Tuesday, April 26, 2016

လူ့ အခွင့်အရေး နဲ့  အမျိုးသားရေး

လူ့ အခွင့်အရေး နဲ့  အမျိုးသားရေး
---------------------------------------

လူ့ အခွင့်အရေးဆိုတာ လူသားတိုင်း တန်းတူ
အခွင့်အရေးရအောင် စီမံပေးထားတဲ့ဥပဒေ ပါ

အမျိုးသားရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ မိမိကိုးကွယ်တဲ့ ဘာသာနဲ့  လိုက်လျှောညီထွေ
ဖြစ်အောင် ရေးဆွဲထားတဲ့ ဥပဒေ ပါ

နိုင်ငံတိုင်းဟာ ကိုးကွယ်တဲ့ဘာသာ မတူပါဘူး
ဒါ့ကြောင့် အဲဒီနှစ်ခုကို ရောထွေးလို့ မရပါဘူး

ဥပမာ

ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာ ဝါတွင်းကာလရောက်တဲ့အခါ နံက် ၃ နာရီလောက်ကို ထပြီး လူတွေ
ဆွမ်းချက်နိုင်အောင် ဘွန္တော အော်ပါတယ်
ဒါမှ လူတွေနိုးပြီး ဆွမ်းချက်မယ် ရဟန်းသံဃာ
တော်များကို အချိန်မီဆွမ်းလောင်းမယ် ဒီကုသိုလ်ကြောင့် လူတွေ နတ်ရွာ နိဗ္ဗါန်ရောက်ဖို့ 
ပါရမီဖြည့်ဆည်းနိုင်မယ် ရဟန်းသံဃာတော်များလည်း ဆွမ်းကွမ်းပြပည့်စုံပြီး သာသနာတော်ကို စောင့်ရှောက်နိုင်မယ်
ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ အမျိုးသားရေးပါ
ဘာသာရေးနဲ့ ပါတ်သတ်တဲ့ ပုံဖေါ်မှု့ ပါ

ဒါကို တခြားဘာသာတွေက နံက်စောစော နားညည်းတယ် လူ့ အခွင့်အရေးနဲ့  မကိုက်ညီဘူး
ဆိုပြီး စောဒက တက်လို့  မရပါဘူး
တခြားဘာသာဝင်နိုင်ငံတွေမှာ ရဟန်းသံဃာတော်များအတွက် နံက်စောစော
ဘွန္တော သွားလုပ်ရင် အဲဒီအစိုးရက ပိတ်ကောင်းပိတ်လိမ့်မယ် ဒီအခွင့်အရေးမျိုးကိုလည်း တခြားနိုင်ငံကဗုဒ္ဓဘာသာဝင်တွေ ရမှာမဟုတ်ပါဘူး

ဘုရားသခင်ဖန်ဆင်းတယ်ဆိုတဲ့နိုင်ငံကြီးတွေမှာလည်း ခရစ်စမတ် ရက်တွေဆိုရင်
တညလုံးအော်ချင်အော်မယ် ဒါ သူ့ နိုင်ငံ သူ့ ဘာသာအခွင့်အရေးပါ

အစ္စလာမ်မစ် နိုင်ငံတွေကလည်း သူ့ ဘာသာရေးနဲ့ သူ စည်းကမ်းသတ်မှတ်ချက်တွေရှိမယ် ဒါလည်း
သူ့ နိုင်ငံ သူ့ အခွင့်အရေးပါ

ပြောချင်တာက

ကို ယ့်နိုင်ငံမှာ သူများဘာသာဝင် လာနေရင်
ကိုယ့်နိုင်ငံရဲ့ ထုံးတမ်းစဉ်လာ အရ စည်းကမ်းနဲ့ 
နေထိုင်နိုင်ရမယ် သူတို့ ဘာသာ အခွင့်အရေးဆိုပြီး အကုသိုလ်တက်မဲ့ကိစ္စတွေကို
လွှတ်ပေးထားလို့ မရပါဘူး ထိမ်းချုပ်သင့်တာ
ထိမ်းချုပ်ရပါမယ်

တချို့ နိုင်ငံတွေမှာ သူတို့ ဘာသာဝင်တွေဟာ
တခြားဘာသာဝင်တွေနဲ့ ယူရင် သေဒဏ်ပေး တယ်တဲ့ ဒါဟာ သူ့ နိုင်ငံရဲ့ ဘာသာပြန်ပွားဖို့ 
သူတို့ ရဲ့ စည်းကမ်းပဲ အဲဒီနိုင်ငံမှာနေရင်
အဲဒီစည်းကမ်းနဲ့ နေ ဒါပဲ စညိးကမ်းမလိုက်နာနိုင်ရင် မနေနဲ့  ရှင်းတယ် တခြားနိုင်ငံတွေက
လူ့ အခွင်အရေးဆိုပြီး အော်နေလို့ မရဘူး

ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာလည်း
ဘာသာအဆုံးအမနဲ့ ထိမ်းကွပ်ထားတဲ့ ဥပဒေ
မျိုးတွေ ရှိသင့်တယ် လိုက်နာဖို့ လည်းသင့်တယ်

ဒီလိုမှမဟုတ်ပဲ

အမျိုးသားရေးကို လူ့ အခွင့်အရေးနဲ့  ရောယှက်မယ်ဆိုရင်တော့
အင်အားကြီးတဲ့ ဘာသာတွေရဲ့ အောက်မှာ
အင်အားငယ်တဲ့ဘာသာတွေ ပျောက်ကွယ်
သွားဖို့ များတယ်

အခု ကမ္ဘာကြီးဟာ လူ့ အခွင့်အရေး ဒီမိုကရေစီအရေးဆိုပြီးတော့သာ အော်နေတာ
တကယ်တမ်းကျတော့ အင်အားကြီးတဲ့
ဘာသာတွေကသာ ကြီးစိုးပြီး အင်အားငယ်တဲ့
ဘာသာတွေက အမြဲတမ်း နှိပ်ကွပ်ခံနေရတယ်

လူ့ အခွင့်အရေးလို့ သာ အော်နေတာ
အင်အားကြီးတဲ့
ဘာတွေရဲ့ အခွင့်အရေးပဲဖြစ်တယ်

ဒါကို ဗုဒ္ဓဘာသာဝင်တွေ
သဘောပေါက်ကြရမယ်

သင်ဟာ ဗုဒ္ဓဘာသာဝင်ဆို Share ဖြစ်အောင် Share သွားပါ
Crd 2 Org

Human rights at national
---------------------------------------

Human beings are equal opportunity
Let's Rights Management Act provided

Statins nationalist country's largest religious complex and a suitable
Legislation designed to make laws

Statins each country has different religion
So you want to mix those two disastrous

For example,

Statins Buddhist countries are coming to the time of Lent ကျ people gets 3 hours
Statins visible  operator
So that people in theုး devised Monks
Whereby justified timely people die  get
Parami statins fulfill monks devised betel just statins protect in sasana
It's Buddhist nationalism
Religious and a number of angles, rendering social

This is another early နံကျ harmony turned human rights
We can not simply argue
In many other countries of statins religious monks early
talk that the government would be better off closing these rights statins nor other Buddhist country strategy

Statins if God created the large country's Christmas travel
Cried all night Scream & statins who want human rights

Statins Islamic countries who are religious would be so renowned for d
Statins her human rights

I'd say

Statins's country if religion
Statins own discipline in accordance with the country's traditional ...
Must statins live their religious rights must dig up a misdeed
Should control the release disastrous
Control must

Only some countries of statins are religious
If you zero in on other religions ... It was the execution of statins increase the country's process
Their discipline if these countries statins
This does not follow rules ... That's statins statins other countries
Shouted across people claim့  no

Many Buddhist countries of statins
Outlined little comfort control law
He calls you should also try to follow

Not from this

National human rights if so intertwined
Under powers
The smaller force disappeared
To other sites

Now I only found out the world is human rights, democracy operator
Really powerful
Dominate a small force
Are constantly being suppressed

Human rights do I want
powers
What rights

this cleaning
They must realize

share
Crd 2 Org

Mark Zuckerberg ရဲ့ စိတ်ဝင်စားစရာ အချက်အလက်များ

*** သင်တို့ မသိလောက်သေးတဲ့ Facebook တည်ထောင်သူ Mark Zuckerberg ရဲ့ စိတ်ဝင်စားစရာ အချက်အလက်များ ***

၁. Mark Zuckerberg ရဲ့နာမည် အပြည့်အစုံက Mark Elliot Zuckerberg ဖြစ်ပြီး မိဘနှစ်ပါးမှာ သွားဆရာဝန် နှင့် စိတ်ရောဂါအထူးကုဆရာဝန် တို့ဖြစ်ကြပါတယ်။

၂. အသက် (၁၂) နှစ်တွင် ကွန်ပြူတာပရိုဂရမ်များ စတင်ရေးသားခဲ့ပြီး Zucknet အမည်ရှိ မက်ဆေ့ခ်ျပို့တဲ့ အက်ပလီကေးရှင်းတစ်ခုကို ရေးသားပြီး သူ့အဖေရဲ့ သွားဆေးခန်းမှာစတင်အသုံးပြုခဲ့ပါတယ်။နောက်ပိုင်း သူ့ရဲ့အိမ်မှာ မိသားစုတွေတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့အတွက် အသုံးပြုခဲ့ပါတယ်။

၃. သူငယ်ချင်းတွေအတွက် အပျော်တမ်းဆော့ဖို့ ဂိမ်းပရိုဂရမ်တွေကိုလည်းဖန်တီးခဲ့ပါတယ်။

၎. ပရိုဂရမ်ရေးတဲ့နေရာမှာ ပါရမီပါတဲ့အတွက် သူ့အဖေက Zuckerberg အတွက် ကွန်ပျူတာဆရာတစ်ယောက်ကို တစ်ပတ်တစ်ကြိမ် အိမ်ခေါ်ပြီးသင်ယူစေခဲ့ပါတယ်။

၅.အထက်တန်းကျောင်းမှာတည်းက သူ့ကို AOL နှင့် Microsoft ကနေ ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

၆. သူ့မှာ Beast လို့အမည်ရှိတဲ့ ခွေးလေးတစ်ကောင်ရှိပြီး သူ့မှာ ဖေ့စ်ဘုတ် ပရိသတ်၁.၅ သန်းရှိပါတယ်။

၇. အနီရောင်နဲ့ အစိမ်းရောင် color blind ဖြစ်တဲ့အတွက် Facebook မှာ အပြာရောင် အဓိကအသုံးပြုထားတာဖြစ်ပါတယ်။

၈. သူ့ကိုယ်သူ ဘယ်ဘာသာမှမကိုးကွယ်ပဲ ဘာသာမဲ့တစ်ယောက်အဖြစ် ခံယူထားပါတယ်။

၉. Facebook မှာ Mark Zuckerberg ကို ဘလော့ခ်လို့မရပါဘူး။

၁၀. သူ့ဇနီးရဲ့မိသားစုနဲ့တွေ့ဖို့အတွက်  တရုတ်စကားသင်ခဲ့ပါတယ်။

၁၁. သူ့ရဲ့ လက်ထပ်လက်စွပ်ဟာ အခုအချိန်မှာတန်ကြေး ဒေါ်လာ ၁၉ ဘီလီယံ ရှိနေပါပြီ။

၁၂. မေ ၁၉၊ ၂၀၁၂ တွင် အိမ်နောက်ခြံဝင်းမှာဘဲ လက်ထပ်ပွဲလုပ်ခဲ့ပါတယ်။

၁၃. Facebook ရဲ့ ရှယ်ယာ (၁၈) သန်းကို Silicon Valley Community Foundation သို့ လှူဒါန်းခဲ့ပြီး အမေရိကန်နိုင်ငံရှိ အသက်(၃၀)နှစ်အောက် အလှူအတန်းအရက်ရောဆုံး ထိပ်တန်းစာရင်းဝင်ဖြစ်ခဲ့ပါတယ်။

၁၄. သူဟာနေ့တိုင်း မီးခိုးရောင် တီရှပ်ကိုပဲ ၀တ်ဆင်ပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ စီးပွားရေးကျဆင်းမှုကို ကြုံတွေ့နေရတဲ့အချိန်မှာ ဖေ့ဘုတ်ကို သူဘယ်လောက် အလေးထားပြီး လုပ်ဆောင်နေလဲဆိုတာ ပြသချင်လို့ နေ့တိုင်း အနောက်တိုင်းဝတ်စုံ ပြည့်ဝတ်ခဲ့ပါတယ်။

၁၅. ၂၀၁၁ ခုနှစ်ကနေစပြီး သက်သတ်လွတ်စားခဲ့ပါတယ်။

၁၆. သူရဲ့ ပထမဆုံးကားမှာ Subaru Forester SUV အမျိုးအစားဖြစ်ပါတယ်။

၁၇. အကြိုက်ဆုံးအဆိုတော်က Lady Gaga နှင့် Draft Punk တို့ဖြစ်ပါတယ်။

၁၈. သူဟာ TV မကြည့်ပါဘူး။

၁၉. Facebook အကြောင်းရိုက်ကူးထားတဲ့ The Social Network ဇာတ်ကား ရဲ့ သရုပ်ဆောင် Andy Samberg ရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပါတယ်။

၂၀. သူ့ရဲ့သူငယ်ချင်းတွေက Zuck လို့ ခေါ်ပြီး သူ့အမေက ချစ်စနှိုးနဲ့ Princely လို့ခေါ်ပါတယ်။
Crd 2 Org

ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ Steve Jobs အကြောင်း

*** ကမ္ဘာကိုကိုင်လှုပ်ခဲ့တဲ့ Steve Jobs အကြောင်း ***

Steve Jobs ဟာ “၂၄ ဖေဖေါ်ဝါရီ ၁၉၅၅”မှာ တကိုယ်တည်းနေ မိခင်မှမွေးဖွားခဲ့ပြီးနောက် (၇)ရက်သားအရွှယ်တွင် စုံတွဲတစ်တွဲရဲ့ မွေးစားခြင်းကိုခံခဲ့ရပါသည်။ သူရဲ့ ငယ်ဘဝကို စီလီကွမ်တောင်ကြားဟု ထင်ရှားလာမည့် “Cupertino” မှာ ဖြတ်သန်းခဲ့ပါတယ်။ ထို့နောက် HP ကုမ္ပဏီတွင် နွေရာသီအလုပ်တစ်ခုဝင်လုပ်ခဲ့ပြီး အင်ဂျင်နီယာ စတိဗ်ဝေါ့ဇနစ် နှင့် မိတ်ဆွေဖြစ်ခဲ့ပါတယ်။

Jobs သည် အော်ရီဂွန် ရှိ ပို့လန်းမြို့မှာရှိတဲ့ Reed ကောလိပ်တွင် သင်တန်းကာလတစ်ပိုင်းသာ တတ်ဖြစ်ခဲ့ပါတယ်။ ထို့နောက်ကောလိပ်မှ ထွက်ပြီး အခြားသင်တန်းများကို ဆက်လက်တက်ရောက်ခဲ့ပါတယ်။ Jobs သည် ကျောပိုးအိတ် တစ်လုံးလွယ်ကာ အိန္ဒိယသို့ ခရီးသွားခဲ့ဖူးသည်။

Jobs ၏မိသားစုအိမ်ဂိုဒေါင်တွင် Apple Computer ကို “၁၉၇၆ခုနှစ်” မှာ စတင်တီထွင်ချိန်က Jobs က အသက်(၂၁)နှစ်၊ ဝေါ့ဇနစ်က အသက် (၂၆)ဖြစ်သည်။ Jobs ၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ‘၁၉၈၀ ပြည့်နှစ်’များတွင် Macintosh ကွန်ပျူတာများ ကျော်ကြားခဲ့သည်။

Jobs ဟာ ‘၁၉၉၁ ခုနှစ်’တွင် ကျေးလက်အဆိုတော် ဂျုံးဗစ်နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တပါး၏ ရှေ့မှောက်တွင် လက်ထပ်ခဲ့ပါတယ်။ Jobs သည် ဂျုံးဗစ်နှင့်အတူ Palo Alto တွင် အခြေချခဲ့ပြီး သားသမီး ၃ ဦးရရှိခဲ့ပါသည်။

Jobs သည် ‘၁၉၈၅ခုနှစ်’တွင် Appleမှ နုတ်ထွက်ခဲ့ပြီး Next ကွန်ပျူတာ ကုမ္ပဏီတွင် စတင်လုပ်ကိုင်ခဲ့သည်။ Appleသည် ‘၁၉၉၆ခုနှစ်’တွင် Next ကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက် Apple နှင့် Jobs ပြန်လည် လက်တွဲဖြစ်ခဲ့သည်။

Steve Jobs ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါသည်။ ဒါတင်မကသေးပဲ Jobs ဟာ Disney ရဲ့ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်သူဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။

Jobs သည် ‘၂၀၀၄ခုနှစ်’တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ်ကူသမှုကိုခံခဲ့ပါတယ်။ ‘၂၀၀၉ခုနှစ်’ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည်။’၂၀၁၁ခုနှစ် သြဂုတ် ၂၄ရက’် တွင် Jobs ဟာကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ရပါတယ်။

‘၂၀၁၁ခုနှစ် အောက်တိုဘာလ ၆ရက်နေ့’တွင် ၄င်းတည်ထောင်ခဲ့သည့် နည်းပညာကုမ္ပဏီ Apple က ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း Steve Jobs ဟာ ပန်ကရိယကင်ဆာဝေဒနာကို နာတာရှည်ခံစားပြီး အသက် (၅၆) နှစ်မှာ ကွယ်လွန်သွားပြီးလို့ ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ Steve Jobs ဟာ ပန်ကရိယကင်ဆာ ဝေဒနာကို နာတာရှည်ခံစားပြီး အသက် (၅၆) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ထက်မြက်မှု အလုပ်ကို မြတ်နိုးခုံမင်စွာ လုပ်ကိုင်တတ်မှုနဲ့ ကြိုးစားတဲ့စွမ်းရည်တို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။

Crd 2 Org

ကမ္ဘာကျော်မျက်လှည့်ပညာရှင် “David CopperField

*** ကမ္ဘာကျော်မျက်လှည့်ပညာရှင် “David CopperField” ***

21st Century ကြီးရဲ့ မျက်လှည့်ပညာရှင်တစ်ဦးဖြစ်သူ David Copperfield ရဲ့ ငယ်နာမည်ကတော့ David Seth Kotkin ဖြစ်ပြီး သူ့ကို ၁၉၅၆ စက်တင်ဘာ (၁၆) မှာ Metuchen, New Jersey တွင်မွေးဖွားခဲ့တာဖြစ်ပါတယ်။ Jewish အနွယ်ဝင် မိဘများဖြစ်ကြတဲ့ ဖခင် Hyman Kotkin ဟာ “Korby's” လို့အမည်ရတဲ့ Metuchen မှာဖွင့်ထားတဲ့ အမျိုးသားသီးသန့် အဝတ်အထည် အပိုပစ္စည်းဆိုင်လေးတစ်ခုကို ပိုင်ဆိုင်ပြီး  မိခင်ဖြစ်တဲ့ Rebecca ကတော့ အာမခံဌာနတစ်ခုက Insurance Adjuster တစ်ယောက်ဖြစ်ပါတယ်။ David ဟာ (၁၀) နှစ်သားအရွယ်ရောက်တဲ့အခါမှာ "Davino the Boy Magician" လို့ သူ့ကိုယ်သူအမည်တပ်ပြီး အိမ်နီးနားတဝိုက်မှာ မျက်လှည့်ပညာကို စတင်သင်ယူရင်းနဲ့ လေ့ကျင့်ခဲ့ပါတယ်။

(၁၄) နှစ်အရွယ်မှာတော့ the Society of American Magicians အဖွဲ့မှာ အငယ်ဆုံးမျက်လှည့်ပညာရှင်ဖြစ်လာခဲ့ပြီးတော့ ဆယ်ကျော်သက်ကောင်လေးဖြစ်တဲ့ အလျောက် အများနည်းတူ Broadway theatrical performances (Theater စင်တင်ဖျော်ဖြေရေး) တွေကို စိတ်ဝင်စားလာခဲ့ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ show ပွဲတွေမှာ ပါဝင်လာဖို့ အခွင့်အလမ်းတွေရခဲ့ပါတယ်။ နာမည်ကြီး ဂီတပညာရှင်တွေဖြစ်တဲ့ Stephen Sondheim တို့၊ Bob Fosse တို့ရဲ့ အော်ပရာတီးဝိုင်းကြီးတွေရဲ့ နောက်ခံအထောက်အပံ့နဲ့ သူ့ရဲ့မျက်လှည့်ပညာအစွမ်းအစကို စင်တင်ပြသခွင့် ရရှိခဲ့ပါတယ်။ အသက် (၁၆)နှစ် အရွယ်မှာတော့ သူဟာ New York University မှာ မျက်လှည့်ပညာသင်တန်းတစ်ခုကိုတောင် သင်ကြားပို့ချနေပါပြီ။

သူ အသက် (၁၈)နှစ်အရွယ်မှာ Fordham University မှာ တက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ တက္ကသိုလ်စတက်ပြီး သုံးပတ်အတွင်းမှာပဲ စာရေးဆရာမ Barbara D'Amato ရေးသားတဲ့ Chicago-based musical ရုပ်ရှင်တစ်ခုဖြစ်တဲ့ “The Magic Man” ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ဖို့ ရွေးချယ်ခံလိုက်ရပါတယ်။ အသက် (၁၉)နှစ်ရောက်တော့ Honolulu, Hawaii ကျွန်းက Pagoda Hotel မှာ သူ့ကို နာမည်ကြီး headliner တစ်ယောက်အဖြစ်နဲ့ မြင်တွေ့နေကြရပါပြီ။

Broadway shows တွေ၊ Television specials တွေရဲ့ အဓိက producer တစ်ဦးဖြစ်သူ Joseph Cates နဲ့ သိကျွမ်းခင်မင်သွားတဲ့အချိန်မှာ David အတွက် တီဗွီထဲမှာ ပါဝင်ဖျော်ဖြေရတဲ့ အလုပ်ကိုစပြီးရခဲ့ပါတယ်။ Joseph Cates ကပဲ David အတွက် "The Magic of ABC" မျက်လှည့်အစီအစဉ်လို့ ခေါင်းစဉ်တပ်ပြီး ၁၉၇၇ ခုနှစ်မှာ American Broadcasting Company ကနေ TV Program တစ်ခုအဖြစ် တင်ဆက်လိုက်ပါတယ်။ ၁၉၇၈-၉၈ ခုနှစ်များအတွင်း "The Magic of David Copperfield" အထူးအစီအစဉ်တွေကို CBS ကနေတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပါတယ်။ ၁၉၇၇ ကနေ ၂၀၀၁ ခုနှစ်အထိ David  ရဲ့ တီဗွီအစီအစဉ်ပေါင်း (၂၀)တိတိ ရှိခဲ့ပါတယ်။

David ဟာ ၁၉၈၀ ခုနှစ်က horror film တစ်ခုဖြစ်တဲ့ “Terror Train” ရုပ်ရှင်ရဲ့ "Ken the Magician" ဆိုတဲ့ ဇာတ်ကောင်နေရာကနေပြီး ပါဝင်ခဲ့ရပါတယ်။ သူ့ရဲ့ လူသိများတဲ့ မီဒီယာလှုပ်ရှားမှုတွေကိုတော့ တီဗွီအထူးအစဉ်တွေ၊ ဧည့်သည်သရုပ်ဆောင်နေရာတွေမှာ တွင်တွင်ကျယ်ကျယ် တွေ့မြင်နိုင်ပါတယ်။ သူ့ရဲ့ အထူးမျက်လှည့်ပြကွက်ဆန်းတွေထဲမှာ the Statue of Liberty ရုပ်တုကြီးကို ပျောက်သွားအောင်လုပ်ပြတာ၊ လေထဲမှာ ပျံသန်းပြတာ၊ အင်မတန်နက်တဲ့ the Grand Canyon ချောက်ကြီးပေါ်ကနေ ဈာန်ကြွပြတာ၊ the Grate Wall of China နံရံထဲမှာ ဖြတ်ပြီးလမ်းလျှောက်ပြတာ စတဲ့ပြကွက်တွေက အရမ်းနာမည်ကြီးခဲ့ပါတယ်။

၁၉၉၆ ခုနှစ်မှာ David ဟာ Dean Koontz, Joyce Carol Oates, Ray Bradbury ဆိုတဲ့ နာမည်ကျော် စာရေးဆရာကြီး (၃)ဦးအပါအဝင် တခြားစာရေးဆရာတွေနဲ့အတူပေါင်းပြီး  “David Copperfield’s Tales of the Impossible” ဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ “David Copperfield's Beyond Imagination” စာအုပ်ကိုတော့ ၁၉၉၇ ခုနှစ်မှာ နောက်ဆက်တွဲအနေနဲ့ ထပ်မံထုတ်ဝေခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်အတွင်းက Francis Ford Coppola, David Ives, Eiko Ishioka တို့နဲ့ ပူးပေါင်းဖန်တီးထားတဲ့ သူ့ရဲ့ Broadway show တစ်ခုဖြစ်တဲ့ “Dreams & Nightmares” ဆိုတဲ့ show ဟာ Box Office မှာ စံချိန်ချိုးသွားခဲ့ပါတယ်။

သူ့ရဲ့ role models တွေဟာ magicians တွေမဟုတ်ဘူးလို့ သူက ပြောခဲ့ဖူးသလို “ကျွန်တော် အထင်ကြီးလေးစားပြီး အတုခိုးရမယ့်သူတွေကတော့ Gene Kelly ရယ်၊ Fred Astaire ရယ်၊  Orson Welles နဲ့ Walt Disney တို့ပါပဲ" ဟု ပြောပါတယ်။  David ဟာ International Museum and Library of the Conjuring Arts ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး မျက်လှည့်အတတ်နဲ့ ပက်သက်ပြီးထင်ရှားတဲ့ သမိုင်းဝင်စာအုပ်မှတ်တမ်းတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့ မှတ်တမ်းမှတ်ရာတွေ စုဆောင်းသိုမှီးရာဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ မျက်လှည့်နှင့်မှော်အတတ်များဆိုင်ရာပြတိုက်နှင့် စာကြည့်တိုက်ကြီးကိုလည်း ပိုင်ဆိုင်ပါတယ်။ ဒီပြတိုက်ကြီးထဲမှာဆိုရင် David စုဆောင်းရှာဖွေထားတဲ့ ခေတ်ဟောင်းမျက်လှည့် အတတ်ပညာရှင်များရဲ့ အထင်ကရမျက်လှည့်ပစ္စည်းတွေလည်း အများအပြားရှိနေပါတယ်။ ဒီပြတိုက်ကြီးဟာ Las Vegas မှာတည်ရှိနေပြီးတော့ ပြတိုက်ထဲကိုဝင်ဖို့အတွက်ကို လျှို့ဝှက်တံခါးပေါက် သက်သက်ရှိနေပါတယ်လို့လည်း သိရပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ David ဟာ Atlantic Ocean ထဲမှာရှိတဲ့ Caribbean က Musha Cay လို့အမည်ရတဲ့ Bahamian ကျွန်းဆွယ် (၁၁) ခုကိုလည်း ၀ယ်ယူခဲ့ပါသေးတယ်။ ဒီကျွန်းဆွယ်တွေကို The Islands of Copperfield Bay လို့ အမည်ပေးထားပြီးတော့ ကိုယ်ပိုင်အပန်းဖြေစခန်းအနေနဲ့ ထားရှိထားပါတယ်။ လာရောက်ဖူးတဲ့ဧည့်သည်တွေထဲမှာတော့ Oprah Winfrey နဲ့ John Travolta စတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေပါဝင်ပြီးတော့ Google နဲ့ co-founder ဖြစ်တဲ့ Sergey Brin ကတော့ ဒီကျွန်းပေါ်မှာ လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

David ဟာ စူပါမော်ဒယ်လ်တစ်ဦးဖြစ်သူ Claudia Schiffer နဲ့  စေ့စပ်ကြောင်းလမ်းခဲ့ပြီး ခြောက်နှစ် ကြာလောက်အထိ လက်တွဲခဲ့ပြီးတော့ အလုပ်ချိန်အခက်အခဲတွေကြောင့် ၁၉၉၉ ခုနှစ်မှာ လက်တွဲ ဖြုတ်ခဲ့ကြပါတယ်။
Forbes မဂ္ဂဇင်းကနေ ထုတ်ပြန်ကြေညာတဲ့စာရင်းမှာ David  ဟာ ၂၀၀၃ ခုနှစ်မှာ ဒေါ်လာ (၅) မီလျံခန့်ရရှိခဲ့ပြီး (၁၀) ယောက်မြောက် ၀င်ငွေအများဆုံး အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် David ဟာ ၂၀၀၄ ခုနှစ်နဲ့ ၂၀၀၅ ခုနှစ်တွေမှာ ဒေါ်လာ (၅၇) မီလျံခန့်ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ ဒေါ်လာမီလျံ (၃၀) ခန့်သာ ဖျော်ဖြေမှုတွေကနေ ရရှိခဲ့တယ်လို့ဆိုပါတယ်။ David ဟာ တစ်နှစ်ကို ပြပွဲပေါင်း (၅၀၀) ကျော်လောက် ကမ္ဘာတလွှားမှာ ပြသလေ့ရှိပါတယ်။

David ဟာ Emmy Awards ဆုအတွက် (၃၈) ကြိမ် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး (၂၁) ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Living Legend Award ဆုတစ်ဆုကို the Library of Congress ကနေ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ Hollywood ရဲ့ အလွန်အောင်မြင်ကျော်ကြားသူ starတွေထဲမှာလည်း သူဟာ ပထမဦးဆုံး magician တစ်ဦးဖြစ်ခဲ့ပါတယ်။ ပြင်သစ်အစိုးရက တိုက်ရိုက်ချီးမြှင့်တဲ့ the Chevalier of Arts and Letters ဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒီဆုဟာဆိုရင် ပထမဦးဆုံးသော ရာသက်ပန်မျက်လှည့်ပညာရှင်ဆု ဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၈၇ ခုနှစ်မှာလည်း Academy of Magical Arts က ချီးမြှင့်တဲ့ “Magician of the Year” ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ၂၀၀၉အတွက်ရွေးချယ်တဲ့ “The Celebrity 100” စာရင်းမှာလည်း အမေရိကန်ဒေါ်လာ မီလျံ (၃၀) ပိုင်ဆိုင်တဲ့ နံပါတ် (၈၀) နေရာကိုချိတ်ခဲ့ပါတယ်။ David ဟာ ကမ္ဘာ့ဂင်းနစ်စံချိန် (၁၁) ခုတင်ခဲ့ပါတယ်။ David ဟာ အခုချိန်ထိ American magician နှင့် illusionist တစ်ယောက်အဖြစ် ပရိတ်သတ်ရင်ထဲမှာ စွဲထင်ကျန်ခဲ့တဲ့ အောင်မြင်ကျော်ကြား ပုဂ္ဂ္ဂိုဟ်တဦးအဖြစ် ဆက်လက်တည်ရှိလို့ နေပါတယ်။
Crd 2 Org

မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင် General Aung San

*** မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးဖခင် General Aung San ***

[၁၀၁နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ကို လေးစားဂုဏ်ပြုပါသည်။]

ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံကိုလွတ်လပ်ရေး စတင်ရရှိအောင်ကြိုးစားပေးခဲ့သောအမျိုးသားသူရဲကောင်း တော်လှန်ရေးသမားတစ်ယောက်လည်းဖြစ်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့တွင်ဖခင်ဦးဖာ နှင့်မိခင်ဒေါ်စုတို့မှာ မွေးဖွားခဲ့သည်။ မိသားစုဝင် (၉) ဦးအနက် အထွေးဆုံးသားဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းက ရိုးသားဖြောင့်မတ် သည့် ကလေးတစ်ယောက်ဟု သူ့မိသားစုဝင်များက သတ်မှတ်ခဲ့ကြသည်။

အောင်ဆန်းသည် အသက်(၈) နှစ်ပြည့်ချိန်တွင်  ကျောင်းစတက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပထမဆုံးတက်ရောက်ခဲ့သောကျောင်းမှာ ဦးသောဘိတ ဘုန်းတော်ကြီးကျောင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းအသက် (၁၃) နှစ်အရွယ်တွင် ရေနံချောင်းအမျိုးသားကျောင်းသို့ တက်ရောက်ခဲ့သည်။ အသက် (၁၅) နှစ်အရွယ်တွင်သတ္တမတန်းစာမေးပွဲတွင် ပထမဆုရရှိခဲ့ပြီး ဦးရွှေဘို ရွေတံဆိပ်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးဆုများရရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တက္ကသိုဝင်စာမေးပွဲတွင် အောင်ဆန်းသည် မြန်မာဘာသာ၊ ပါဋ္ဌိဘာသာများမှာ“အေ”အဆင့်ဖြင့်အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ကြားခဲ့သည်။

ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်သို့ရာက်ချိန်တွင် ကျောင်းသားနိုင်ငံရေးလောကထဲသို့ ၀င်ရောက်ခဲ့သည်။ ၁၉၃၅ ခုနှစ်နောက်ပိုင်းတွင် သူသည် ကိုနု၊ ကိုလှဖေ၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေတို့နှင့် လက်တွဲကာ ကျောင်းသားများ ဂရုတစိုက်ဖြစ်လာနိုင်သည့် နိုင်ငံရေးအင်အားစုတစ်ခုဖြစ်လာအောင် စတင်စည်ရုံးခဲ့ပါသည်။ ကိုအောင်ဆန်းတို့လူစုသည် အာဏာပိုင်အလိုတော်ရိများ လွှမ်းမိုးထားသော ကျောင်းသားသမဂ္ဂကို ထိုးဖောက်ဝင်ရောက်ခြင်းဖြင့်စတင်ခဲ့သည်။ အစပိုင်းတွင်အောင်မြင်မှုမရှိခဲ့သော်လည်း ၁၉၃၅-၃၆ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအမှုဆောင်ရွေးကောက်ပွဲ အဓိကနေရာအားလုံးကို အမျိုးသားရေး စိတ်ထက်သန်သောလူငယ်များက အနိုင်ရရှိခဲ့သည်။ ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂအဖွဲ့တွင်လည်း အမှုဆောင်အဖွဲ့ဝင်အဖြစ်ရွေးချယ်ခံခဲ့ရပြီး ထိုအဖွဲ့မှ အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာတစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသည်။

၁၉၃၆ခုနှစ် ဖေဖော်ဝါရီလတွင် အိုးဝေမဂ္ဂဇင်းမှ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိတစ်ဦးကို ရည်ညွန်းပြီး “ ငရဲခွေးကြီးလွတ်နေပြီ ” ဆိုသောဆောင်းပါးကို ရေးသားခဲ့သည်။ ဆောင်းပါးရှင်အား
ဖော်ထုတ်ရန်တောင်းဆိုသည်ကို မဖော်ပြခြင်း၊
ကိုနုသည်  ကျောင်းအုပ်ကြီးအားပြင်းထန်စွာ ဝေဖန်ခဲ့ခြင်းကြောင့် ကိုအောင်ဆန်းသည် ကိုနုနှင့်အတူတူ တက္ကသိုလ်မှထုတ်ပယ်ခြင်းခံခဲ့ရသည်။ ကိုအောင်ဆန်းနှင့်ကိုနုတို့ ကျောင်းထုတ်ခံခဲ့ရခြင်းကြောင့် ကျောင်းသားများ ဒေါသထွက်ကာ သပိတ်မှောက်ရန် ဆုံဖြတ်ခဲ့ကြသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ကိုလက်ခံရရှိခဲ့သည်။ ၁၉၃၈ အောက်တိုဘာလတွင် ကိုအောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့ပြီး တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်အောင်ဆန်းဖြစ်လာခဲ့သည်။ ၁၉၄၀ မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသောအိန္ဒိယ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့သဖြင့် အစိုးရသည် ဗြိတိသျှတို့ကို  တော်လှန်ပုန်ကန်ကြိုးစားအားထုတ်မှုဖြင့် သခင်အောင်ဆန်းတို့ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ ၁၉၄၀ခုနှစ် ကုန်ဆုံးချိန်တွင် သခင်အမြောက်အမြားနှင့် ဒေါက်တာဘမော် တို့ထောင်ထဲသို့ရောက်ရှိနေချိန်တွင် သခင်အောင်ဆန်းမှာ အချိန်မီသတိပေးချက်ရသဖြင့် တိမ်းရှောင်နိုင်ခဲ့သည်။

သခင်အောင်ဆန်းနဲ့ သခင်လှမြိုင်တို့သည် သဘောင်္ဖြင့် တရုတ်နိုင်ငံ အမွိုင်မြို့ အပြည်ပြည်ဆိုင်ရာ ဒေသဖြစ်သော ကူလန်စုသို့ထွက်ခွာခဲ့သည်။ ၁၉၄၀ခုနှစ် အလယ်တွင် ဂျပန်ဗိုလ်မှုးကြီးဆူဇူကီးသည် မြန်မာပြည်သို့အလည် လာရောက်ခဲ့ပြီး ဒေါက်တာဘသိန်းနဲ့တွေ့ဆုံပြီးချိန်၌အမွိုင်မြို့တွင် ရောက်ရှိနေသော သခင်နှစ်ဦးကို ရှာတွေ့ခဲ့သည်။
သခင်အောင်ဆန်းသည် အမွိုင်မြို့မှတစ်ဆင့် ဗိုလ်မှုးကြီး စူဇူးကီကေအီဂျီ ဖြင့် တွေ့ရန် တိုကျိုသို့လိုက်သွားခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် သခင်အောင်ဆန်းသည် ဗိုလ်ချူပ်ရာထူးကို ရယူပြီး ဗမာကာကွယ်ရေးတပ်မတော်ကို ဗိုလ်ချူပ်ဆူဇူကီး၏ဦးဆောင်မှုဖြင့်ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းတွင် ဗမာကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တပ်များပူပေါင်းပြီး အင်္ဂလိပ်တပ်တွေကို တိုက်ထုတ်နိုင်ခဲ့သည်။ ၁၉၄၂ မတ်လတွင် ရန်ကုန်မြို့တော်ကို စစ်ဆေးရေး တစ်စိတ်တစ်ဒေသအဖြစ် ဂျပန်တို့ကိုပေးလိုက်ရသည်။ ၁၉၄၃ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ဂျပန်တွေက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သော်လည်း ဗိုလ်ချူပ်သည် ဖက်ဆစ်တို့အကြောင်းကို ကြိုတင်သိရှိခဲ့ပြီး ပြန်လည်တိုက်ထုတ်ရန် အစီအစဉ်များကို လျို့ဝှက်စွာရေးဆွဲခဲ့သည်။

၁၉၄၅ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် မဟာမိတ်တပ်များနဲ့ပူပေါင်းပြီး ဂျပန်များကိုတိုက်ထုတ်ခဲ့သည်။ ထိုနေ့ကို ယခင်ကတော်လှန်ရေးနေ့ဟုသတ်မှတ်ခဲ့ပြီး နောင်တွင် တပ်မတော်နေ့ဟုပြောင်းလဲခေါ်ဆိုခဲ့ကြသည်။ ဂျပန်များအားတိုက်ထုတ်ပြီး နောက်ပိုင်းတွင် ဗြိတိသျှအစိုးရပြန်လည်ဝင်ရောက်လာခဲ့သော်လည်း ၁၉၄၇ ခုနှစ်ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် လန်ဒန်မြို့သို့သွားရောက်ခဲ့ပြီး ဗြိတိသျှဝန်ကြီးချူပ်ကလီမင့်အက်တလီ ဖြင့်တွေ့ဆုံခဲ့ပြီး တစ်နှစ်အတွင်း မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးရမည်ဖြစ်ကြောင်း သဘောတူစာချူပ် ရေးထိုးခဲ့ပါတယ်။ ၁၉၄၇ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဗိုလ်ချူပ်အာင်ဆန်းသည် တိုင်းရင်းသားခေါင်းဆောင်များနဲ့တူတူ ပင်လုံညီလာခံသို့တက်ရောက်ခဲ့ပြီးစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်သည့်စာချူပ်ကိုရေးထိုးခဲ့သည်။

လွတ်လပ်ရေးမရမီ လပိုင်းအလို ၁၉၄၇ခုနှစ် ဇူလိုင် (၁၉)ရက်တွင် ဗိုလ်ချူပ်အောင်ဆန်းနှင့်အတူ ဦးဘ၀င်း၊ ကလိနက်ဝန်ကြီးခြောက်ဦး တို့လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ဗိုလ်ချူပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်း ၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံလွပ်လပ်ရေးရရှိခဲ့သည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် စွန့်လွတ်အနစ်နာခံပြီး လွတ်လပ်ရေးရယူပေးခဲ့သော သူရဲကောင်းဗိုလ်ချူ ပ် ကျွန်တော်တို့မြန်မာလူမျိုးများ၏ ရင်ထဲတွင် ဘယ်တော့မှ ပျောက်ကွယ်သွားခြင်းမရှိတဲ့ သူရဲကောင်းတစ်ယောက်အဖြစ် ထာဝရလေးစားကြည်ညိုလျက်ရှိနေမှာပါ။
Crd 2 Org