မဘသဆိုတာ မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှုကူညီရေးအသင်းကြီးပါပဲ
@@@@@@@@@@@@@@@@@@@@@@@@
၁။
၂ဝ၁၆ ခု၊ မတ်လ ၈ ရက်။မနက် ၅ နာရီကတည်းက ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် မီးဘေးသင့်ပြည်သူတွေဆီကို မဘသ (ဗဟို)ကိုယ်စား သွားရောက်လှူဒါန်းဖို့ အတွက် ဆရာတော်ဒေါက်တာအရှင် သောပါက၊ ဆရာတော်ဓမ္မဝီရ အရှင် တေဇနိယတို့နဲ့အတူ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့ကြပါတယ်။
မနက် ၁ဝ နာရီလောက်မှာ လပွတ္တာမြို့ကို ရောက်ရှိတာနဲ့ အားချင်း ဆိုသလိုပဲ အမှတ်-၁၊ အမှတ်-၄၊ အမှတ်-၅ ရပ်ကွက် မီးဘေးသင့်ပြည် သူတွေအတွက် အလှူငွေ သိန်း ၈ဝ ကို တာဝန်ရှိသူတွေထံ ပေးအပ်ပြီး မပြီး ဆုံးနိုင်သေးတဲ့ လူမှုအကျိုးပြုလုပ်ငန်း တွေအတွက် အင်္ဂပူနဲ့ မြန်အောင်မြို့တို့ ကို ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။
ဆရာတော်နှစ်ပါး ဆွမ်းစားချိန်မီ ဖို့အတွက် လမ်းခရီးတစ်နေရာမှာ အ သည်းအသန် စီစဉ်ခဲ့ရသလို တစ်နေရာ နဲ့ တစ်နေရာ၊ တစ်မြို့နဲ့တစ်မြို့ အချိန် မီဖို့အတွက်လည်း တစ်နေ့လုံး လော လော လောလောနဲ့ ခရီးဆက်ခဲ့ရတာ ပါ။ အင်္ဂပူနဲ့ မြန်အောင်မြို့တွေမှာ ဘက ကျောင်းဆောက်လုပ်လှူဒါန်းရေးကိစ္စ တွေအတွက် ဆောင်ရွက်ပြီးစီးတဲ့အချိန် ကျတော့ ည ၁ဝ နာရီခွဲသွားပါပြီ။ ဒီလို နဲ့ပဲ ဆရာတော်ဒေါက်တာအရှင်သော ပါက ဦးဆောင်တဲ့ ကျွန်တော်တို့အဖွဲ့ ဟာ နောက်တစ်နေ့အလုပ်တွေရှိနေ သေးတာကြောင့် အနားမယူတော့ဘဲ ည ၁၁ နာရီလောက်မှာ မြန်အောင်မြို့ ကနေ ပြန်လည်ခရီးနှင်ခဲ့ပြီး မိုးလင်းမှ ရန်ကုန်ကို ပြန်ရောက်ခဲ့ကြပါတယ်။
၂။
ဆရာတော် ဒေါက်တာအရှင် သောပါကဦးဆောင်တဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ မတ်လ ၈ ရက်၊ တစ်နေ့တာခ ရီးစဉ်မှာ အမှတ်မထင်ကြုံခဲ့ရတာက တော့ အင်္ဂပူမြို့ကိုမရောက်ခင် လမ်းခ ရီးတစ်နေရာမှာ ကျွန်တော်တို့ရှေ့က သွားနေတဲ့ ကားလေးတစ်စီး အရှိန်မ ထိန်းနိုင်ဘဲ လမ်းဘေး ခြုံကိုကျော်ပြီး လယ်ကွင်းထဲကို ထိုးဆင်းသွားခဲ့တာပါပဲ။
တစ်နေ့ပြီးတစ်နေ့ အွန်လိုင်းနဲ့သ တင်းမီဒီယာတွေထက် တက်လာတဲ့ ယာဉ်တိုက်မှု၊ ကားမှောက်မှု၊ ပျက်စီးဆုံး ရှုံးသတင်းတွေကို တွေ့နေရချိန်၊ မျက်နှာ ချင်းဆိုင်ကားချင်း ရှောင်မောင်းဖို့ ကျဉ်း မြောင်းတဲ့ လမ်းမပေါ်မှာ ရှေ့ကကားကို ကျော်တက်ဖို့ကြိုးစားရင်း ငါးရံ့တစ် ကောင် ဖျတ်ဖျတ်လူးသလို လူးလိမ့် တွန်းထိုးပြီး ကိုယ့်ရှေ့မှာတင် ပြုတ်ကျ သွားတဲ့ ကားတစ်စီးကို မြင်လိုက်ရတဲ့ တော့ ကျွန်တော့်ရင်ထဲ စိုးထိတ်မှုတွေ၊ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်ခဲ့တာ ဝန်ခံ ချင်ပါတယ်။
တကယ်တမ်းတော့ ကျွန်တော်တို့ ဆိုတာ အခါအခွင့်ကြုံပြီး၊ ဆရာတော် တွေခေါ်မှ သတင်းယူဖို့ကိစ္စလောက်နဲ့ ခရီးထွက်ရတာလောက်ပဲ ရှိတာပါ။ အ အမျိုးသားရေးအလုပ်ကို ရှေ့ကနေ မား မားမတ်မတ်လုပ်ဆောင်နေတဲ့ ဆရာ တော်တွေဆိုရင် အမျိုးသားရေးတရားပွဲ၊ ရေဘေးအလှူ၊ မီးဘေးအလှူ၊ မဘသ ဆိုင်ရာအခမ်းအနားစတဲ့ ကိစ္စတွေအ တွက် အဝေးပြေးလမ်းမများပေါ်မှာ တစ်နှစ်ပတ်လုံး မနားရအောင် လှုပ်ရှား သွားလာနေကြရပါတယ်။ အထူးသဖြင့် ဆရာတော်ဦးဝီရသူတို့၊ မြနန်းဆရာ တော်တို့ဆိုရင် ကိုယ့်ဘာသာ သာသနာ အတွက် အပင်ပန်းခံနိုင်သလောက် သူ တို့အတွက် ကောင်းကောင်းနားရတဲ့ရက် ဆိုတာလည်း ရှိမယ်တောင်မထင်ပါဘူး။
ဒီလိုဆိုတော့ ယဉ်တိုက်မှုတွေ၊ ကားမှောက်မှုတွေ ကြားနေ၊ မြင်နေရ တဲ့အချိန်မှာ မြန်မာတစ်နိုင်ငံလုံးကို ကား တစ်စီးနဲ့ လှည့်ပတ်သွားလာနေတဲ့ ဆ ရာတော်တွေရဲ့ စိတ်ထဲမှာရော ကျွန် တော့်လိုမျိုး စိုးရိမ်စိတ်မရှိဘူးလား။ ဆ ရာတော်တွေဟာ ဘာဖြစ်လို့ ဒီလောက် ထိ အပင်ပန်းခံ၊ အနစ်နာခံပြီး အလုပ် တွေ မနေမနားလုပ်ကိုင်နေကြရတာ လဲ။ ဒီကြားထဲ ဆရာတော်တွေကို ဆဲ ကြ၊ ဆိုကြတဲ့ လူ့အန္ဓတချို့လည်း ရှိ သေးတယ်မဟုတ်ပါလား။
၃။
ဝီရသူဆိုတာနဲ့ ကုလားမုန်းတီး ရေးဝါဒီ၊ မဘသဆိုတာနဲ့ အစွန်းရောက် လူမျိုးကြီးဝါဒလို့ ပိုပိုသာသာနဲ့ ထိုးထိုး နှက်နှက် စွပ်စွဲချင်ကြတဲ့လူတွေက နိုင် ငံတွင်းမှာ အကြောင်းကိစ္စတစ်ခုပေါ်လာ တိုင်း 'မဘသအဖွဲ့ ဘာလုပ်နေလဲ'ဆို တဲ့ မေးခွန်းကို အားရပါးရ မေးခဲ့ကြ ပါတယ်။ ဒါပေမဲ့ တကယ်တမ်း မဘသ အဖွဲ့ ဘာတွေလုပ်နေလဲဆိုတာကိုတော့ သမာသမတ်ကျတဲ့ သဘောထားနဲ့ မ လေ့လာဘဲ တစ်နိုင်ငံလုံးသိတဲ့ မဘသ အဖွဲ့ရဲ့ ပရဟိတနဲ့ လူမှုအကျိုးပြုလုပ် ငန်းတွေကို မမြင်သလို မျက်ကွယ်ပြု နေကြတာပါပဲ။
အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးဆိုတဲ့အလုပ်ကို ခိုးကြောင် ခိုးဝှက်၊ တိတ်တိတ်ပုန်းစီမံကိန်းတွေနဲ့ မလုပ်ဘဲ ပွင့်ပွင့်လင်းလင်း ပေါ်ပေါ်တင် တင် ခေါင်းစဉ်တပ်ပြီး ဖွဲ့စည်းတည် ထောင်ခဲ့တဲ့ မဘသအဖွဲ့ကြီးရဲ့ အဓိက ရည်ရွယ်ချက်ဟာ အမျိုးစောင့်ဥပဒေ လေးရပ် ပေါ်ထွက်လာဖို့ပဲ။ ဒါပေမဲ့ မဘသအဖွဲ့ ဆရာတော်သံဃာတော် တွေဟာ အမျိုးစောင့်ဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားရင်းလည်း အနာ ဂတ်လူငယ်မောင်မယ်များအတွက် ဓမ္မ စကူးလ် ယဉ်ကျေးလိမ္မာသင်တန်းတွေ နဲ့ မြောက်မြားစွာသော လူမှုအကျိုးပြု ပရဟိတလုပ်ငန်းတွေကို တစ်ပါတည်း လုပ်ဆောင်ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုး များအတွက် ပျက်စီးဆုံးရှုံးမှုများစွာ ရင် ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေ နဲ့ တွေ့ကြုံလာရတဲ့အခါတိုင်း မဘသ အဖွဲ့တွေက ကိုယ်တိုင်ကိုယ်ကျ ကူညီ လှူဒါန်းမှုတွေလုပ်ခဲ့ကြတာ တွေ့ရမှာပါ။
မဘသရဲ့လုပ်ဆောင်ချက်အမှန် ကို ဘယ်လိုမျိုးအဖွဲ့အစည်းတွေ၊ မီဒီ ယာတွေ၊ ဆန့်ကျင်ဘက်အင်အားစုတွေ မမြင်ချင်ယောင်ဆောင်ပြီး ဖုံးကွယ်ဖို့ ကြိုးစားပါစေ 'မဘသနဲ့ ပရဟိတ'ဆို တာကတော့ အချိန်တိုင်း၊ နေရာတိုင်း မှာ တစ်သားတည်းကျခဲ့ပါတယ်။
၎။
ဒီလိုဆိုတော့ မဘသအဖွဲ့အနေနဲ့ ဘယ်လိုမျိုး ပရဟိတလုပ်ငန်းတွေ လုပ် ဆောင်ခဲ့ပြီးပြီလဲဆိုတာ လက်လှမ်းမီသ မျှ ထုတ်နုတ်တင်ပြချင်ပါတယ်။
၂ဝ၁၄ ခု၊ အောက်တိုဘာလ ၂၆ ရက်နေ့က အင်းစိန်ရွာမပရိယတ္တိစာ သင်တိုက်မှာ 'အနင်းခံဘဝမှ အရင်းပြန် ရလာသူများ၏ ရင်ဖွင့်သံများ'ဆိုတဲ့ အခမ်းအနားတစ်ခု ကျင်းပခဲ့ပြီး ဘာ သာခြား၊ လူမျိုးခြားတွေရဲ့ အနှိပ်စက်ခံ၊ အညှင်းပန်းခံဘဝနဲ့ ကိုယ့်နိုင်ငံမှာနေပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုများစွာ ရင်ဆိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံအရပ်ရပ် အမျိုးသမီး ၁ဝ ဦးက သူတို့ရဲ့ ဖြစ်ရပ် မှန်ဇာတ်လမ်းတွေကို ဖွင့်ဟခဲ့ကြပါ တယ်။ အဲဒီအခမ်းအနားမှာပဲ ဘဝနဲ့ရင်း ပြီး ပေးဆပ်၊ နစ်နာခဲ့ရတဲ့ မြန်မာအမျိုး သမီး ၁ဝ ဦးကို မဘသ(ဗဟို)က လှူ ဒါန်းတဲ့ ငွေကျပ် သိန်း ၂ဝ အပါအဝင် စုစုပေါင်း ၄၄ သိန်း ကူညီထောက်ပံ့ နိုင်ခဲ့ပါတယ်။ ကိုယ့်တိုင်းရင်းသား မြန် မာအမျိုးသမီးလေးတွေ ကယ်သူမဲ့ကူ သူမဲ့ဘဝရောက်နေချိန်မှာ မဘသဆို တာပေါ်လာမှ သူတို့ရဲ့အဖြစ်မှန်တွေကို ဖော်ထုတ်ခွင့်ရခဲ့ပြီး ငွေကြေးထောက်ပံ့ မှုလုပ်ခဲ့တာဟာလည်း စစ်မှန်တဲ့ လူမှု အကျိုးပြု ပရဟိတလုပ်ငန်းတစ်ခုပါပဲ။
၂ဝ၁၅ ခု၊ ဇူလိုင်လကုန်ပိုင်းက ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ သဘာဝရေး ဘေးအန္တရာယ်ကျရောက်ခဲ့ရပြီး ပြည်သူ လူထုနဲ့ အသက်အိုးအိမ်များစွာအတွက် ထောက်ပံ့ကူညီမှုတွေ လိုအပ်လာတဲ့အ အချိန်မှာ တစ်နိုင်ငံလုံးက မဘသအဖွဲ့ ဝင်တွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေနဲ့အ တူ မဘသ(ဗဟို)အနေနဲ့ ထိရောက်တဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်နိုင်ခဲ့ပါ တယ်။ ဒါ့အပြင် အထက်မြန်မာပြည် မန္တလေးမဘသ၊ ရှမ်းမြောက်မဘသ၊ ရှမ်းတောင်မဘသ၊ ရမည်းသင်းမဘ သ၊ မွန်မဘသ၊ ပေါက်ခေါင်းမဘသ၊ နေပြည်တော်မဘသ၊ သင်္ဃန်းကျွန်း မဘသအစရှိတဲ့အမျိုး ဘာသာ သာ သနာစောင့်ရှောက်ရေးအဖွဲ့တွေရဲ့ ရေ ဘေးကူညီရေးခရီးစဉ်တွေဟာလည်း တစ်နိုင်ငံလုံး မဘသနဲ့ လွတ်တဲ့နေရာ မရှိလောက်အောင် ပြည်သူလူထုအ ကျိုးကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။
၅။
နိုင်ငံအရပ်ရပ်က ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေးအ တွက် ထိရောက်တဲ့ လူမှုအကျိုးပြုလုပ် ငန်းတွေနဲ့အတူ အမျိုးသားရေးအင်အား စုတွေ နိုင်ရာတာဝန်ကို ထမ်းရွက်ပြီးလို့ သိပ်မကြာခင် ၂ဝ၁၆ ထဲမှာပဲ မီးဘေး ဆိုတဲ့ သဘာဝဘေးအန္တရာယ်ကြီးက တိုင်းရင်းသားတွေကို ခြိမ်းခြောက်လာ ခဲ့ပြန်ပါတယ်။
၂ဝ၁၆ ခု၊ ဖေဖော်ဝါရီလ ၄ ရက် နေ့၊ နမ့်ဆန်နဲ့ လပွတ္တာမြို့တွေမှာ မီးလောင်ကျွမ်းမှုတွေဖြစ်ပြီဆိုတာနဲ့ မဘသ(ဗဟို) ဥက္ကဋ္ဌဆရာတော်ဘုရား ကြီးက နမ့်ဆန်မီးဘေးသင့်ပြည်သူတွေ အတွက် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ငွေကျပ်သိန်း ၃ဝ စတင်လှူဒါန်းခဲ့ပါ တယ်။ နမ့်ဆန်နဲ့ လပွတ္တာမီးဘေးသင့် အိမ်ထောင်စုတွေကို ထောက်ပံ့ကူညီဖို့ အတွက် မဇ္ဈိမဂုဏ်ရည်ဆရာတော်က ဆရာတော်ကြီးထံ ငွေကျပ် သိန်း ၁ဝဝ အပ်နှံလှူဒါန်းခဲ့ပြီး ဗဟိုရုံးအနေနဲ့လည်း အလှူငွေများ ကောက်ခံခဲ့ပါတယ်။
မဘသ(ဗဟို)ရုံးဦးစီးမှူးရဲ့ ပြောပြ ချက်အရ နမ့်ဆန်မီးဘေးအတွက် ဖေ ဖော်ဝါရီလ ၅ ရက်နေ့က သိန်း၃ဝ၊ ဖေ ဖော်ဝါရီ ၂၉ ရက်နေ့က သိန်း ၈ဝ အ ပါအဝင် ဖေဖော်ဝါရီလအတွင်း စုစု ပေါင်း သိန်း ၁၄ဝ ကျော်ထိ ထောက် ပံ့လှူဒါန်းနိုင်ခဲ့ပြီး မတ်လ ၇ ရက်နေ့ အထိ စာရင်းအရ ဗဟိုရုံးမှာ စုစုပေါင်း အလှူငွေ ၁၇၇ သိန်းကျော် ကောက်ခံ ရရှိထားကြောင်း သိရပါတယ်။
ဒါဟာ မီးဘေးသင့်ဒေသများ ကူ ညီထောက်ပံ့ရေးနဲ့ပတ်သက်ပြီး မဘသ (ဗဟို) ရုံးကို ရောက်ရှိတဲ့ အလှူငွေစာ ရင်းသာဖြစ်ပြီး တခြားမဘသအဖွဲ့တွေ အနေနဲ့လည်း ကိုယ်စီကိုယ်ငှ သွား ရောက်ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြ တဲ့ သတင်းမှတ်တမ်းတွေ ရှိနေပါ တယ်။
၆။
တကယ်တမ်းတော့ ရေဘေးနဲ့ မီးဘေးကိစ္စတွေမှာပဲ မဘသအဖွဲ့က ကူညီခဲ့တာမဟုတ်ပါဘူး။၂ဝ၁၅ ခု၊ အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက ကယားပြည်နယ်၊ မော်ချီးဒေသမှာ မြေ ပြိုကျခဲ့တုန်းကလည်း မဘသ(ဗဟို)နဲ့ အတူ မွန်မဘသနဲ့ ရှမ်းတောင်မဘသ ဆရာတော်တွေ စုပေါင်းသွားရောက်ပြီး သဘာဝဘေးဒဏ်သင့် ပြည်သူတွေကို ထိရောက်တဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်ခဲ့ကြပါသေးတယ်။ ဒါတွေဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ရဲ့ အကျိုးစီးပွားနဲ့ပတ်သက်ပြီး မဘသ အဖွဲ့ကြီးရဲ့ ထောက်ပံ့မှု သမိုင်းမှတ်တမ်း ကောင်းတွေပဲ မဟုတ်ပါလား။
ကျွန်တော် အထက်မှာ ဆိုခဲ့ပြီးသ လိုပါပဲ။ 'မဘသအဖွဲ့ ဘာလုပ်နေလဲ' လို့ ဒီတစ်ခါထပ်ပြီး မေးလာမယ်ဆိုရင် 'မဘသဟာ ကိုယ့်တိုင်းရင်းသားလူမျိုး အားလုံးအတွက် ကိုယ်ကျိုးမဖက် ပရ ဟိတသက်သက်လုပ်ငန်းတွေ လုပ် ဆောင်နေပါတယ်'၊ 'မဘသဆိုတာ ဟာလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ လူမှု ကူညီရေးအသင်းကြီးပါပဲ' လို့သာ ဖြေ ကြား၊ ရှင်းလင်းလိုက်ရပါကြောင်း။
Crd 2 Org
No comments:
Post a Comment