Thursday, December 17, 2015

ချစ်သူထက် အလုပ်ကို ပိုဦးစားပေးတဲ့ယောက်ျားမျိုး လုံးဝ လက်မလွတ်သင့်ပါဘူး…

ကိုယ့်ကို ပစ်ထားသလို ဖြစ်နေရင်တောင် တခြားစော်နဲ့သွားအိပ်နေတာမဟုတ်တဲ့ အတွက် တနေ့တနေ့ ငွေသာကုန်းရုန်းရှာဖို့ အဓိက ဖြစ်နေသူကို နားလည်မှု အပြည့်ပေးလိုက်ပါ…

ကို့ဘဝမှာ `အလုပ်က ပထမ ချစ်သူက ဒုတိယ´ ပဲ ဆိုလို့ စိတ်မဆိုးလိုက်ပါနဲ့

ကို့ဘဝမှာ `တခြားစော်က ပထမ မင်းက ဒုတိယ´ မပြောတာကံကောင်းပါတယ်အလုပ်က သက်မဲ့ အရာ ~အဲ့သက်မဲ့က ပဲ ရှေ့လျှောက်ဘဝ မှာ မတောင့်မတ မကြောင့်မကြ နေရဖို့ သုံးရဖို့ ဖြုန်းရဖို့ လုပ်ရင်လုပ်သလောက် အကျိုးကျေးဇူး ခံစားရမှာမို့ပါအလုပ်ပင်ပန်းနေတဲ့ ချစ်သူကို အလကားနေ စိတ်ဆိုးစိတ်ကောက်တာမျိုးလည်း သွားမလုပ်ပါနဲ့

အမောပါဆို့ပီး နေ့ချင်းပြန်သေချင်စိတ်ပေါက်သွားနိုင်လို့ပါကိုယ့်မျက်နှာလေးမြင်လိုက်တာနဲ့အမောကိုပြေ အေးချမ်းသွားတာပဲ ဆိုတာမျိုး ဖြစ်အောင် ချိုချိုသာသာပဲ ပြုံးပြပါ

မယားငယ်နဲ့သွားနှပ်ပြီးပြန်လာလို့ မောလာတာမျိုးဆိုမသေမချင်း ပါးပိတ်ရိုက်သတ်လို့ရပါတယ်

်ကိုယ်တို့ ၂ယောက်ရှေ့ရေးအတွက် ကြိုးစားနေတဲ့သူမျိုး ဆို အချိန်ပြည့်ကြင်နာယုယခံချင်တာတော့ အောင့်အည်းနိုင်ဖို့လိုတယ်သူနဲ့ကိုယ်သာ ဒီလိုနားလည်မှု တွေ နဲ့ ရှေ့ဆက်တွဲရင် အဲ့လက်က မြဲမှာကျိန်းသေပဲသူရှာတဲ့ ငွေ က တခြားစော်ကိုပေးဖို့ဆို ကိုယ်တိုင်သာအဲ့ငွေတွေ ယူပီးမီးရှို့လိုက်ပါ

ကိုယ့်ကိုပဲ ချစ်မှန်းသိပေမယ့် အလကားနေရင်း ရစ်ချင်တာမျိုး သဝန်လိုက်တို အူလိုက်တိုနေလို့လည်း မဖြစ်ပါဘူးတခါတလေ ဒီလိုအပြုမူမျိုးက ချစ်ဖို့ကောင်းပေမယ့် များလာရင် အမြင်ကပ် သွားတတ်လို့ပါ

(သူက ကြိုးစားအားထုတ်နေသူဆို ကိုယ်က သူ့အတွက် ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ဖြစ်သင့်တယ် ^_^)

သူ ကြိုးစားနေတယ် ကိုယ့်အတွက်လေအလုပ်များတဲ့သူရဲ့ ချစ်သူ ဖြစ်ရတာ ကံကောင်းတယ်အပျော်ပါးနောက်လိုက်ဖို့ နေနေသာသာ အလုပ်နဲ့ပဲအချိန်ကုန် အားတဲ့ရက်လေးက ကိုယ်နဲ့ခဏတဖြုတ် တွေ့ရတာဆိုတော့ကိုယ်လည်း အကုသိုလ်မဖြစ်ဘူး လိုက်Check နေစရာလည်းမလိုဘူးသူ့အလုပ်သူလုပ် ကိုယ့်ကိစ္စ ကိုယ် ရှင်းပဲ

** ချစ်ရေ သဲရေ တဖွ ဖွ အီစီကလီစီ စကားတွေ ပြောမှ တကယ်ချစ်တာ မဟုတ်ဘူးဆိုတာ ချစ်သူသက်တမ်းနှစ်နဲ့ချီကြာတွဲဖူးတဲ့ Couple တွေသာ သိကြပါတယ်…

Credit- Zinn Mar Aung
.................................
....................................

No comments:

Post a Comment