မထင်နဲ့
မင်းသတိရတိုင်း
သူက သတိရနေမယ်လို့ မထင်ပါနဲ့
မထင်နဲ့
မင်းရိုးသားတိုင်း
သူ့ဘက်ကဖြူစင်မယ်လို့ မထင်ပါနဲ့
မထင်နဲ့
မင်းသစ္စာရှိတိုင်း
သူလည်း စောင့်ထိန်းနေမယ်မထင်နဲ့
မထင်နဲ့
မင်းမှန်တယ်ဆိုတိုင်း
လူတိုင်းက မှားတယ်လို့တော့မထင်ပါနဲ့
တစ်စုံတစ်ရာတိုင်းကို အထင်မြင် တစ်ခုနဲ့ မှတ်ချက်မချနဲ့..။
ယုံကြည်ပါ နားလည်ပါ သစ္စာရှိပါ..
ဒါပေမဲ့ မျက်စိမှိတ် ယုံတာ
မဆန်းစစ်ပဲ ယုံတာ မျိုးဆိုရင်တော့ ကိုယ့်ကိုကိုယ်အဆိပ်ကျွေးနေသလို ဖြစ်သွားလိမ့်မယ်..။
Crd 2 Org
No comments:
Post a Comment