Wednesday, December 16, 2015

အ​ကြွေ​စောမှာစိုးလှတယ်

"အကြွေစောမှာ စိုးလှတယ်"
----------------------------------
        
"ဖြန်း"

ပူထူသွားတဲ့ပါးပြင်ကို စမ်းကိုင်မိရင်း
အံကိုကြိတ်လိုက်မိသည်။

    "ဘာလဲနင်ကငါ့ကိုပြန်လုပ်ချင်သေးလို့လား၊ ကိုယ့်အသက်ရွယ်ပြန်ကြည့်၊ဒါကျောင်းသားအလုပ်လား "

"တတ်စေချင်လို့ တော်စေချင်လို့ ကျောင်းထားပေးတာလေ ။ ငါ့ညီမလေးဘဝ လှပ ပါစေဆိုတဲ့စိတ်နဲ့ ငါဘယ်လောက် ပင်ပန်းပါစေ မမှုခဲ့ဘူး၊အခုတော့ကြည့်စမ်း - နင် အားတာနဲ့ ဖုန်းတစ်လုံးနဲ့ အချိန်ကုန်နေတယ်ပေါ့…  ဟုတ်လား!"

ဆူညံနေသောအသံများက ဗလောင်ဆူစွာ ဝင်လာသည်။မကျေမနပ်ဖြင့် မမကြီးကို တစ်ချက်ကြည့်ပြီး  အခန်းတွင်းသို့ ဝင်လာကာ နွေးနွေး လွယ်အိတ်ကို ဆောင့်ချလိုက်သည်။
နာကျင်နေသောပါးပြင်ကိုပွတ်ရင်း  ပါးစပ်မှ မကျေနပ်စွာရေရွတ်နေမိသည်။"ဖုန်းကိုင်တာ  အပြစ်လားလေ"။

   နွေးနွေးကဆယ်တန်းကျောင်းသူတစ်ဦး၊
မမကြီးက ကျောင်းဆရာမ၊မိသားစုအတွက်       ထောက်ပံ့နေသူ။ မေမေဆုံးပြီးကတည်းက
အိမ်အလုပ်တာဝန်ဟူသမျှအားလုံး သူဘဲလုပ်ကာ နွေးကိုတော့ စာပဲကြိုးစားစေခဲ့သည်။

ပြဿနာက နွေးနွေးအတန်းဖော် သူငယ်ချင်းမိခက် ကျူရှင်သို့ ဖုန်းယူလာခြင်းပင်။

"ဟဲ့ မိနွေး-ငါ့ဖုန်းလေးလှတယ်မဟုတ်လား?.
ငါ့ဒယ်ဒီ ဝယ်ပေးထားတာဟ၊ အင်တာနက်ချိတ်ပေးထားတာ။ fbတွေ viberတွေ သုံးလို့ရတယ်လေ"။

အားကျစိတ်နဲ့အတူ မိနွေးတို့သူငယ်ချင်းတစ်ဖွဲ့ ဝိုင်းအုံကြည့်ကြသည်။ကာဗာပန်းရောင်လေးနှင့်၊ဘာအမျိုးစားမှန်း မသိပေမယ့် အရမ်းလှတာတော့သေချာသည်။

မိနွေးအိမ်ပြန်လမ်းတစ်လျှောက် ဖုန်းလိုချင်တဲ့စိတ်တွေသာ ကြီးစိုးနေလေသည်။

"မမကြီး  နွေးကိုဖုန်းဝယ်ပေးပါလားဟင်"

"ဘာပြောတယ်! အရေးမပါလိုက်တာ မိနွေးရယ်၊
ကျောင်းသားနဲ့ ဖုန်းက တစ်ခြားစီလေ၊
မဝယ်ပေးဘူးလို့ မပြောပါဘူး… ညည်း ဆယ်တန်းအောင်ရင် ရမယ်၊လိုချင်ရင် စာကြိုးစား။    ဆယ်တန်းနဲ့ဖုန်း ဘာဆိုင်လဲ ?၊ ဒီလောက်အရေးကြီးတဲ့အတန်းမှာ ဖုန်းကိုင်ဖို့ ပြောထွက်သေးတယ် … ကိုယ့်ဘဝကိုယ် နားလည်စမ်းပါအေ"။

မကျေနပ်ပေမယ့် ငြိမ်နေလိုက်ရသည်။ စိတ်ထဲမှာတွေးနေသည်က ဘယ်သူ့ကို ပူဆာရမလဲလို့သာ...                                               
နောက်နေ့
ကျူရှင်ရောက်တော့ မိခက်နားမှာ သူငယ်ချင်းတွေစုပြုံလို့ …

"ဟိတ်! ဘာတွေလုပ်နေကြတာလဲ
ဒီမှာငါ့ပုံလေးရိုက်ပြီးတင်လိုက်တာ  like တွေအများကြီးရတာ ..သိလား၊ coment ထဲမှာဝင်ရေးထားတာ 'ကလေးက အရမ်းချစ်ဖို့ကောင်းတာဘဲ'တဲ့…

ဖေဖေ့ကို ပူဆာလွန်းမက ပူဆာတော့ ဖုန်းလေးတစ်လုံးရသည်။နွေးအရမ်းပျော်ပါသည်။

ဆက်စရာမရှိတော့ သူငယ်ချင်းတွေဖုန်းနံပါတ်တောင်းကာ လိုက်ဆက်သည်။မမကြီးမသိအောင်လည်း ဖွက်ရသေးသည်။

ဒီလိုနဲ့ နွေးအဆင့်တွေ တဖြည်းဖြည်းကျလာသည်။ အိမ်ပြန်ရောက်တာနှင့်မိခက်တို့အိမ် စာကျက်ရန် အကြောင်းပြပြီး နှစ်ယောက်သား face bookသုံးခြင်း၊ viber သုံးခြင်းကို
စွမ်းစွမ်းတမံသင်ယူလေသည်။

" မိနွေး"   လာခဲ့စမ်းဒီကို...
်အော်သံကြားထဲက သိလိုက်ပြီ...
အခြေနေတော့မဟန် ။
မမကြီးကျောင်းပြန်ရောက်ထဲက ဒေါသထွက်နေပုံပေါ်သည်။

"ကဲ လာစမ်း..ပြောစမ်းပါဦး …
အမြဲ one to ten ကမကျတဲ့သူက အဆင့် နှစ် ၂၈ တဲ့…၊ ပြော !ဒါဘယ်လိုဖြစ်တာလဲ ?။

မိနွေးမဖြေတတ်ပါ။ကိုယ့်အပြစ်နှင့်ကိုယ်
်ငြိမ်နေစဉ် လွယ်အိတ်ထဲမှဖုန်းက
ထမြည်လေသည်။

"ဘာသံလဲ"
                                               
သွားပြီ…၊  မိသွားပြီ  ။

"ဟင်…မိနွေး … နင် ဒီဖုန်း ဘယ်ကရလဲ ? ဘယ်သူဝယ်ပေးလဲ? ပြောစမ်း ။

"ဖေဖေပါ"    

ဖေဖေတို့ အလိုမလိုက်သင့်တာကို အလိုလိုက်တယ်။ပညာရှာရမယ့်အရွယ်ကို ဒီဖုန်းနဲ့ မဟုတ်တာတွေလုပ်၊ Gameဆော့၊ အချိန်ဖြုန်း ၊          နင် ဒါကြောင့် ပညာရေးတွေ လစ်ဟင်းတာကိုး။ မရဘူး…ငါသိမ်းပြီ။ဒီနေ့ကစပြီး ဖုန်းမကိုင်ရဘူး။ံ
            ဖုန်းဖွင့်လိုက်သည်နှင့်မောင့်ဆီပို့ထားသောစာသားများက အတိုင်းသား ။မမကြီးဒေါသက အထွတ်ထိပ် ရောက်လာပြီ။့
ဒီလိုနှင့်မိနွေးအရိုက်ခံလိုက်ရသလို ဖုန်းလဲအသိမ်းခံခဲ့ရပါသည်။မကျေနပ်ပေမယ့် မှားနေသည်ဘဲဆိုတဲ့အသိနဲ့  မိနွေး စာတွေကိုသာ ဖိကြိုးစားခဲ့ပါသည်။                                                                                        
"မိခက်ယောကျာ်းနောက်လိုက်သွားလို့"

တစ်ရပ်ကွက်လုံးပြန့်ကျဲနေသောသတင်းကြောင့်  နွေး အံသြမိသည်။ လိုင်းပေါ်ကနေ တွေ့သော တစ်ခြားမြို့မှလူနှင့် မိခက်ရည်းစားဖြစ်နေတာ ကြာပြီ။ဒီလောက်မိုက်လိမ့်မည်တော့မထင်။

ပိုဆိုးသည်က ထိုသူမှာ အိမ်ထောင်ရှိသည်၊ ကလေးနှစ်ယောက်အဖေ ၊  မိခက်အမေက ရှက်လွန်းလို့ အိပ်ယာထဲလဲသည်။   အိမ်ထဲမှ အိမ်ပြင်မထွက်သလို ဘယ်သူနဲ့မှအတွေ့မခံ။

ဖခင်လုပ်သူက သတ်မည် တကဲကဲ။             မကြာလှသောအချိန်ကလေးအတွင်း မိခက်
ယုံကြည်စွာပုံအပ်မိခဲ့သည့်  အမှားရဲ့နောက်ကွယ်   ဒုက္ခပင်လယ်ဝေလေပြီ။

"နွေးရေ …လာထိုင်ဦး "

မမကြီးခေါ်သံကြောင့် မိနွေး အခန်းထဲမှ ထွက်လာကာ  မမကြီးရှေ့ ဝင်ထိုင်ရသည်။

"အခု မိခက်သတင်းတွေ ကြားလား"
"ဟုတ်ကဲ"့

"ညည်းကို မမကြီး ဖုန်းမကိုင်ရ အမိန့်ထုတ်တာ  ဘာကြောင့်လဲ သိပြီလား ။
"ဟုတ်ကဲ့"

"ပညာရှာတဲ့အရွယ်မှာ စာကိုပဲ ကြိုးစားစေချင်တယ်၊လောကကြီးက မာယာများတယ်၊ညည်းတို့အရွယ်က စူးစမ်းလေ့လာတဲ့အရွယ်လေ… ။ face bookသုံးရင် လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမယ် ။   ကောင်းမွန်စွာအသုံးချတတ်ရင် အသိပညာဗဟုသုတတွေအများကြီး
ရမယ်။

ပုံတင်ဖို့နဲ့ရည်းစားရှာဖို့သာ စဉ်းစားနေရင်တော့ ဘာအဓိပ္ပါယ်ရှိမှာလဲအေ။
ညည်းကိုစိတ်ပူလို့ ပေးမသုံးတာ၊
အခုကြည့်… အသုံးချတာတွေလွဲတော့
ပညာရေးတွေတစ်ပိုင်းတစ်စ၊ မိဘတွေအရှက်ရနဲ့ ဘယ်လောက်ဒုက္ခရောက်လဲ။
    
ဖုန်းကိုင်ထားတော့ တစ်စုံတစ်ရာအန္တရာယ်ကြုံရင် ဆက်သွယ်ရမြန်တယ်။ကောင်းတဲ့ဘက်မှာ အသုံးချရင် ကောင်းကျိုးတွေ အများကြီးပါ။

သူများလိမ်တာခံရတယ်ဆိုတာ သူတော်လို့မဟုတ်ဘူး၊ ကိုယ်ညံ့လို့ မိနွေး။

အခုလိုအစစအရာရာတိုးတက်ပြောင်းလည်းနေတဲ့ခေတ်ကြီးမှာ အရာရာဆင်ခြင်နေတာတောင် တော်ကာမကျဘူး။

သူများလုပ်တိုင်း လိုက်လုပ်ဖို့ထက်
လုပ်သင့် မလုပ်သင့်စဉ်းစား၊သေချာပြီဆိုမှ ဆုံးဖြတ်။ဘာမှမသိနားမလည်တဲ့ ညည်းတို့လေးတွေ အကြွေစောမှာ စိုးရိမ်လို့ပါအေ။

ဟဲ့!ငါပြောနေတာ ကြားရော ကြားရဲ့လား"။
"ဟုတ်ကဲ့"

နားပူအောင် အဆူခံလိုက်ရပေမယ့် မိနွေး ဒီတစ်ခါ စိတ်မဆိုးမိတော။့ကံကောင်းလို့ မိနွေးမှားတော့မလို့လေ။မိခက်ရဲ့သင်ခန်းစာကြောင့်  မိနွေးဆင်ခြင်တတ်ခဲ့ပါပြီလေ။

Credit : KhinPu Wai

ကြွေ
-------
အသဲငယ် ဖူးပုရစ်
လှသစ်မည် ကြံသေး။
ချစ်ပလီ ငှက်ကလေး
ကိုက်ချီလို့ပြေး။ ။

            သျှင်(အမရ)

No comments:

Post a Comment