" အမေများနေ့မှာ..သင့်အမေအတွက် အချိန်ငါးမိနစ်ပေးပြီးဖတ်ပေးပါ "
"အမေ သား မနက်ဖြန် ဘွဲ့ ယူရမှာနော်..."
"အမေ သိပါတယ်သားရယ်... အဲ့ဒါကြောင့် လမ်းထိပ်က ဒေါ်ကျော့ဆီမှာတောင် အမေအင်္ကျီအပ်ထားပါသေးတယ်...အမေ့မှာ အင်္ကျီအသစ်မရှိတော့ဘူးလေ..."
"ဟင်..အမေကလိုက်မလို့လား... အိမ်မှာ အဖေ့ကိုစောင့်ဖို့ လူမရှိဘဲဖြစ်မှာပေါ့.... "
" သားအဖေက သက်သာနေပါပြီသားရယ်... ၀ှီးချဲလေးနဲ့ ခေါ်သွားရင်ရပါတယ်...."
သားဖြစ်သူ စိတ်ညစ်သွားတယ်... ဒီလိုပွဲမျိုးကို သူ့မိဘတွေကို မခေါ်ချင်လို့တော့မဟုတ်ပါဘူး.... ဈေးထဲမှာ ကြက်သားရောင်းပြီး စကားပြောရင် အော်ကျယ်အော်ကျယ် ပြောတတ်တဲ့အမေနဲ့  လေဖြတ်ပြီးလို့ နလန်ထူခါစ အဖေကို သူဒီလိုပွဲမျိုးကို ပွဲမထုတ်ချင်...
သူငယ်ချင်းတွေ ကြားထဲမှာလည်း မိတ်ဆက်ပေးဖို့ ခက်တယ်..
ဒါနဲ့ပဲ... မျက်နှာပျက်ပျက်နဲ့ သူ့အမေကိုပြောလိုက်တယ်..
"မလိုက်ပါနဲ့ အမေရာ...ခန်းမထဲကို ၀ှီးချဲလည်းဝင်လို့ ရတာမဟုတ်ဘူး..
အမေတို လိုက်လာလို့လည်း ဘာမှထူးခြားသွားမှာမှမဟုတ်တာ...
သားတစ်ယောက်တည်းသွားမယ်..."
မိခင်ဖြစ်သူမှာ သားရဲ့တဇွတ်ထိုးဆန်တဲ့စိတ်ကိုသိလို့  နာကျင်မိတဲ့ စိတ်ထဲကဒဏ်ရာကို မျက်နှာပေါ်က အပြုံးနဲ့ဖုံးပြီး..
"အေးပါကွယ်... သားလေးသဘောပါ... သားလေးဘွဲ့ရရင်ပဲ အမေတို့ ကျေနပ်ပါတယ်...အမေအိမ်မှာပဲ သားအဖေကို စောင့်နေလိုက်ပါ့မယ်..."
သား ဖြစ်သူလည်းကျေနပ်ပြီး အိပ်ရာစောစောဝင်ခဲ့တယ်....
မိခင်ဖြစ်သူမှာတော့ အိပ်ရာပေါ်မှာအိပ်ပျော်နေတဲ့ ယောက်ျားကိုကြည့်ပြီး
မချိပြုံးလေးပြုံးခဲ့ရတယ်...
မနက်မိုးလင်းတော့ သားလေးစားဖို့ မိခင်ဖြစ်သူက မနက်စာကို အရင်က
ထက်ပို ဂရုစိုက်ပြင်ပေးထားတယ်... ဘွဲ့သွားယူမှာဆိုတော့ ဗိုက်နာမယ့်အစားအစာတွေ မဖြစ်အောင်ဂရုစိုက်လို့ပေါ့....
"သားရေ...မနက်စာအဆင်သင့်ဖြစ်ပြီနော်..."
"မစားတော့ဘူးအမေ သားသူငယ်ချင်းတွေနဲ့ ကျောင်းနားက စားသောက်ဆိုင်မှာ ချိန်းထားတယ်...အဲ့ဒီမှာပဲ စားတော့မယ်... "
"အော်... အင်းပါ သားရယ်.. သားလေး ဓာတ်ပုံတွေရိုက်ခဲ့နော်..
မေမေတို့ ပြန်ကြည့်ချင်လို့ ..."
"ဟုတ်ကဲ့ ပါဗျာ.. သွားပြီနော်..."
ဒီလိုနဲ့ သားဖြစ်သူက သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ စားသောက်ဆိုင်ရောက်တော့ လူတောင်တော်တော်စုံနေပြီ ...နာရီကိုကြည့်တော့လည်း ဘွဲ့ယူဖို့အချိန်က
တစ်နာရီလောက်လိုသေးတယ်ဆိုတော့ မနက်စာစားဖို့မှာလိုက်တယ်...
သူငယ်ချင်းဖြစ်သူတွေကိုကြည့်တော့ တစ်ယောက်တည်းလာတဲ့သူနဲ့ 
မိဘခေါ်လာတဲ့သူနဲ့ ပေါ့... အဲ့ဒိအချိန်မှာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က
သူ့အမေနဲ့ မိတ်ဆက်ပေးတယ်..
" ဟေ့ကောင်.. ဒါငါ့အမေလေ ငါဘွဲ့ယူတာ လိုက်လာခဲ့ပေးတာ...
အမေ ဒါက သားသူငယ်ချင်းပါ..."
မိတ်ဆက်ပေးတဲ့ သူငယ်ချင်းအမေကို လက်ဆွဲနှုတ်ဆက်တော့ အဒေါ်ကလည်း ပြန်လက်ဆွဲနှုတ်ဆက်တယ်.. ဒါပေမယ့် ညာဘက်လက်နဲ့ တော့မဟုတ်ဘူး ဘယ်ဘက်လက်နဲ့ ဆိုတော့
ကောင်လေးမှာထူးဆန်းပြီး ညာဘက်လက်ကို ကြည့်လိုက်မိတယ်...
"ဟင်... အဒေါ့်လက်မှာပတ်တီးနဲ့ပါလား ဘယ်လိုဖြစ်တာလဲ..."
ဒါနဲ့ ကောင်လေး သူငယ်ချင်းက ၀င်ဖြေတယ်...
"ဒီလိုကွ... ငါ့အမေက ဈေးထဲမှာငါးရောင်းတာ... အဲ့ဒါမနေ့က ၀ယ်တဲ့သူကို
ငါးကိုင်ပေးတာလေ လက်ကိုဓားထိသွားတာ.... အဲ့ဒိဒဏ်ရာနဲ့ညက အဖျားတွေတက်လို့ကွာ.. ငါ့မှာစိတ်ပူလိုက်တာ.. ဒီမနက်မှ ပြန်ကောင်းလာတာ....
ဒါတောင် မလိုက်ဘူးလုပ်နေတာ... ငါကအတင်းခေါ်လာလိုက်တာလေ...
ငါ့ကိုခုလို ဘွဲ့ခန်းမထဲရောက်အောင် ငါ့အမေကဈေးထဲမှာ
ငါးရောင်းပြီး ကျောင်းထားခဲ့တာကွ....ဒါနဲ့ မင်းအမေနဲ့ အဖေရောမတွေ့ပါလား..."
ကောင်လေးမှာ သူ့သူငယ်ချင်းရဲ့စကားတွေကိုကြားပြီး နောင်တတွေများစွာနဲ့ ...
"အော်...အင်း နောက်...နောက်မှာ လိုက်လာတယ်ကွ.... ငါ့ကိုခဏ ခွင့်ပြုပါဦးကွာ ... မင်းတို့ဘွဲ့ခန်းမကပဲ စောင့်နော်..."
စကားလည်းဆုံး ကားလမ်းမကိုထွက်ပြီး Taxi တစ်စီးငှားပြီးအိမ်ပြန်ခဲ့တယ်...
အိမ်ပေါ်ရောက်တော့ တံခါးကြီးဖွင့်ထားတာတွေ့တော့ အမေ နဲ့ အဖေခန်းကိုဝင်ဖို့လုပ်တုန်း အခန်းထဲကအသံကြားမိတယ်...
"ဖေကြီးရေ သားကတော့ ဘွဲ့သွားယူပြီတော့.... ကျွန်မ ကတော့ ဘွဲ့ခန်းမကိုမလိုက်ရလည်း သားနဲ့ အတူတူရှိနေသလို အင်္ကျီအသစ်တွေဝတ်ထားတယ်...ရှင့်ကိုလည်း တိုက်ပုံအသစ်ဝတ်ပေးထားတာတွေ့လား..."
"တွေ့ပါတယ် မေကြီးရာ......သားလေးပြန်မလာခင်တော့ ငါတို့တွေ အင်္ကျီလဲရမယ်နော်...တော်ကြာ အဖေနဲ့အမေက အဖြစ်သည်းတယ်လို့ ပြောနေပါဦးမယ်ကွာ..ဟားဟားး"
"ဟုတ်ပတော့....သားလေးက ရှင့်ကိုစိတ်ပူပြီး ကျူပ်ကိုမခေါ်တာတော့...
သူ့အဖေတစ်ယောက်တည်း ဖြစ်နေမယ်တဲ့ ...အဲ့တော့မှ ကျုပ်လည်း ရှင့်ကိုသတိရပြီး နေခဲ့လိုက်တာ....သားလေးသာသတိမပေးရင်
ရှင်တစ်ယောက်တည်းကျန်ခဲ့မှာ သိလား....သားလေကို ရှင်ကျေးဇူးတင်...."
"အေးပါကွာ....အေးပါ...... အင်း ငါတို့သားလေး ဘွဲ့ရပညာတတ်ဖြစ်ပြီနော်..."
ထိုစကားတွေဟာ ကောင်လေးရင်ကို သံချွန်နဲ့ထိုးလိုက်သလိုပဲ...
မခေါ်ချင်လို့ထားခဲ့တဲ့  မိဘနှစ်ပါးက အပြစ်မမြင်တဲ့အပြင်
အမေကငါ့အပြစ်ကို မသိသလိုပါလား.....
ဒါနဲ့ အခန်းထဲဝင်ပြီး...
"အဖေ နဲ့ အမေ "
"ဟင် ..သား ဘွဲ့ယူပြီးပြီလား မြန်လိုက်တာ..."
မိဘနှစ်ပါးမှာ အ၀တ်အစားအသစ်တွေနဲ့မို့လို့ မနေတတ်မထိုင်တတ်...
သားလေးမေးလာရင် ဘယ်လိုဖြေရပါ့လဲလို့ တွေးနေချိန်...
"အဖေနဲ့အမေကို လာခေါ်တာပါ.... ဘွဲ့ခန်းမမှာ အဖေနဲ့ အမေတို အတွက် နေရာရှိသလို....သားရင်ထဲမှာလည်းအမြဲနေရာရှိပါတယ်...သားကို ခွင့်လွှတ်ပါနော်...."
မိဘနှစ်ပါးရှေ့မှာ ထိခြင်းငါးပါးနဲ့ ရှိခိုးမိတယ်...
မိဘနှစ်ပါးကတော့ ၀မ်းသာမျက်ရည်စတွေနဲ့ ဆုတွေပေးလို့ ..............
(မိဘဆိုတာ ကမ္ဘာပေါ်မှာ အောက်တန်းအကျဆုံး အလုပ်လုပ်နေရင်တောင်
အဲ့ဒါဟာ သူတို့တွက်မဟုတ်ပါဘူး...သူတို့သားသမီးတွေ အတွက်ပါ...
သူတို့သားသမီးတွေအတွက်ပဲ မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတာပါ..
တစ်ကယ်တော့ လောကမှာ အစားထိုးလို့မရတဲ့ အရာတွေထဲမှာ
မိဘဟာ နံပါတ်တစ်ပါ...
(ယနေ့ကျရောက်သော အမေများနေ့အားဂုဏ်ပြုတင်ပြအပ်ပါသည်)
Creadit - Original Uploader
No comments:
Post a Comment