`` အိမ်တွင်းပုန်းတဲ့..မိန်းမပျို ´´
၁။ အိမ်တွင်းပုန်းတဲ့..မိန်းကလေး တစ်ယောက်ဟာ
တိမ်အကွယ်မှာ..ဘွားကနဲ ပေါ်ထွက်လာတဲ့ လမင်းကြီးနဲ့တူတယ်..။
၂။ အိမ်တွင်းပုန်းတဲ့..မိန်းကလေး တစ်ယောက်ဟာ
လရောင်ဆမ်းမှ ပွင့်လန်းလာတဲ့ ကုမုဒြာပန်း တစ်ပွင့်နဲ့ တူတယ်..။
၃။ အိမ်တွင်းပုန်းတဲ့..မိန်းကလေး တစ်ယောက်ဟာ
ညအခါ..မှာ ဘယ်ဆီ ဘယ်ဝယ်က ပျံ့လွင့်လာမှန်း
မသိတဲ့ တောင်ဇလပ်ပန်း ရနံ့နဲ့တူတယ်..။
၎။ အိမ်တွင်းပုန်းတဲ့..မိန်းကလေး တစ်ယောက်ဟာ
မြိုင်တောယံမှာ ပေါက်ရောက်တဲ့ သစ်ခွနက်နဲ့ တူတယ်..။ သစ်ခွချင်းတော့တူတယ်..သူမကိုတော့
တွေ့ရဖို့ ခက်ခဲတယ်..။
၅။ အိမ်တွင်းပုန်းတဲ့..မိန်းကလေး တစ်ယောက်ဟာ
ဘုံခုနှစ်ဆင့်မြင့် တော်ဝင်နန်းဆောင်ထက်က ပင်မြင့်စံ
ဒေဝီတစ်ပါးနဲ့တူတယ်..။ သူမကို..တွေ့ရဖို့ အတွက် အထိန်းတော်တွေဆီမှာ ခွင့်တောင်းရတယ်..။
`` အိမ်တွင်းပုန်းတဲ့..မိန်းကလေး တစ်ယောက်ဟာ
သူသူကိုယ်ကိုယ် မြင်တွေ့နေရတဲ့ အလှပဂေးတွေထက် စိတ်ဝင်စားခြင်း ခံရတယ်..။
`` ဒီကောင်မလေးက ဘယ်သူ့သမီးလဲ..။
`` ဒီကောင်မလေးက တို့ရပ်ကွပ်ကလား..။
`` ချောလိုက်တာ တစ်ခါမှလဲ မမြင်ဖူးဘူး..။
`` မြင်လိုက်ရတဲ့..ပုရိသ ယောက်ျားများတွက်တော့
မင်သက်ငေးမော စရာ ဖြစ်သွားတယ်..။
`` သူတို့..မြင်နေကျ မိန်းကလေးတွေမှ မဟုတ်တာကိုး..။ ။ ။
Crd 2 Org
No comments:
Post a Comment