Friday, December 18, 2015

ချစ်​သူ​မောင်

#   ချစ်သူ မောင်

မောင်..ပြောပြောနေတဲ့
အချစ်ဆိုတာကြီးကို ကြားတိုင်း..

တည်ခိုခန်းတွေ မှာ ဖြစ်ဖြစ်
ပန်းခြံတွေ ရောက်ရင်ဖြစ်ဖြစ်
လူမမယ်ခဲ့တဲ့သန္ဓေသားလောင်းတွေအတွက်
ကျမ    အမျှပေးဝေချင်တယ်..

ဥပဒေ မမြှောက်တဲ့လူသတ်နည်းနဲ့မှ
အချစ်ကို ချစ်ခွင့်ရှိမယ်ဆိုရင်
ကျမ  အချစ်ကို မချစ်ချင်ဘူး မောင်
သားသတ်တဲ့
မိန်းမ တွေကို မုန်းတယ်....

ကျမ....
ပုရိသတွေရဲ့ အသုံးတော်ခံ မဖြစ်ချင်ဘူး  မောင်..
ပုရိသတွေရဲ့ အသည်းနှလုံးပဲဖြစ်ပါရစေ..

အရာအားလုံး ခေတ်ဆန်ခွင့်ရှိတယ်ထား
ကျမ  အချစ်ကိုတော့ ခေတ်နောက်ပြန်ဆွဲပါရစေ..

ရောင်စုံ မိတ်ကပ်တွေ ကာချယ်တွေနဲ့
ဆေးပေးခန်းတွေ မသွားချင်ဘူး.
သနားခါးရည်ကျဲလေးနဲ့ပဲ
ကျမ    ဘုန်းဘုရားကျောင်းသွားပါရစေ......

                          thetnaingoo(kh)

No comments:

Post a Comment