သမီးရည်းစား စုံတွဲတွေ တော်တော်များများမှာ အကြောင်းပြချက် တိတိကျကျမရှိပဲ ဘာကြောင့် ကွဲကြသလဲ သိလား.....
ယောကျာ်းတွေရဲ့ ဦးနှောက်ထဲမှာ အကန့်လေး တစ်ခုရှိတယ်.......
မိန်းမတွေ အများစုမှာ မရှိနိုင်တဲ့ empty spaceလေးတစ်ခု။
အဲဒီအကျိုးဆက်က ဘာဖြစ်လာသလဲဆိုတော့ သူတို့က မွန်းကျပ်မူတွေကို သိပ်မခံစားနိုင်ကြဘူး.......
သူတို့ စိတ်ထဲမှာ ဝမ်းနည်းနေရင်ပဲ ဖြစ်ဖြစ်.....စိတ်ရှုပ်ထွေးနေရင်ပဲ ဖြစ်ဖြစ်.....တခါတလေ လုပ်နေသမျှ ကိုင်နေသမျှ အလုပ်တွေ ပတ်ဝန်းကျင်တွေကို စိတ်ပျက်လာရင်ပဲ ဖြစ်ဖြစ်....... လုပ်လက်စတွေကို ရပ်၊ ဖုန်းတွေကို ပိတ်ပြီး တနေရာရာသွားထိုင်နေတတ်တာမျိုးတို့....ဒါမှမဟုတ်လည်း သူငယ်ချင်းတွေနဲ့ သွားကြလာကြ သောက်ကြ စားကြတာမျိုးတို့......စတဲ့ သူတို့ရဲ့ ကောင်မလေး မပါတဲ့ သူတို့ စိတ်ပျော်ရွှင်မယ်ထင်တဲ့ လူတွေနဲ့ သို့မဟုတ် ခွေးတစ်ကောင် ကြောင်တစ်ကောင်နဲ့.....သို့မဟုတ် ကားတစ်စီးနဲ့....သို့ မဟုတ် တစ်ယောက်ထဲပဲဖြစ်ဖြစ် နေချင်ကြတယ်။
ဒါပေမယ့် မိန်းမတွေက ဒါကို သိပ်နားမလည်တတ်ဘူး....
ဖုန်းမဆက်ဘူးဆိုရင် ဖုန်းဆက်လို့မှ ဖုန်းမကိုင်ဘူးဆိုရင်....ဟိုကောင်မနဲ့ သွားတွေ့ နေမှာပေါ့.....ဒီကောင်မနဲ့ များ ရှိနေမလား......ဘာမဟုတ်တာ လုပ်နေလဲဆိုတဲ့ သောကတွေနဲ့ အကြိမ် ၁သိန်းနဲ့ ၁၆ခေါက်ကို တဂျီဂျီခေါ်တော့တာ။ မကိုင်ရင် စာတွေပို့....ဒေါသတွေ ထွက်.....ဆဲကြဆိုကြ။
...........................
တွေးမိသလား......အဲဒီအချိန်မှာ သူဟာ ဝမ်းနည်းနာကျင်စရာတစ်ခုခုကြောင့်  ဘယ်သူနဲ့မှ စကားမပြောပဲ တစ်ယောက်ထဲ တိတ်တဆိတ်နေချင်နေလိမ့်မယ်လို့......
တွေးမိသလား........အဲဒီအချိန်မှာ သူဟာ အကြောင်းတစုံတရာကြောင့် မင်းကို ရင်မဖွင့်ချင်ပဲ သူ့ သူငယ်ချင်းတွေနဲ့သာ အချိန်ဖြုန်းနေချင်လိ့မ်မယ်လို့ (ယောကျာ်းတွေက သူ့ ရည်းစားကို ဘယ်လောက်ချစ်ချစ် လျှို့ ဝှက်တဲ့ ခံစားမူ ကိစ္စတော်တော်များများကို သူငယ်ချင်းတွေကိုပဲ ရင်ဖွင့်လေ့ ရှိတာ သိထားဖို့တော့ လိုတယ်)
တခါတလေ ဘာမှ မဟုတ်ပဲ သူတို့ဘာသာ သူတို့ တစ်ယောက်ထဲ နေချင်ကြတဲ့ အခါမျိုးလေးတွေ ရှိတယ်.......အဲဒါမျိုးကို တစ်ဦးထဲသော သားသမီး....သို့မဟုတ်.....တစ်ယောက်ထဲ အနေကြာလာသော သူမျိုးတွေမှာ မကြာခဏတွေ့ ရလေ့ ရှိတယ်။
ကောင်မလေးက တွေ့ ချင်လို့ ဖုန်းတွေ ဆက်......သူက တစ်ယောက်ထဲ နေချင်တော့ ဖုန်းမကိုင်၊ တစ်ယောက်ထဲ နေချင်တယ်လို့ ပြောလည်း ဟိုက ယုံမှာမှ မဟုတ်တာလေ....ပိုတောင် ရစ်ဦးမှာ။
အဲဒါနဲ့ပဲ ပြသာနာတွေ တက်........ပြတ်ကြလေသတည်းတွေ ဖြစ်ကုန်ရော။
အဲဒါမျိုး ခံစားမူက တချို့ ယောကျာ်းသိပ်ဆန်တဲ့ မိန်းမတွေမှာလည်း ရှိတတ်တယ်....
လူတစ်ယောက်က သူ့ စိတ်ထဲ မွန်းကျပ်တယ်လို့ ထင်ရင် ထွက်ပြေးချင်တာ.....၊ ကမ္ဘာ့အပြင်ဖက် ထွက်ပြေးလို့ကလည်း မရလေတော့ ရတဲ့ spaceလေးတစ်ခုမှာ ခဏတာ ခိုအောင်း နားခိုချင်တာပါ။
ဒါလေးကို နားလည်ပြီးခွင့်လွှတ်ပေးနိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် ပြသာနာတွေ နည်းသွားနိုင်မယ်လေ......
ကိုယ့်ချစ်သူက ကိုယ့်ကိုယ် ချစ်တယ်ဆိုတာ ယုံတယ်မှလား......
ယုံရင် သူ့ ရဲ့ comfort zoneလေးကိုနားလည်ပေးလိုက်ပါ။
မယုံဘူး....သူ တစ်ခုခု သို့မဟုတ် တစ်ယောက်ယောက်နဲ့ ကြူနေမယ်လို့ ထင်နေရင်တော့ ခင်ဗျား သူ့ ကို တကယ်မချစ်တတ်သေးဘူး.............
သူ တကယ်ပဲ နောက်တစ်ယောက်နဲ့ ကြူနေရင် နောက်တစ်ယောက်ရှိနေရင်လည်း ခင်ဗျား အချစ်နဲ့ တန်မှ မတန်တော့တာ......။
အဓိကက ခင်ဗျားကို သူ ချစ်တယ်ဆိုတာ ခင်ဗျားနှလုံးသားထဲက လေးလေးနက်နက် ယုံကြည်ထားရင် အရာအားလုံး အေးချမ်းသွားမှာပါ။
Good Luck Everyone.
Crd 2 Org
No comments:
Post a Comment