Wednesday, December 30, 2015

ယောက်ျားတယောက်ရဲ့  ကြင်နာစွာပြောသောစကားသံသည်
မိန်းမတယောက်ကိုနွေးထွေးစေသည်

ယောက်ကျားတယောက်ရဲ့ ထွေးပွေ့မှုသည်
မိန်းမတယောက်ကို လုံခြူံစေသည်

ယောက်ျားတယောက်ရဲ့ နားလည်ပေးမှုသည်
မိန်းမတယောက်ကို စိတ်ချမ်းသာစေသည်

ယောက်ျားတယောက်ရဲ့ တည်ကြည်ဖြောင့်မတ်မှုသည်
မိန်းမတယောက်ကို ဆွဲဆောင်မှုအပြည့်ဖြစ်စေသည်

ယောက်ျားတယောက်ရဲ့  အခွင့်အရေးမယူခြင်းသည်
မိန်းမတယောက်ကို လေးစားစေသည်

ယောက်ျားတယောက်ရဲ့  ခေါင်းဆောင်နိုင်မှုသည်
မိန်းမတယောက်ကို အားကိုးလိုစိတ်ဖြစ်စေသည်

ကျနော်တို့ယောက်ျားများသည် ချစ်သည်ဆိုသောစကားများပြောနေရုံနဲ့မပြီး
ချစ်တတ်ဖို့လည်းအများကြီးကြိုးစားရပါဦးမည် ။  ။

ခင်မင်လျက်
ကောင်ကလေး

No comments:

Post a Comment