*** ကမ္ဘာကျော်မျက်လှည့်ပညာရှင် Dynamo ***
Magician Dynamo (ခေါ်) Frayne ကို ၁၉၈၂၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ ဘရက်ဖို့ဒ်မြို့တွင် မွေးဖွားခဲ့တယ်။ Dynamo သည် ငယ်စဉ်ကတည်းက လူကောင်သေးပြီး Crohn ရောဂါ ဝေဒနာကို ခံစားနေခဲ့ရပါတယ်။ သူသည်ကလေးဘ၀အရွယ်တွင် မျက်လှည့်ပညာကို စိတ်ဝင်စားသဖြင့် သူ၏အဘိုးဆီမှ မျက်လှည့်ပညာကို ပထမဆုံး သင်ယူခဲ့ပါတယ်။
Dynamo ၏ ပထမဆုံးရုပ်မြင်သံကြားဖျော်ဖြေပွဲကို Channel 4 တွင် ဖျော်ဖြေတင်ဆက်ခွင့်ရရှိခဲ့တယ်။ Dynamoရဲ့ ပထမဆုံးဖျော်ဖြေခွင့်ရရှိခဲ့တဲ့ပွဲ ၏ နာမည်မှာ“ Dynamo's Estate of Mind ” ပဲဖြစ်ပါတယ်။ ၂၀၀၉ခုနှစ် မေလတွင် Dynamo သည် လန်ဒန်မြို့၊ အမ်းမရိတ်ကွင်း လူစုလူဝေးများ၏ရှေ့မှောက်တွင် ဗြိတိန်နိုင်ငံက လူရွှင်တော် Matt Lucas နှင့်အတူတူ မျက်လှည့်ဖျော်ဖြေပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့တွင် Dynamo သည် ခရစ္စမတ်အထူးဖျော်ဖြေပွဲအဖြစ် ကျင်းပခဲ့တယ်။ အဆိုပါ မျက်လှည့်ဖျော်ဖြေပွဲကြီး တွင် အစီအစဉ်တင်ဆက်သူများအဖြစ် Max Rushden နှင့် Helen Chamberlain တို့က ပါဝင်ကူညီခဲ့ပြီး အထူးဧည့်သည်တော်များအဖြစ် David Haye နှင့် Neil Ruddock တို့လည်းတက်ရောက်ခဲ့ကြတယ်။ ၂၀၁၀ မတ်လ (၁၉) ရက်နေ့တွင် Robbie Williams and Davina McCall တို့၏ရှေ့မှောက်၌ ငွေသားကနေ ထီလက်မှတ်အဖြစ်ပြောင်းလဲသည့် မှော်ပြကွက်ကို ပြသခဲ့သည့်အပြင် သူ၏ စတူဒီယို ပရိသတ်များ အတွက် လေပေါ်တွင်ပျံဝဲနေသည့် ပြကွက်ကိုလည်း တိုက်ရိုက်ပြသခဲ့တယ်။
၂၀၁၁ ခုနှစ် ဇွန်လ (၁၈) ရက်နေ့မှာ Dynamo သည် သူရဲ့ စီးရီးတစ်ခုဖြစ်တဲ့ Impossible Magician အတွက် West minister ၏ နန်းတော်ရှေ့မှောက် တွင် ရေပေါ်မှာလမ်းလျှောက်တဲ့ Video ကိုရိုက်ကူးခဲ့တယ်။ Impossible Magician စီးရီး၏ မိတ်ဆက်ပွဲတွင် Rio Ferdinand, Ian Brown ,Noel Fielding ,David Haye, Tinie Tempah ,Mat Horne, Travis Barker, Natalie Imbruglia, and Robert Sheehan တို့လည်း တက်ရောက် ခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် Dynamo သည် အားကစားရုပ်မြင်သံကြား အစီအစဉ်တစ်ခုဖြစ်တဲ့ ESPN တွင် ဖဲချပ်မျက်လှည့်ပြကွက်ကို တင်ဆက်ခဲ့တယ်။ ၂၀၁၁ခုနှစ် အောက်တိုဘာ (၂၃)ရက်နေ့တွင် Dynamoက မှော်ပညာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ “Magic Circle” သို့ဝင်ရောက်ခဲ့ပြီဟု ကြေညာခဲ့သည်။ Magic Circle သို့ဝင်ရောက်ပြီး နောက်တစ်နေ့တွင် သူသည် Noel Fielding ၏အဖွဲ့များအတွက် ဧည့်သည် panellist အဖြစ်ထင်ရှားလာခဲ့တယ်။ Dynamo ၏ ဒုတိယစီးရီးမိတ်ဆက်ပွဲကို Wretch 32, Labrinth,Will Smith,Rio Ferdinand တို့နှင့် အခြားနာမည်ကြီးများလည်း တက်ရောက်ခဲ့တယ်။
၂၀၁၂ခုနှစ် ဇူလိုင် (၅) ရက်နေ့တွင် Dynamo ကို စွမ်းဆောင်ရည် များကောင်းမွန်တာကြောင့် မှော်အဖွဲ့အစည်းဖြစ်တဲ့ “The Magic Circle” တွင် ရာထူးတိုးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာပဲ Dynamo ၏ Impossible Magician က The Best Entertainment အစီအစဉ်တွင် အနိုင်ရရှိခဲ့ပြီး Broadcast Awards ဆုကို လက်ခံရရှိခဲ့တယ်။ Dynamo ၏ စီးရီး -၂ ဖြစ်တဲ့ Magician Impossible (2) သည် The Best Entertainment ၏ ဒုတိယနှစ် အသံလွှင့်ဆုပေးပွဲနှင့် အပျိုစင်မီဒီယာဆုပေးပွဲတွင် အနိုင်ရရှိခဲ့ပါတယ်။
၂၀၁၃ ခုနှစ် သြဂတ်လတွင် Dynamo သည် ''အဘယ်အရာကိုမျှမဖြစ်နိုင်ဘူး' 'ဟုခေါ်သည့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထုတ်ပြန်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာ (၂၃)တွင် သူသည် One Direction အဖွဲ့ဝင်တွေဖြစ်တဲ့ Harry Styles နှင့် Liam Payne တို့နှင့်အတူ ကဒ်များဖြင့် မျက်လှည့်ပြသခဲ့တယ်။ Magician Dyanmo သည် ယနေ့ခေတ် မျက်လှည့်လောကတွင် မဖြစ်နိုင်တဲ့အရာများကို လုပ်ဆောင်နိုင်သူ အဖြစ် နာမည်ကျော်ကြားလျှက်ရှိပါတယ်။
Crd 2 Org
No comments:
Post a Comment