ယောက်ျားဆိုတဲ့ ဟာမျိုး
- ဖော်ဖော်ရွေရွေ များ ဆက်ဆံမိရင် …
( ဒီမိန်းမ ငါ့ကို ကြိတ်ကြိုက်နေတာပါကွာ ..)
- ဖော်ဖော်ရွေရွေ များ မဆက်ဆံမိဘူးလား …
( ဒီမိန်းမ ဘာမှ မဟုတ်ပါဘူး ကွာ ..)
- သပ်သပ်ရပ်ရပ်များဝတ်စားမိရင် ပြောပါလိမ့်မယ်…
( ဒီမိန်းမ သူ့ရုပ်နဲ့ပဲများနေတာ...)
- အဲလိုမှ မ၀တ်မိဘူးလား…
( ဒီမိန်းမ တိုက်ဂေါ ပါကွာ ..)
- သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် …
( ဒီမိန်းမ ' စွာတေးမ '... ပါကွာ ..)
- ငြိမ်နေပြန်တော့လည်း…
( ဒီမိန်းမ ငတုံးမပါကွာ...ငါလိမ့်ချင်သလို လိမ့် လို့ ရပါတယ်..)
- သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ် ...
( ဒီမိန်းမ ငဖျံမ ပါကွာ ..)
- သူကများ ပိုတော်နေရင်တော့လည်း
( ဒီမိန်းမ ငါ့အရည်အချင်းကို နားမလည်ဘူး။)
- သူ့ကိုများ မကြိုက်မိဘူးလား …
( ဒီမိန်းမ xxx ဘာကြီး ကွ ..အရင်တုန်း က ဘာဘါာညာညာ ..)
- သူ့ကို ကြိုက်မိပြန်တော့လဲ ...
( ဒီမိန်းမ က ငါ တစ်ခွန်း ပဲ ပြောမယ်။)
- ချစ်နေတဲ့ အမူအရာများ ပြမိရင် ...
( ဒီမိန်းမ က ငါ့ အပိုင်ပါကွာ ထားလိုက်စမ်းပါ ..)
- ချစ်နေတဲ့ အမူအရာများ မပြမိရင် …
( ဒီမိန်းမ က တကယ် သစ္စာမရှိဘူး ..)
- အခက်အခဲရှိလို့ တိုင်ပင်မိရင် …
( ဒီမိန်းမ က ပါးစိပါးစပ် အရမ်းများတယ်..)
- အခက်အခဲကို မတိုင်ပင်ဘဲ နေပြန်တော့လဲ ...
( ဒီမိန်းမ က ငါ့တောင် မယုံကြည်ဘူးလား ..)
- သူ့ကိုများ အော်ငေါက်မိရင် …
( ဒီမိန်းမ က ယောက်ျားကို အနိုင်ယူဦးဆောင်မဲ့ မိန်းမ ...)
- သူကများ အော်ငေါက်မိရင် …
( ဒီမိန်းမ က အဲဒီလိုပဲ ပြောဆိုဆုံးမရတာ ...)
- ပေးထားတဲ့ ကတိ ဖျက်မိရင် ...
(ဒီမိန်းမ က ' ကတိမတည်တဲ့မိန်းမ '...)
- ပေးထားတဲ့ ကတိ ကို သူ့ဖက် က ဖျက်ခဲ့ရင် …
(ဒီမိန်းမ ကွာ ဒီမှာ မလွဲမရှောင်သာ အခြေအနေကို နားလည်သင့်တယ် …)
- ဈေးဝယ် သွားဖို့ ပြောရင် ….
( ဒီမိန်းမ ကွာ ပိုက်ဆံ ထိုင်ဖြုန်းနေတာ …)
- သူ ဘီယာဆိုင် ထိုင်တာ က ….
( ဒီမိန်းမ ကွာ ဒီမှာ က အညောင်းပြေ၊ အညာပြေလေး တစ်ခါတစ်လေ ပါ ..)
- စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် ...
( ဒီမိန်းမ ကို ဒီကောင် ပဲ အားပေးလမ်းညွှန်နေရတာ ..)
- သူအောင်ရင်တော့ ...
( ကိုယ်ဒွေ ရဲ့ အရည်အသွေး က မြင်တဲ့အတိုင်းပဲလေ …)
- သူများကိုများ မတော်တဆ နာကျင်စေမိရင် ...
( ဒီမိန်းမ ကွာ တော်တော်လေး လူစိတ်ကင်းပြီး အကြင်နာကို မထားဘူး ..)
- သူ့ကြောင့်များ ကိုယ် ထိခိုက်မိရင်တော့ ...
( ဒီမိန်းမ ကွာ ဒါလေးကို နာနေတယ် အထိမခံ ရွှေပုဂံ …)
- သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင် .....
( ၀လာမှာ စိုးတယ် နည်းနည်းပဲ …)
- ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင် …
( မိန်းမ ရဲ့ အစားဆိုတာ ကောင်းကောင်းစားရတယ်….)
- ရည်းစားသက်တမ်းကြာလာလို့ သူတို့အသစ်ကလေးရှာချင်ပြီဆိုရင်
( မင်းကိုချစ်တာမဟုတ်ခဲ့ပါဘူး ...ခဏ သာယာမိတာပါ..)
- ကိုယ်တွေဟာ အသစ်ရှာချင်လာပြီဆိုရင် …
( ပိုင်းလုံးမ ၊ မုန့်ဆီကြော်မ ၊ စနိုက်ကြော်မ ..ဘာမ ..ညာမ ..ဘာညာမ …)
- အခုရေးထားတာကို ယောက်ျားတွေဖတ်ရရင်
( ဒီမိန်းမတွေကွာ အလကား ပေါက်ပန်းစေးတွေ လျှောက်ရေးနေတာ ..)
- သူတို့ မဖတ်ရရင် ….
( ဒီမိန်းမတွေကွာ စာလေးတစ်စောင်တောင်မှ ပေးမဖတ်ဘူး အတ္တကြီးလိုက်ကြတာ ..)
Credit to ခိုင်မြဲဇေယျာ
No comments:
Post a Comment