Tuesday, May 24, 2016

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ

ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
------------------------------------
၁။ ကကုသန်မြတ်စွာဘုရား
အရပ်-- အတောင် ၄၀
သက်တော်-- ၄၀၀၀၀
အပင် -- ကုက္ကိုလ်ပင်
ရောင်ခြည်တော်-- ၁၀ ယူဇနာစီ
အမျိုး --ပုဏ္ဏား
စီးတော်ယာဉ်--ရထား
ဒုက္ကရစရိယာ -- ၈လ
ပလ္လင်-- အတောင် ၂၆ တောင်

၂။ ကောဏဂုံမြတ်စွာဘုရား
အရပ်--အတောင် ၃၀
သက်တော်-- ၃၀ဝ၀ဝ
အပင်  -- ရေသဖန်းပင်
ရောင်ခြည်တော်--  ၁၀ ယူဇနာစီ
အမျိုး --ပုဏ္ဏား
စီးတော်ယာဉ်-- ဆင်
ဒုက္ကရစရိယာ -- ၆လ
ပလ္လင်-- အတောင် ၂၀ တောင်

၃။ ကဿ       ဖမြတ်စွာဘုရား
အရပ်-- အတောင် ၂၀
သက်တော်--၂၀ဝ၀ဝ
အပင် --ပညောင်ဗောဓိ
ရောင်ခြည်တော် -- ၁၀ ယူဇနာစီ
အမျိုး --ပုဏ္ဏား
စီးတော်ယာဉ်--ပြဿဒ်
ဒုက္ကရစရိယာ -- ၇ ရက်
ပလ္လင်-- အတောင် ၁၅ တောင်

၎။ ဂေါတမမြတ်စွာဘုရား
အရပ်-- အတောင် ၁၄ တောင်
သက်တော်-- ၈၀
အပင်-- ညောင်ဗုဒ္ဓ
ရောင်ခြည်တော်-- ၁ လံ
အမျိုး --မင်းမျိုး
စီးတော်ယာဉ်--မြင်း
ဒုက္ကရစရိယာ -- ၆ နှစ်
ပလ္လင်-- အတောင် ၁၄ တောင်

၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)
အရပ်-- အတောင် ၈၀
သက်တော်--  ၈၀ဝ၀ဝ
အပင်-- ဂန့်ဂေါ်
ရောင်ခြည်တော်-- ကုဋေတသိန်းသောစကြဝဠာတိုက်လုံး
အမျိုး --ပုဏ္ဏား
စီးတော်ယာဉ်--ပြဿဒ်
ဒုက္ကရစရိယာ -- ၇ ရက်
ပလ္လင်-- အတောင်၃၂  တောင်

**************************** မူရင်း ခရက်ဒစ်

Sunday, May 22, 2016

ကမ္ဘာတစ်ဝှမ်းမှ နာမည်ကျော် ကြော်ငြာတိုက်ပွဲများ

*** ကမ္ဘာတစ်ဝှမ်းမှ နာမည်ကျော် ကြော်ငြာတိုက်ပွဲများ ***
(Audi vs. BMW) (Pantene vs. Dove) (Pepsi vs. Coca Cola) (Apple vs. Samsung) (Verizon vs. AT&T)

ကုန်ပစ္စည်းတစ်ခုကို ကြော်ငြာပြီဆိုရင် ရောင်းထွက်ဖို့သက်သက် မဟုတ်ပါဘူး။ အများပြည်သူနဲ့ ကိုယ့်ရဲ့ Customers ဖြစ်လာနိုင်ချေရှိတဲ့သူတွေကို ဒီကုန်ပစ္စည်းအကြောင်း ပိုသိလာဖို့ ပိုနားလည်လာဖို့ ကြော်ငြာကြတာဖြစ်ပါတယ်။ လူတွေရဲ့ အာရုံစိုက်ခြင်းကို အမြဲတမ်းရရှိနေဖို့ဆိုတာ လွယ်လှတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ကုမ္ပဏီတွေက ကြော်ငြာတဲ့အခါ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတတ်ပါတယ်။ ဒီလိုပြင်းထန်လာတဲ့အခါ ပြိုင်ဘက်တွေကြားမှာ တစ်ဦးနဲ့တစ်ဦး ပေါ်တင်တိုက်ခိုက်မှုတွေ ဖြစ်လာတတ်ပါတယ်။ Marketing အခေါ်အဝေါ်အရတော့ ဒီလိုတိုက်ခိုက်တဲ့ ကြော်ငြာတွေကို "Comparative Advertising" နှိုင်းယှဉ်ကြော်ငြာခြင်း (သို့မဟုတ်) "Ad War" ကြော်ငြာတိုက်ပွဲလို့ ခေါ်ဆိုကြပါတယ်။

ဒီလို ကြော်ငြာတိုက်ပွဲတွေဖြစ်လာပြီဆိုရင် ကုန်အမှတ်တံဆိပ်တွေက တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ဖော်ပြဖို့အတွက် အခြားတံဆိပ်တွေရဲ့နာမည်တွေကို ကြော်ငြာထဲမှာ ပေါ်တင်ထည့်ပြီး အပြိုင်အဆိုင် ကြော်ငြာကြပါတယ်။ အများအားဖြင့် ဈေးကွက်တစ်ခုမှာ အနှိုင်းယှဉ်ခံရတဲ့ အမှတ်တံဆိပ်ဟာ ဈေးကွက်ဦးဆောင်သူ ဖြစ်တတ်ပါတယ်။ ဒီလို နှိုင်းယှဉ်ကြော်ငြာတာက ကမ္ဘာတစ်ဝှမ်းမှာ တရားဥပဒေက ခွင့်ပြုထားတဲ့ နိုင်ငံတွေရှိသလို တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတွေလဲ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ အခြားအမှတ်တံဆိပ်ကို ပေါ်တင် နှိုင်းယှဉ်ပြီးကြော်ငြာခြင်းက တရားမ၀င်ပါဘူး။ အခုတော့ တရားဝင်တဲ့နိုင်ငံတွေက ကြော်ငြာထားခဲ့တဲ့ နာမည်ကြီး ကြော်ငြာတိုက်ပွဲ တွေကို Marketing ဗဟုသုတရရှိစေဖို့ ပြန်လည် မျှဝေလိုက်ပါတယ်။

၁။ Audi vs. BMW
ဂျာမနီက အဆင့်မြင့်ဇိမ်ခံကားအမှတ်တံဆိပ်များ ဖြစ်ကြတဲ့ Audi နဲ့ BMW တွေက နှစ်ပေါင်းများစွာ တိုက်ခိုက်ယှဉ်ပြိုင်နေကြတဲ့ တံဆိပ်တွေဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ Audi ကနေ ကြော်ငြာဘုတ်နဲ့ "You move, BMW" (BMW. မင်းဖယ်လိုက်စမ်းပါ) ဆိုပြီး သူ့ Audi ကားပုံတစ်ခုနဲ့ ပုံပါအတိုင်း စတင်တိုက်ခိုက်တာပါတယ်။ အဲ့ဒီအချိန်မှာ BMW ကလည်း "Checkmate." (ချက်မိတ်) ဆိုပြီး ဘုတ်တစ်ခုထပ်ထောင်ကာ တုံ့ပြန်လာပါတယ်။ အဲ့ဒီ ချက်ထိုးတဲ့ ကစားပွဲကို အခြေခံပြီး ကြော်ငြာထားတဲ့ BMW ကြော်ငြာကို Audi က ချက်ချင်းဘေးမှာ ဘုတ်တစ်ခု ထပ်ထောင်ပြီး "Your pawn is no match for our king." (မင်းတို့ Pawn က ငါတို့ King ကို ယှဉ်လို့မရပါဘူး) ဆိုပြီး BMW ကြော်ငြာထဲက ကားထက်ကောင်းတဲ့ Audi ကားတစ်မျိုးနဲ့ ဘုတ်ပေါ်တင်ပြီး ထပ်မံတိုက်ခိုက်လာပါတယ်။ ဒါကို BMW က နောက်ဆုံး မိုးပျံဘူဖောင်းကြီးနဲ့ Audi ရဲ့ ဘုတ်ပေါ်ကနေ "Game Over" (ဂိမ်းအိုဗာ) ဆိုပြီး သူ့ရဲ့ F1 ပြိုင်ကား အမိုက်စားကို ကြော်ငြာလိုက်ပါတော့တယ်။

၂။ Pantene vs. Dove
များလှစွာသော ခေါင်းလျှော်ရည်အမှတ်တံဆိပ်တွေထဲက Pantene (ပန်တင်း) နဲ့ Dove (ဒပ်ဖ်) ကို အားလုံး ရင်းနှီးကြမယ်ထင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ Pantene က ကြော်ငြာဘုတ်တွေထောင်ပြီးစတင် ကြော်ငြာပါတယ်။ အမှန်တော့ Pantene က တိုက်ရိုက်နှိုင်းယှဉ်ခြင်း မပြုသေးပဲ Teaser (အမြည်း) သဘောအနေနဲ့ ကြော်ငြာလိုက်တာပါ၊ ပုံထဲမှာ Pantene တံဆိပ်တောင် မထည့်ရသေးပါဘူး။ "A Mystery Shampoo!! 80% women say is better than anything else" (ထူးဆန်းသော လျှို့ဝှက် ခေါင်းလျှော်ရည်တံဆိပ်၊ ၈၀% သော အမျိုးသမီးတွေက ဒီတံဆိပ်ဟာ ဘာနဲ့ယှဉ်ယှဉ် ပိုကောင်းပါတယ်လို့ ပြောတယ်) ဆိုပြီး ကြော်ငြာပါတယ်။ ဒါကို Dove က ချက်ချင်း သူ့ကြော်ငြာဘုတ်တွေအားလုံးနားမှာ ဘုတ်တွေ လိုက်ထောင်ပါတယ်။ "There is no mystery. Dove is No.1 Shampoo. After all, winning is about winning hearts." (လျှို့ဝှက်ဆန်းကြယ်တဲ့ ထူးဆန်းတံဆိပ်ဆိုတာ မရှိပါဘူး။ Dove က နံပါတ် ၁ ခေါင်းလျှော်ရည်ဖြစ်ပါတယ်။ နောက်ဆုံးတော့ နံပါတ် ၁ ဖြစ်လာဖို့ဆိုတာ သုံးစွဲသူတွေရဲ့ နှလုံးသားတွေရဲ့ အမှတ်ပေးမှုကို ရပြီးမှ ဖြစ်လာတာပါ။) Dove က အိန္ဒိယဈေးကွက်မှာ နံပါတ်-၁ အရောင်းကောင်းဆုံး နေရာမှာ ရပ်တည်ထားတာကို အသုံးချပြီး ကြော်ငြာလိုက်တော့ Pantene က သူ့ရဲ့ လျှို့ဝှက်တံဆိပ်က ဘာတံဆိပ်လဲဆိုတာ ပြန်လည်ဖော်ပြဖို့ အခွင့်အလမ်းတောင်မရလိုက်ပါဘူး။

၃။ Pepsi vs. Coca Cola
ရာစုနှစ်နဲ့ချီပြီး တိုက်ခိုက်လာတဲ့ ကြော်ငြာတိုက်ပွဲတွေထဲမှာ ကိုကာကိုလာနဲ့ ပက်စီတို့ကလည်း နာမည်ကြီးတွေပါ။ တစ်ကမ္ဘာလုံး နိုင်ငံအများစုမှ ကိုလာတိုက်ပွဲတွေ ဖြစ်ကြပါတယ်။ သူတို့တံဆိပ်နှစ်ခုက နေရာတိုင်းမှာ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်လေ့ရှိကြပါတယ်။ တီဗီတွေမှာရော၊ မဂ္ဂဇင်းတွေမှာရော၊ ဈေးဝယ်စနစ်တွေနဲ့ရော၊ အွန်လိုင်းမှာပါ နေရာမရွေး တိုက်ပွဲဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဘယ်ဘက်ပုံထဲက ကြော်ငြာ A နဲ့ B နှစ်ခုမှာ ပက်စီကိုလာကနေ ကိုကာကိုလာကို တိုက်ခိုက်ထားတာဖြစ်ပါတယ်။ သူရှိတဲ့ဆီကိုတော့ လူတွေလာလွန်းလို့ ခြေရာတွေထင်နေတယ်၊ နှင်းတွေတောင် ရှင်းပြီးသားဖြစ်နေတယ်၊ ကိုကာကိုလာကိုတော့ ဘယ်သူမှ မသွားလို့ နှင်းတွေတောင် ဖုံးလွှမ်းနေပြီး ခြေရာတောင် မထင်နေပါဆိုပြီး တိုက်ခိုက်ထားတာဖြစ်ပါတယ်။ ကြော်ငြာ C ရဲ့ ဘယ်ဘက်တစ်ခုမှာ ပက်စီကိုလာကနေ ကိုကာကိုလာကို Halloween သရဲပွဲတော်အတွက် တိုက်ခိုက်ထားတာပါ။ Halloween သရဲပွဲတော်ကို ဆင်နွှဲတဲ့အချိန်မှာ ၀တ်စုံတွေ အလှပြ၀တ်ဆင်ကြတဲ့အတွက် “We wish you a scary Halloween!” (အားလုံးအတွက် ကြောက်စရာ Halloween ဖြစ်ပါစေ) ဆိုပြီး ကိုကာကိုလာ ၀တ်စုံကြီးကို ပက်စီက ခြုံထားလို့နေပါတယ်။ ဒါကို ကိုကာကိုလာက Halloween မှာ ကလေးတွေအများစုဟာ Superman, Spiderman, Captain America အစရှိတဲ့ စူပါဟီးရိုးတွေရဲ့ ၀တ်စုံကို အလှပြ၀တ်ဆင်လေ့ရှိတာကို အကြောင်းပြုပြီး “Everybody wants to be a hero!” (လူတိုင်းက စူပါဟီးရိုးတွေဖြစ်ချင်ကြပါတယ်။) လို့စာသားလေးပြောင်းပြီး ထပ်တူညီတဲ့ကြော်ငြာနဲ့ တုံ့ပြန်ပါတယ်။ နောက်ဆုံး D မှာတော့ ပက်စီကိုလာက ကိုကာကိုလာကို ပိုက်တစ်ခုရဲ့ သရုပ်ဖော်ပုံနဲ့ ထပ်မံတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

၎။ Samsung vs. Apple
Samsung နဲ့ Apple ဟာဆိုရင်လည်း မိုဘိုင်းဖုန်းလောကမှ ဒုန်းဒိုင်းဒုန်းဒိုင်းဆိုပြီး ချနေကြတဲ့ တံဆိပ်တွေပါ။ ပုံမှန်အားဖြင့်တော့ Samsung က Apple ကို စတင်တိုက်ခိုက်လေ့ရှိတာ ဖြစ်ပါတယ်။ Apple ကတော့ တုံ့ပြန်တာ သိပ်မရှိပါဘူး။ Samsung က ကြော်ငြာဘုတ်တွေနဲ့ရော၊ မဂ္ဂဇင်းတွေနဲ့ရော၊ တီဗီကြော်ငြာတွေနဲ့ရော၊ အွန်လိုင်းဗီဒီယိုတွေနဲ့ရော နေရာအနှံ့ကနေ အမြဲတိုက်ခိုက်တတ်ပါတယ်။ များလှစွာသော တိုက်ခိုက်မှုတွေထဲက နာမည်ကြီးပြီး လူပြောများခဲ့တဲ့ ကြော်ငြာလေးတစ်ခုက ပုံထဲကကြော်ငြာပါ။ ဘယ်ဘက်ပုံထဲမှာ Samsung ကနေ "It doesn't take a genius." (သာလွန်မှုကို သိဖို့ Genius ဖြစ်ဖို့ မလိုပါဘူး) ဆိုပြီး Apple ကို တိုက်ခိုက်ထားပါတယ်။ ကြော်ငြာထဲမှာ Samsung ကနေ Apple မှ မရနိုင်တဲ့ အားသာချက်တွေအားလုံးကို နှိုင်းယှဉ်ပြသထားတာဖြစ်ပါတယ်။ ညာဘက်က အပေါ်ပုံမှာ Samsung ကနေ သူ့ရဲ့ Samsung Galaxy S6 Edge နဲ့ Apple iPhone 6 ကို နှိုင်းယှဉ်ထားပြီး “> Greater-than Sign” ကို ကစားကာ သူ့ရဲ့ဖုန်းက 6 ချင်းတူပေမယ့် ပိုသာတဲ့ လုပ်ဆောင်ချက်တွေ ပါနေလို့ ပိုပြီး သာလွန်နေပါတယ်လို့ တိုက်ခိုက်ထားပါတယ်။ ညာဘက်က အောက်ပုံမှာ iPhone 6 နဲ့ 6Plus ထွက်ထွက်ခြင်း iPhone တွေက လူတွေရဲ့အိတ်ကပ်တွေထဲမှာ ဖိအားဒဏ်ကြောင့် ကွေးသွားပါတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတုန်းက Samsung က ချက်ချင်း အခွင့်ကောင်းယူကာ “Bend to those who are worthy.” (အလေးပေးထိုက်သူတွေကို ဦးညွတ်ပြီး အလေးပေးလိုက်ပါ) ဆိုပြီး တိုက်ခိုက်ကြော်ငြာလိုက်ပါတယ်။

၅။ Verizon vs. AT&T
Verizon နဲ့ AT&T တယ်လီဖုန်းလိုင်း အမှတ်တံဆိပ်တွေက အမေရိကန်ပြည်ထောင်စုက နာမည်ကြီး တံဆိပ်တွေဖြစ်ပါတယ်။ AT&T က ဈေးကွက်မှာ ဝေစုအများဆုံး သိမ်းပိုက်ထားတဲ့ တံဆိပ်ဖြစ်တော့ Verizon က မကြာမကြာ ကြော်ငြာတွေနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။ ပုံမှာကတော့ 3G လွှမ်းခြုံမှု ဧရိယာကို Verizon ကနေ နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။ သူဟာ AT&T လိုင်းထက် ၅ဆ သာလွန်ပြီး အမေရိကန်တစ်ဝှမ်းမှာ 3G လိုင်း လွှမ်းခြုံထားပါတယ်ဟု တိုက်ခိုက် နှိုင်းယှဉ်ကြော်ငြာထားတာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှ နာမည်ကျော် ကြော်ငြာတိုက်ပွဲကြီး ၅ခုအကြောင်းကို မှတ်တမ်းတင်လိုက်ပါတယ်။ ကျန်ရှိနေသေးတဲ့ စိတ်ဝင်စားစရာ တိုက်ပွဲတွေကိုတော့ နောက်နေ့မှ မျှဝေပေးပါဦးမည်။ ကျေးဇူးတင်ပါသည်။

Credit to WAI LINN

#Marketing #Advertising #Competitive #AdWar #Audi #BMW #Dove #Pantene #Pepsi #CocaCola #Samsung #Apple #Verizon #ATT

Wednesday, May 18, 2016

ခင်ဗျားမှားတယ်... မက်ဇူကာဘက်...

ခင်ဗျားမှားတယ်... မက်ဇူကာဘက်...
ခင်ဗျား facebook ကိုတီထွင်ခဲ့တာက...
ကမ္ဘာကြီးကို ရွာတစ်ရွာဖြစ်အောင်လုပ်ဖို့...

ဒါပေမဲ့... မြန်မာပြည်မှာတော့...
ဖာတန်းနီးပါးဖြစ်နေပြီ...
.....

ခင်ဗျားမှားတယ်... မက်ဇူကာဘက်...
ခင်ဗျား facebook ကိုတီထွင်ခဲ့တာက...
သူငယ်ချင်းတွေနဲ့ အလွယ်တကူဆယ်သွယ်နိုင်ဖို့...

ဒါပေမဲ့... မြန်မာပြည်မှာတော့...
လင်ယူသားမွေးလုပ်ဖို့ လင်ရှာ၊ မယားရှာထွက်နေကြတဲ့ စားကျက်ဖြစ်နေပြီ...
.....

ခင်ဗျားမှားတယ်... မက်ဇူကာဘက်...
ခင်ဗျား facebook ကိုတီထွင်ခဲ့တာက...
ကိုယ်သိတဲ့အရာတွေကို အခြားသူတွေဆီ ဝေမျှနိုင်ဖို့...

ဒါပေမဲ့... မြန်မာပြည်မှာတော့...
အရှက်ကို အသက်နဲ့လဲမယ်ဆိုတဲ့ မိန်းကလေးတွေက ခင်ဗျားရဲ့ like ဆိုတဲ့အရာလေးတစ်ခုကြောင့် အရှက်လုံးလုံးမဲ့သွားကြပြီ...
.....

ခင်ဗျားမှားတယ်... မက်ဇူကာဘက်...
ခင်ဗျား facebook ကိုတီထွင်ခဲ့တာက...
ဗဟုသုတကြွယ်ဝအောင်လို့...

ဒါပေမဲ့... မြန်မာပြည်မှာတော့...
အသက်မပြည့်သေးတဲ့ကလေးတွေကအစ 18+ အကြောင်းတွေသိကုန်ကြပြီ၊ သားပြောမယားပြောတွေ ပြောတတ်လာကြပြီ...
.....

ခင်ဗျားမှားတယ်... မက်ဇူကာဘက်...
ခင်ဗျား facebook ကိုတီထွင်ခဲ့တာက...
နိုင်ငံတကာယဉ်ကျေးမှုတွေ ဖလှယ်နိုင်ဖို့...

ဒါပေမဲ့... မြန်မာပြည်မှာတော့...
အဆဲမပါရင် facebook မသုံးတတ်ကြတော့ဘူး၊ နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲတွေမှာပါ မရှောင် ကိုယ့်မြန်မာလူမျိုးပြိုင်ပွဲဝင်ကိုတောင် ဆဲဆိုကြတဲ့အထိဖြစ်လာကြပြီ...
.....

နောက်ပြီး... သူ့များအပေါ်အမြဲအပြစ်တင်တတ်တဲ့ မြန်မာလူမျိုးပီပီ တစ်ခုပဲပြောတော့မယ်...

"ဒါ ခင်ဗျား မကောင်းလို့!"

Credit to shinthantminzaw

Tuesday, May 17, 2016

မိန်းက​လေးဆိုတာ

မိန်းကလေးဆိုတာ~~~~🌸
(ဖတ်ကြည့်ပေးပါနော်)

ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုးနဲ့
တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တစ်ယောက်တန်ဖိုး
ဘယ်လိုမှ မတူနိုင်ဘူး

ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေးဝယ်တာနဲ့ ခိုးပြီးအလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုးအသီးသီးရှိတာပဲ

🌸

နောက်တစ်ချက် ကိုယ့်ကိုလာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူးဆို မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး

ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ်
ကိုယ့်သမီးက စည်းကျော်ပြီးပြီကိုး
သူ့ သား က လှေကား သုံးထစ်ဆင်း လူပျိုပြန်ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျိုပြန်မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီး ကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့

🌸

ပြီးတော့ နောက်တစ်ချက် တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး

အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့်အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ်

နောက်တစ်ခု ပြောရရင်
အခုခေတ်မှာ living together တွေ များလာတယ်
ရည်းစားဆိုတာနဲ့ အဆင့်ကျော်ကြတယ်
တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ
ကိုယ်နေတာက မြန်မာပြည်
မြန်မာမိန်းကလေးတစ်ယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ်

Living together နေပြီး RS goals လို့ ထင်နေတဲ့သူတွေရော
နေလိုက်ပါပြီရဲ့
အာ့ တစ်ယောက်နဲ့ လက်မထပ်ဖြစ်ရင်ရော နောက်တစ်ယောက်နဲ့လား

အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ
ဖာသည်မတွေတောင် ဘဝပေးအခြေအနေ အရ လုပ်နေရလို့
ပြောရရင် သူတို့ကတောင် ပိုသာပါတယ်

မိန်းကလေးတွေ အနေနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ
အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့

ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ်ထင်သလား
No ပါ
ယောကျာ်းဆိုတာမျိုးက 10 မှာ9 ယောက်က မရခင်သာ လိုချင်တာ လက်တည့်စမ်းချင်တာ
ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ
ယောကျာ်း အကုန်လုံးတော့မဟုတ်ပါဘူး
ဒါပေမယ့် ကောင်းတဲ့1ယောက်နဲ့ တွေ့နိုင်မယ် ထင်သလား
ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား
ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ

ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှစစ်မယ်
ကိုယ်ယူမယ့် မိန်းကလေးဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ
ငါ မပါဘူးလို့ ပြောမယ့်ယောကျာ်းတွေ ရှိမှာပဲ
ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာဖြစ်ချင်ဖြစ်မယ်
ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ

ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို  ကျေးဇူးတင်တယ်
တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက်
လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ
ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူးဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ်

အပျိုစင်ဘဝဆိုတာ ကိုယ့်ကိုတန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့်ယောကျာ်းတစ်ယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ
ပထမဆုံးအကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ
ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တစ်ခု ဖန်တီးပေးပါ

ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ကျွန်မ အပါအဝင် ကျွန်မ ပတ်ဝန်းကျင်မှာ အာ့လိုမိန်းကလေး အများကြီးရှိနေတာ ဂုဏ်ယူမိတယ်

ကျွန်မ sts လေးမြင်ပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေ တစ်ယောက်လောက် ရှိမယ်ဆိုရင်တောင် ကျေနပ်မိတယ်
စာအရှည်ကြီး ဖတ်ပေးလို့ ကျေးဇူးပါလို့❤️❤️

Credit ရွှန်းအိမွန်

Monday, May 16, 2016

ကွီး​၊ညေး၊​ခေး​၊ကျော်

ဖတ်​ဖြစ်​​အောင်​ဖတ်​​ပေးပါ။

မြန်​မာစာ မြန်​မာစကားကို တမင်​ဖျက်​လိုဖျက်​ဆီးလုပ်​​နေတဲ့သူ​တွေရှိသလို
ဘုမသိဘမသိနဲ့ သူများ​ယောင်​တိုင်းလိုက်​​ယောင်​၊
ကိုယ့်​ဘာဘာသာစကားကို ကိုယ်​ကိုတိုင်​ဖျက်​ဆီး​နေမိမှန်းမသိဘဲ ​ပြော​နေတဲ့သူ​တွေလဲ အများကြီးပါ
အဲ့တာက ​တော့ အခု​ခေတ်​စား​နေတဲ့ ကိုကြီး ➳ ကွီး၊ ညီ​လေး ➳ ​ညေး ၊နဲ့ က​လေး(ခ​လေး)➳ ​ခေးပါ။
ထားပါ​တော့​လေ
ဒါက အသံထွက်​ချင်းဆင်​လို့ ​ပြောလာတဲ့စကား​တွေပါ။
ဥပမာ ညီ​လေးဘယ်​သွားမလို့လဲ➳ ​ညေး ဘယ်​သွားမလို့လဲ။
ကျွန်​​တော်​ မုန့်​သွားဝယ်​မလို့➳ ​ကျော်​မုန့်​သွားဝယ်​မလို့။
ကိုကြီးဘယ်​သွားမလို့လဲ➳ ကွီးဘယ်​သွားမလို့လဲ။
က​လေး(ခ​လေး မိန်းက​လေးငယ်​ငယ်​ကို​ခေါ်တာ) ဘယ်​သွားမလို့လဲ➳ ​ခေးဘယ်​သွားမလို့လဲ။
အသံထွက်​က ဆင်​ပါတယ်​။ ​စကား​ပြောတာဆို​တော့ ညီ​လေးဆိုတဲ့အသံကမြန်​သွား​တော့​ညေးဖြစ်​သွားတာပါ။
ထား​တော့ ကျွန်​​တော်​​ပြောချင်​တာက
ညီ​လေးကို ​ညေးလို့အသံထွက်​တာဆင်​​ပေမယ့်​ မကြီးကို မွီးလို့အသံထွက်​တာ ဘယ်​လိုမှမဆင်​ပါဘူး။
အဲ့လိုပဲ ဘုန်းကြီးကို ဘွီးလို့ အသံထွက်​တာလဲဘယ်​လိုမှအသံထွက်​ချင်းမဆင်​ပါဘူး။
နောက်​တစ်​ခု ​ပြောချင်​တာက ဘုန်းကြီးကို ဘွီးလို့​ပြောရင်​​ကောင်းမလားဆိုပြီး မြန်​မာစကားပျက်​စီး​စေမယ့်​သတင်း နဲ့ သာသနာ့ဝန်​ထမ်း သံဃာ​တော်​မြတ်​တို့ကို အရိုအ​သေတန်​​စေမယ့်​အ​ခေါ်အ​ဝေါ်ကို စတင်​ဖြန့်​တဲ့သူက​တော့ ဦးဇဉ်းတစ်​ပါးသုံး​နေတယ်​လို့ထင်​ရတဲ့ Facebook Account ပါ။
ဦးဇဉ်းတစ်​ပါသုံး​နေတာဟုတ်​မဟုတ်​မ​သေချာပါဘူး။
ဟုတ်​တယ်​ဆိုရင်​လဲ မတင်​သင့်​​ကြောင်း​တောင်းပန်​​လျှောက်​ထားပါတယ်​ဘုရား။ မဟုတ်​ဘူး မလိုသူ သာသနာနဲ့ မြန်​မာစာကို ဖျက်​ဆီးလိုသူ က Fake Account ဖွင့်​ပြီး ဖြန့်​တယ်​ဆိုလဲ ကျွန်​​တော်​တို့ရဲ့ ဘာသာစကားနဲ့သာသနာကို မဖျက်​စီးပါနဲ့လို့ပဲ ​မေတ္တာရပ်​ခံပါတယ်​ခင်​ဗျာ။
နောက်​ထပ်​တစ်​ခု​ပြောချင်​တာက
Meme Group ​တွေမှာ (Gum 9 အများဆုံး) သံဃာကို သံဃာမှန်းမသိ၊ ဒါတင်​မက ဘုရားပုံ​တော်​နဲ့ပါ Troll လုပ်​​နေတာ​တွေ​တွေ့​နေရပါတယ်​။
လုံးဝကိုမလုပ်​သင့်​တဲ့ကိစ္စပါ။
အဲ့လိုလုပ်​တဲ့သူ​တွေဟာ ဘာသာခြားများသာမကပဲ ဗုဒ္ဓဘာသာဝင်​များပါ ပါဝင်​​နေတာ​တွေ့​နေရပါတယ်​။ လူမျိုး​ရေးနဲ့ နိုင်​ငံ​ရေးကို Troll ​နေတာကြာပါပြီ။ ဒါ​ပေမယ့်​ သာသနာကို Troll တာ။ ဘုရားပုံ​တော်​သုံးပြီး အရိုအ​သေတန်​​စေမယ့်​စကားမျိုး​တွေ ​ရေးပြီး Meme လုပ်​တာ​တွေကို​တော့ ဒီနှစ်​ပိုင်းမှ​တွေ့လာရတာပါ။ မလုပ်​ကြပါနဲ့လို့​မေတ္တာရပ်​ခံပါတယ်​။ မကိုးကွယ်​ရင်​​နေပါ မ​စော်​ကားပါနဲ့လို့။ မိဘများကလဲသားသမီးကို သံဃာကိုရို​သေရ​ကောင်းမှန်း ဘုရားကိုရို​သေရ​ကောင်းမှန်း ဟာသလုပ်​ဖို့ဇာ်​​ကောင်​အ​နေနဲ့မထားရ​ကောင်းမှန်း သိ​အောင်​သင်​​ပေးထား​စေဖို့တိုက်​တွန်းပါတယ်​။
သံဃာကို ​စော်​ကား၊ ဘုန်​ကြီးကို ဘုန်းကြီးမှန်းမသိ​တော့ပဲ ရိုင်​ပြစွာ ဆက်​ဆံ​ပြောဆို လာ​တာ​တွေကို ပြီးခဲ့တဲ့ ​ရွေး​ကောက်​ပွဲကာလမှာ စတင်​များပြားလာ​တာ​တွေ့ရပါတယ်​။ ၉၆၉ ဆွမ်းမ​လောင်း၊ မဘသ အလိုမရှိဆိုတာ​တွေ ဖြစ်​လာပါတယ်​။ ဒါ​တွေဟာ ဘာသာခြား​တွေ တစ်​ဖက်​လက်​နဲ့ ဥာဏ်​ဆင်​ပြီးတို့ဗုဒ္ဓဘာသာဝင်​​တွေရဲ့ နဂိုယဉ်​​ကျေးပြီးသားစိတ်​ကို ​အ​ရောင်​လိုကဆိုးတဲ့ စုတ်​တံ​တွေပါ။ ဒို့လူမျိုးက သူများကဒီလို​ပြောရင်​ ဒီလိုလဲဟုတ်​တာပဲ၊ ဟိုလို​ပြောရင်​ ဟိုလိုလဲဟုတ်​တာပဲဆိုပြီး၊ သိပ်​အယုံလွယ်​တတ်​ကြတယ်​။ ကိုယ်​ကိုးကွယ်​တဲ့ ဘုရားရဲ့ဗုဒ္ဓဝင်​ကိုမ​လေ့လာပဲ လူ့အခွင့်​အ​ရေးဘက်​ကိုသာ​ဇောင်း​ပေးပြီး လူတွင်​ကျယ်​လုပ်​ လူတတ်​ကြီးလုပ်​ ​မေတ္တာရှင်​ကြီးလုပ်​ပြီး သူများ​ယောင်​တိုင်းလိုက်​မ​ယောင်​ကြဖို့ အသိ​ပေးနှိုး​ဆော်​ပါတယ်​။
ဝေလင်းစိုး
17.May.2016
(အပန်းမကြီးရင်​ Share သွားလိုက်​ပါ။ Share တစ်​ချက်​ဟာမပင်​ပန်း​ပေမယ့်​ ကိုယ်​ Share လိုက်​လို့ ​နောက်​ထပ်​လူ ၁၀ ​ယောက်​ပိုဖတ်​ဖြစ်​ရင်​ ကိုယ့်​ကုသိုလ်​ပါ)

Wednesday, May 11, 2016

စိတ်​ကြွေ​ဆေးရာမ

ဘာရယ် မဟုတ်ပါဘူး ရာဘ (သို့မဟုတ်)
ရာမ ခေါ် (မြင်ဆေး) အကြောင်လေး နည်းနည်းပါးပါး ဗဟုသုတ အနေနဲ့ ဖတ်ကြည့်ကြပေါ့

 ရာမ  ကိုလွယ်သလား ခက်သလားဆိုပြီး စမ်းသပ်ချင်တဲ့ သူတွေက တပုံကြီးပေါ့တချို့တွေက သုံးဖူးတာကို ဂုဏ်ယူပြီးပြောပြတတ်သလိုတချို့တွေကသုံးဖို့ဆွဲဆောင်ကြတယ်ဘိန်းမဟုတ်ပါဘူးဘာညာပေါ့ကဲဒါဆို
 လေ့လာကြည့်ရအောင်လွယ်သလား ခက်သလား ဆိုတာကို......

..... ရာမ ဆိုတာက အရင် အခေါ်ပါအခု နောက်ပိုင်းတော့ ရာဘ လို့ ခေါ်ကြပါတယ်မြန်မာပြည်မှာ မြင်းဆေး
စိတ်ကြွရူးသွပ်ဆေးထိုင်းမှာတော့ Chocalee (ချောကလက်)အိန္နိယမှာ bhul bhuliyaအင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေမှာ shabúဘင်္ဂလားဒေ့ရှ်မှာ Pill, BABA, Gari, Guti, Boriစသဖြင့် အခေါ်အဝေါ်များစွာရှိပါသေးတယ်

ရာမ မှာပါတာကတော့ခုနက ကျွန်တော်ပြောခဲ့တဲ့ ဒုတိယကမ္ဘာစစ်သုံး
Philopon
Panzerschokolade
Methamphetamine
Pervitin
Dexedrine
ဆိုတဲ့ ဆေးတွေတဖြစ်လဲ Methamphetamine ကို high dose သုံးပြီးအခြား ဆေးဝါးများနဲ့ ရောစပ်ထုတ်လုပ်ထားတာဖြစ်ပါတယအစပိုင်းမှာMethamphetamine သီးသန့် ပါတဲ့R သို့မဟုတ် WY စာတမ်းပါအနီ အ၀ါ အစိမ်းစတဲ့ ဆေးလုံးလေးတွေ ထုတ်ပါတယ်နောက်ပိုင်းမှာတော့
ဆေးယဉ်ပါးလာသလို လူတွေမှာ မတိုးတော့တဲ့အခါကျတော့တခြား စိတ်ရောဂါပညာရှင်တွေသုံးတဲ့ စိတ်ကြွဆေးဝါးတွေကိုအတိုင်းအဆမရှိ ရောနှောပေါင်းစပ်လာပါတော့တယ်နောက်ပိုင်းပေါ်လာတဲ့
WY စာတမ်းပါ ၆မီလီမီတာ အချင်းသာရှိတဲ့ လိမ္မော်ရောင်ဆေးပြားလေးတွေဟာMethamphetamine သာမကကာဖင်းဓါတ် အလွန်အကျွံထည့်ထားပါသတဲ့အလွန်အမင်း သန့်စင်ထားတဲ့ ICE ဆိုတာကတော့ထိုးဆေးအနေနဲ့ပါသုံးကြပါတယ်အခုနောက်ဆုံးရှမ်းအရှေ့မှာကျွန်တော်ကြားဖူးခဲ့တဲ့ နောက်
ဆုံးပေါ်ဆေးကတော့ ရာအပ် လို့ခေါ်ပါတယ်ဘိန်းဖြူ ၆ ရာခိုင်နှုန်းပါဝင်ပါတယ်

.....

ဘယ်လိုတွေသုံးစွဲကြသလဲဆိုတော့

အကြောထဲထိုးတယ်ဆေးပြားလေးတွေကို မိုးရေနဲ့ဖျော် အပ်အသေးဆုံးနဲ့ အကြောထဲထည့်တာပါ အရှိန်တက်တာအရမ်းမြန်သလို(စက္ကန့်ပိုင်းအတွင်းမှာဖြစ်ပေါ်လာတာပါ)သိပ်လည်းကြောက်ဖို့ကောင်းပါတယ်
၁၀၀ မီလီဂရမ်ကနေ ၁၀၀၀ မီလီဂရမ် အထိ ဖျော်ထိုးကြပါတယ်ဆေးက အဓိကသွေးကြောမကြီးတွေထဲမှာ ခဲတတ်လွန်းလို့ သေကြတဲ့သူတွေလည်း မနည်းပါဘူး

ဆေးပြားဝါးစားတယ်ဆေးအာနိသင် ၈ နာရီကနေ ၁၆ နာရီအထိ ကြာအောင် ခံစားရပါတယ်
ရှူတာကမှ သုံးနာရီကနေ ခြောက်နာရီ အထိပဲ ကြာတတ်တာကိုးတချို့က Acid ပါလို့ စားလို့မရဘူးလို့ အထင်မှားတတ်ပါတယ်တကယ်က Methamphetamine သီးသန့်ဆေးတွေက ၀ါးစားလို့ရပါတယ်

ဆေးပြားအငွေ့ကိုရှူတယ်ဒါကတော့ သုံးသူတွေအလုပ်အများဆုံးပါဆေးပြားကို တိုက်ရိုက်မီးရှို့လို့ မကောင်းတော့ (ညှော်လို့)အပူပေးထားတဲ့ အရာတစ်ခုခုပေါ်တင်လိုက်တာပါအဲ့သည်မှာ ထွက်လာတဲ့ အငွေ့ကိုရှုတာပေါ့Safe အဖြစ်ဆုံးနည်းလမ်းပါအချို့တွေက ပိုပြီး safe ဖြစ်ချင်တော့ရေဗူးထဲကရေထဲမှာ အငွေ့ကို ဖြတ်သန်းစေပြီးမှ ရှူပါတယ်

နောက် ဆေးကို အမှုန့်ချေပြီး နှာဝမှာရှူတယ်အောက်ကတဆင့်ထည့်တယ်ပေါ့လေ အမျိုးမျိုးပေါ့
လုပ်ဖြစ်အောင်ပြောပြနေတာ မဟုတ်ဘူးနော်ဗဟုသုတ အဖြစ်ပြောပြတာပါ

.....

ကောင်းကျိုးအနေနဲ့ကတော့ သိပ်များများစားစားမရှိပါဘူးစိတ်တက်ကြွမယ်အမောခံနိုင်မယ်
ဗိုက်မဆာ ၊ အစာမစားတဲ့ အတွက် ပိန်ဆေးတဖြစ်လဲ သုံးကြတယ်ရေတို အကျိုးလေးတွေပေါ့
ဒါလောက်ပါပဲ

ဆိုးကျိုးကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါစိတ်ကြွရူးသွပ်ဆေး ဆိုတဲ့အတိုင်း အရူးဆေးပေါ့

ပထမ တစ်ချက်အနေနဲ့ သူက စွဲပါတယ်ဖြတ်ရလည်း အရမ်းခက်ပါတယ်ကိုကင်း ဟီရိုအင်းတွေထက် ဖြတ်ဖို့ ခက်ပါသတဲ့ဖြတ်ရင်လည်း ယင်း ထ တဲ့ ကာလက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပါတယ်
လူသတ်ချင်စိတ်ပေါက်နေတာဒေါသထွက်နေတာလူရင်းတွေကို မယုံတာမိမိကိုယ်ကို သတ်သေချင်တာ စသဖြင့် ကြောက်မက်ဖွယ်ကောင်းလှပါတယ်

နောက်တစ်ချက်က ဒီဆေးက ဦးနှောက်ကို အဆိပ်သင့်စေတာဖြစ်ပါတယ်မှတ်ညဏ်တွေဖျက်စီးပါတယ်
အာရုံခံအဂါ င်္တွေအားနည်းစေပါတယ် (မျက်စိဝါး နားလေး ဖြစ်လာတာပေါ့)တကိုယ်လုံးကြွက်သားတွေကို ထောက်ပံ့ပေးမှု ပျက်စီးစေတတ်လို့အောက်ပိုင်းသေတဲ့အထိ ဖြစ်တတ်ပါတယ်ဒါကြောင့် သုံးစွဲသူတွေ အနေနဲ့
သုံးပြီးသွားရင် အဆိပ်သင့်မှုကို လျှော့ချဖို့တတ်နိုင်သမျှ အချဉ်များများ စားသင့်ကြောင်း သိရှိရပါတယ်
(အသေးစိတ်ကတော့ မရှင်းတော့ပါဘူး)

နောက်တစ်ချက်က ဘာမှန်းမသိပဲ သွားတွေကျွတ်တာပါMeth Mouth လို့ သွားဆရာဝန်တွေ ခေါ်ပါတယ်
အလကားနေရင်း သွားကျိုးသွားကျွတ် ဖြစ်ပြီးနောက်ဆုံးသွားမကျန်ပဲ ဖြစ်တတ်ပါတယ်
သွားတင်လားဆိုတော့ မဟုတ်ပါဘူးဆံပင်တွေလည်း ကျွတ်ပါတယ်
ဆေးစွဲသူတော်တော်များများကို ကြည့်လိုက်ရင် ဆံပင်ကျဲတာ ပါးတာ တွေ့ရမှာပါ

နောက်တစ်ချက်က ဆေးသုံးထားတဲ့သူတွေဟာလိင်ပိုင်းဆိုင်ရာ စိတ်ပြင်းထန်ပါတယ်
ခေတ်စကားနဲ့ ပြောရင် ထန် တာပေါ့နော့Abnormal sexual manner တွေလဲ ပြပါတယ်
ကြိုးတုပ်ပြီးရိုက်တာတို့ ဘာတို့ပေါ့အဲ့ဒါကြောင့် သာမန် လူတစ်ယောက်က ဆေးသုံးထားတဲ့လူနဲ့ အတူနေလို့မရပါဘူးလုံးဝ မလိုက်နိုင်တဲ့ အတွက် သူ့အဖေါ်နဲ့ အဆင်ပြေအောင် သူပါလိုက်သုံးရပါတယ်
ဒါမှ အဆင်ပြေပါသတဲ့

ကိုယ်ဝန်ဆောင်တွေ သုံးရင် ကလေးပျက်ကျတာ လမစေ့ပဲမွေးတာတွေ ရှိပြီးအမေ့ဝမ်းထဲမှာတင် ကလေးက ဆေးစွဲနေပါတော့တယ်မွေးလာလို့ အပြင်ရောက်တော့ ဆေးမရတော့တဲ့အတွက်
အဲ့သည့်ကလေးပေါက်စနလေးဟာ ယင်းထတဲ့ ဝေဒနာခံရပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်

နောက်တစ်ချက်က အခုအသုံးများတဲ့ WY ဆေးတွေဟာ နယ်စပ်က ဆယ်ပေပတ်လည်လောက် ညစ်ပါတ်စုတ်ပြတ်နေတဲ့ ဓါတ်ခွဲခန်းများက ထုတ်လုပ်ပေးလိုက်တာဖြစ်ပါတယ်
ဘာ စံချိန်စံနှုန်းဘာ ကွာလတီ စစ်ဆေးချက်မှ မရှိပါဘူးအစောပိုင်းကပြောသလို ပိုပြင်းအောင် ဟိုဟာနဲ့စပ် ဒီဟာနဲ့စပ်လုပ်ရာကနေမသန့်ရှင်းတဲ့ ဓာတုပစ္စည်းတွေပါဝင်လာပါတယ်
ဒါတွေက သောက်မိရှူမိတာနဲ့ ကိစ္စတုံးပါတော့တယ်

.....

မြန်မာနိုင်ငံမှာတော့ ၁၉၉၅ လောက်မှာ ကရင်ပြည်နယ်က ပြောင်းရွှေ့လုပ်သားတွေ စတင်သုံးစွဲလာရာကနေ ပြည်တွင်းကို ပျံ့နှံ့လာပါတယ်ငယ်ငယ်တုန်းက အစိုးရရဲ့ မူဝါဒနဲ့ ကျွဲရိုင်းတွေ လစ်ပိုတွေပိတ်တုန်းကဆိုက်ဝါးအနေနဲ့အဲ့သည်လူနာတွေကို မြန်မာ့ရုပ်သံမှာ မေးမြန်းခန်းလုပ်တာအား
လုံးကြည့်ဖူးခဲ့ကြမှာပါဘရာဇီးရှုံးလို့ ကျွန်တော် ကတုံးတုံးလိုက်တယ်ဆိုတဲ့ စကားတောင် တော်တော်ပေါ်ပြူလာဖြစ်ခဲ့သေးတာပါပဲ

WY ဆိုတာက ၀မ်ရယ်လို့ အဓိပ္ပါယ်ရပြီး မိုင်းရယ် ကထုတ်တာလို့လည်းကောလဟာလ ထွက်ပါတယ်
ဟုတ်မဟုတ်တော့ မသိဘူးပေါ့

အစကတော့ မြင်းဆေး လို့ ခေါ်လာရာကနေနောက်ပိုင်းမှာ လူတွေသောက်လာတော့ ရာမဆိုပြီး အမည်တွင်လာပါတော့တယ်နယ်စပ်မြို့များကတဆင့် ပြည်နယ်မြို့ကြီးတွေ အဲ့သည်ကမှ တဆင့်
ရန်ကုန် မန္တလေးမြို့ကြီးတွေ အထိ ရောက်လာပါတော့တယ်အားလုံးက တားဆီးနေကြပေမယ့်
နယ်စပ်မြို့များမှာ အချိတ်အဆက်တွေနဲ့ ၀ယ်ယူလို့ရနေဆဲပါအဲ့သည့်မှာ တစ်ပြားတစ်ထောင် ထောင့်ငါးရာရှိတဲ့WY ဟာရန်ကုန်ကိုရောက်လာရင် ငါးထောင်ကနေ တစ်သောင်းအထိ ဈေးပေါက်ပါတယ်ငွေ အတွက် သယ်ယူပေးနေတဲ့သူတွေ အကြိုက်ပေါ့

.....

ဒါကတော့ ကျွန်တော်သိသမျှ ရာမ အကြောင်းပါဥပဒေအကြောင်းအရာတွေတော့ မသိလို့ မရေးတော့ပါဘူး
သေချာတာက သုံးရင် သယ်ရင် ထုတ်ရင် ထောင်ကျမှာပါပဲအဲ့ဒီအထဲကမှ သယ်သူက ပြစ်ဒဏ်အမြင့်ဆုံးပါ

ဒါ့ကြောင့်လွယ်သလား ခက်သလား ရာမ ဆိုရင်တော့ပြန်ဖြေလိုက်ပါမလွယ်ပါဘူး သိပ်ခက်ပါတယ် လို့

ပိုစ့်ပိုင်ရှင် ကိုဆေး ကိုလည်း Credit ပေးပါတယ်