Saturday, May 7, 2016

ယောက်ျားတစ်​​ယောက်​၏အ​တွေး

ယောက်ျားလေးဆိုတာ
စကပ်တိုဝတ်လာတဲ့ မိန်းကလေးကို
သဘောကျပြီး ကြည့်နေမှာပဲ
ဒါပေမဲ့ သနပ်ခါးရေကျဲ
ရင်ဖုံးထဘီဝတ်ထားတဲ့ မိန်းကလေးလောက်တော့
မနှစ်သက်ပါဘူး

ယောက်ျားလေးဆိုတာ
ဘယ်လောက်ပဲ ရည်းစားများများ
သူ့မြတ်နိုးတန်ဖိုးထားသူအတွက်တော့
ထားခဲ့ဖူးတဲ့ ရည်းစားတွေကို
ဖြတ်ပစ်ဖို့ဝန်မလေးပါဘူး

ယောက်ျားလေးဆိုတာ
ကိုယ့်ချစ်သူကို ချော့ရမယ့်တာဝန်ရှိတယ်ဆိုတာ
သိထားပေမယ့် သူ့ကို
နားလည်ပေးမှုရှိဖို့ကိုတော့
မဖွင့်ပြောပဲ အလိုက်သိနေပေးဖို့
တောင်းတ တတ်တဲ့ သူတွေပါ

Credit to ယောက်ျားတစ်ယောက်၏ အတွေး

No comments:

Post a Comment