Tuesday, December 15, 2015

မိဘများကို မြင်​​ပေးကြပါ

မိဘများကို  မြင်ပေးကြပါ

********************

အဖေ့မှာ ပိုက်ဆံ မရှိတာ
သမီးလေး သိစရာ မလိုပါ ဘူ့း့

သန်ဖက်ခါ သမီး ကျောင်းသွားတဲ့အခါ
သမီး အင်္ကျီ နဲ့ ထမီကို အမေက လျှော်ပြီး
မီးပူ တိုက်ထား ပေး မှာ ပေါ့

မနက်စောစော
သမီး ထမင်းစား သွားဖို့  မနက် ၅ နာရီက ထ
အမေကချက်ပြုတ် ပြင်ဆင်ပေးရ မှာပေါ့

မနက်ဖြန် ကား ဖယ်ရီခ နော် အဖေဆို

ဒီနေ့ ည အဖေ ကထွက်ရှာ ရမှာပါ့ သမီးရယ်

ဒါပေမဲ့  အခုယူ ထားမလား ဆိုတဲ့
ဟန် ပါပါ စကား တစ်လုံး တော့ သမီးစိတ်ချမ်းသာဖို့  မုသား တစ်ခွန်းသုံးပါရစေ

ကျောင်းကအပြန် ထားနေကျ နေရာမှာ
ရှာ မတွေ့ တော့
အမေက ဒီနေ့  အသုပ်မဝယ်ထား ဘူးလားတဲ့

အမေက
သမီး နှုတ်ခမ်းထော်ထော် လေး ကို မြင်ချင် လို့ 
တမင်ဝယ်မထားတာ သမီးရဲ့  ခဏစောင့် နော်
အမေအခု သွားဝယ်ပေးမယ် ဆိုတဲ့ မုသား

အမှန်တရားက သမီးက ဘာမှ မပြောရင်
အဲ့ဒီပိုက်ဆံဟာ ညနေစာ အတွက် အဆင်ပြေပါပြီ

မျက်နှာသစ်တဲ့ ဗူးက ကုန်နေပြီဆိုတာ
ဘယ်သူမှ လည်း အရေးမစိုက် ကြပါလာ့း့

အမလေး
သမီး အဖေက သူ့ သမီးအတွက်
ကိုယ်တိုင်ဝယ်ပေး ချင်လို့ ဆိုပြီး ဗူးအခွံလေး
ယူသွားပါ တယ်တော် အပြန်ဝယ်လာ မှာပါ တဲ့

လုပ်ပြီ
အတု တွေ နဲ့ တော့ မိတော့မှာ ပါပဲ
ကိုယ်နားမလည် တဲ့ အလုပ်ကို အပိုလုပ်ချင်ကြတယ့့်

ဒီည သမီး
စောစော အိပ်မယ် (လိုင်းတက်) အဖေလာတဲ့အထိမစောင့်တော့ဘူး

အဲ့ဒါ 
မနက် ဖုန်းဘေ ၁၀၀၀၀ ဖိုးလောက်
ဖြည့်ပေးဦး လို့  ကဒ် ဝယ်မထား နဲ့ နော်
ပိုက်ဆံပေး သူငယ်းချင်းတွေရှေ့မှာ ကိုယ်တိုင်
ဝယ်ပြီး  ကိုယ့်ဟာကိုယ် ဖြည့်မယ့့်

ရပါတယ်   ဖြစ်ပါတယ် သမီးရယ်

သမီးလို တာ အကုန်ဖြစ်စေရ ပါမယ်

အဖေ နဲ့ အမေ အတွက် တစ်ခု ပါပဲ

သမီး တစ်ခုခု ဆုံးဖြတ်ဖို့  ကြံတိုင်း ကြံတိုင်း
အဖေ့မျက်နှာ နဲ့ အမေ့မျက်နှာလေး တစ်ခါတော့
လှမ်းမြင်ပေးပါ  သမီးလေးရယ့့်

                                အတိတ်ခေတ်

No comments:

Post a Comment