**** သစ္စာ ****
လင်ယောင်္ကျားဖြစ်သူဟာ အရက်မူးပြီး အိမ်ပြန်ရောက်လာတဲ့အခါမှာ အိုးခွက်ပန်းကန်တွေကို ရိုက်ခွဲပါတယ်။ နောက် အန်တယ်။ ပြီးတဲ့အခါ ကြမ်းပြင်ပေါ်ပုံလဲကျသွားပါတယ်။
-
မယားဖြစ်သူဟာ လင်ဖြစ်သူကို ဆွဲထူပြီး အားလုံးကိုသန့်ရှင်းဆေးကြောပေးပါတယ်။ နောက်တစ်နေ့ မနက်အိပ်ရာကထချိန်မှာ ယောင်္ကျားဖြစ်သူဟာ သူ့မိန်းမကတော့ သူ့ကိုတကယ်ပဲစိတ်ဆိုးနေမှာပဲလို့ မျှော်လင့်ထားပါတယ်။ မနေ့ညက လင်မယားနှစ်ယောက်ရန်ဖြစ်ခဲ့တာမျိုး မရှိပါစေနဲ့လို့ သူဆုတောင်းလိုက်ပါတယ်။
-
အနီးနားကစားပွဲပေါ်မှာ စာတစ်စောင်တွေ့လို့ကောက်ဖတ်လိုက်တဲ့အခါ…
-
“ မောင်ရေ- မောင့်အကြိုက် နံနက်စာကို စားပွဲပေါ်မှာ အဆင်သင့်ပြင်ပေးထားတယ်။ ဈေးဝယ်ရမှာမို့ စောစောထွက်သွားလိုက်တယ်။ မောင့်ဆီကို အပြေးပြန်လာခဲ့မယ် သိလားမောင်! မောင့်ကိုချစ်တဲ့- ခင်။” တဲ့။
-
သူ အံ့သြသွားပြီး သားဖြစ်သူကိုလှမ်းမေးလိုက်ပါတယ်။ “မနေ့ညက ဘာတွေဖြစ်ကုန်သလဲသား…?”
-
သားဖြစ်သူကပြောပြပါတယ်။ “မေမေက ဖေဖေကို အိပ်ရာထဲ တွဲခေါ်သွားပြီး ဖေဖေ့ ဖိနပ်တွေကိုချွတ်ပေးတယ်။ အကျီ င်္ကိုချွတ်ပေးတယ်။ ဖေဖေက အဲဒီအချိန်တုန်းက အသေမူးနေပြီးတော့ ဖေဖေကပြောတယ်။ “ ဟေ့ အမျိုးသမီး - ငါ့ကိုဘာမှမလုပ်ပါနဲ့- ငါဟာ မိန်းမရှိတဲ့ အိမ်ထောင်သည်ယောင်္ကျားကွ!!!” တဲ့။
-
သင်ကိုချစ်ကြတဲ့သူတွေအပေါ် သစ္စာရှိပါ။ ဒါဟာ သူတို့အတွက် သင်အနည်းဆုံး လုပ်ပေးနိုင်တဲ့အရာပါ။
********
Credit ပေးပါသည်။
No comments:
Post a Comment