Tuesday, April 5, 2016

လောကမှာ ညှိရအခက်ဆုံးက မိဘနဲ့ သားသမီးဆက်ဆံရေးပဲ...

လောကမှာ ညှိရအခက်ဆုံးက မိဘနဲ့ သားသမီးဆက်ဆံရေးပဲ...

ငါချစ်တဲ့ ငါ့အမေကိုယ်တိုင်က ငါ့ကိုနားမလည်ပေးနိုင်တာ ဝမ်းနည်းစရာ အကောင်းဆုံးပဲ..

မိဘဖြစ်စေချင်တဲ့အတိုင်း နေမယ်ဆိုရင် ငါ့အိပ်မက်တွေကို စွန့်လွှတ်ရမယ့်သဘော

အိပ်မက်တွေနောက်ဆက်လိုက်နေရင်လဲ သူတို့နဲ့ တဖြည်းဖြည်းကင်းကွာလာပြန်တယ်..

သူတို့ကို စိတ်မညစ်စေချင်လို့ ကိုယ့်အလုပ် ကိုယ့်အခက်အခဲ ကိုယ့်ဟာကိုယ် ဖြေရှင်းပြန်တော့လဲ သူတို့ကို အရာမသွင်းဘူးပြောတယ်..  ဘာလုပ်ရမလဲ..

ဘာပဲဖြစ်ဖြစ် ခံစားရတာ နောက်ဆုံးတော့ ငါ့အပေါ်နားလည်တဲ့သူ များများစားစားမရှိဘူး ဆိုတာပဲ..

ဆရာမ Sigune က မေးဖူးတယ်.. "မင်း အိပ်မက်တွေကို အကောင်အထည်ဖေါ်လို့ ခရီးရောက်လာလေ မင်းအထီးကျန်လာလေ ဖြစ်လိမ့်မယ်.. ဘာလို့လဲဆိုတော့ မင်းရဲ့ အတွေးတွေကို နားလည်တဲ့သူရှားလာလေ ဖြစ်လို့ပဲတဲ့.. အဲဒီတော့ ဒါတွေကို ရင်ဆိုင်ဖို့ မင်းအဆင်သင့်ဖြစ်ပီလားတဲ့.." ကျနော်က "ဟုတ်ကဲ့" လို့ဖြေခဲ့တယ်.. တကယ်တမ်း ရင်ဆိုင်ရတော့.. မလွယ်ဘူး..

လောကကြီးမှာ တခုလိုချင်ရင် တခုတော့ပေးရတာပဲလေ... မိဘဖြစ်စေချင်တာကိုလုပ်ပြီး သားလိမ္မာလုပ်မလား.. ကိုယ့်ရဲ့ အိပ်မက်နောက်ကိုလိုက်ပီး...... လုပ်မလား?? အင်း... ဆက်ပီးတောင့်ခံနိုင်ဖို့ အများကြီးကြိုးစားရအုံးမယ်..

Crd 2 Org

No comments:

Post a Comment