ပေမယ့် စားဖိုမှူးတစ်ယောက်လိုတော့မကျွမ်းကျင်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
အိမ်အလုပ်တွေနဲ့ပဲ အချိန်တွေကိုအကုန်မခံနိုင်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
မတုန်မလှုပ်အမူအရာနဲ့ခေါင်းငုံ့မျက်ရည်ကျနေရအောင် မပျော့ညံ့ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
သူတစ်ပါးကိုချည်းအားကိုးဖို့ စိတ်မကူးဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
ချစ်တတ်ပေမယ့် ကိုးကွယ်တာအချစ်မဟုတ်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
ကြင်နာတတ်ပေမယ့် သဲသဲလှုပ်အမူပိုမပြတတ်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
မရိုင်းစိုင်းတတ်ပေမယ့် ပတ်ချွဲနှပ်ချွဲလဲမပြောတတ်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
သည်းခံတတ်ပေမယ့် သတ်မှတ်ထားတဲ့ဘောင်တော့အကျော်မခံဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
ကိုယ်ယုံကြည်ရာအတွက်ဆို ဘယ်တော့မှနောက်မဆုတ်ဘူး
မိန်းကလေးတော့ မိန်းကလေးပဲ
မိန်းမသားဆိုတိုင်း အရာရာအောက်ကျခံဖို့တော့မဟုတ်ဘူး
Credit-Po Po Phoenix
မယ်ရူပါ(NMN)
No comments:
Post a Comment