Friday, March 18, 2016

ချစ်သူကောင်မလေးကို တကယ်ချစ်မှ အောက်ကစာတွေ ဆက်ဖတ်ပါ

ချစ်သူကောင်မလေးကို တကယ်ချစ်မှ အောက်ကစာတွေ ဆက်ဖတ်ပါ ☺

👉 မအော်ပါနဲ့..
ခံစားလွယ်တာမိန်းကလေးတွေပါ ချစ်သူတွေဆိုရင်ပိုတောင်ခံစားလွယ်တယ် ဘာအကြောင်းရှိရှိ မအော်ပါနဲ့ စကားနဲ့ပဲပြောပါ ☺သူတို့ပဲအော်ပါစေ😭

👉 လက်မပါနဲ့..
မိဘတွေကတောင် မရိုက်ရက်တဲ့နုနယ်တဲ့မိန်းကလေးပါ ရိုက်ဖို့နေနေသာသာ အော်တာတောင်လွန်လှပီ သူ့မိဘထက် မင်းကပိုကောင်းအောင်ထားနိုင်ရင်တောင် လက်ပါဖို့အခွင့်အရေးမရှိဖူး 😪 ( ခုတလောမိန်းကလေးတွေကပဲလက်ပါနေသလိုပဲ ) 😪

👉 အလိုလိုက်ပါ. အလျှော့ပေးပါ. သည်းခံပါ..
သူမကိုအလျှော့ပေးတာက ဘယ်လောက်ချစ်လဲဆိုတာ အလုပ်နဲ့သက်သေပြတဲ့သဘောပါပဲ
ချစ်သူဘဝမှာတောင်အလျှော့မပေးနိုင်ရင် လက်ထပ်ပီးရင်ဘယ်လိုလုပ်မလဲ? ငါ့ချစ်သူက ငါ့ကိုဘယ်လောက်အလျှော့ပေးတယ် ဘယ်လောက်ချစ်တယ်ဆိုပီး သူငယ်ချင်းတွေကိုကြွားချင်တာလည်းမိန်းကလေးတွေပါပဲ 😂 သူမကိုကြွားခွင့်ရအောင် လုပ်ပေးလိုက်ပါ 😭

👉စိတ်ကောက်ပါစေ..
သူမစိတ်ကောက်တယ်ဆိုတာ မင်းသူမအပေါ် ချစ်တာသိလို့ပါ အပြင်ပန်းကစိတ်ဆိုးချင်ယောင်ဆောင်နေပေမယ့် စိတ်ထဲက မင်းချော့တာလေးတွေကိုကြည်နူးနေတာပါ ☺

👉 ရစ်ပါစေ..
သူမရစ်တာ မင်းကို စိတ်ပူလို့တစ်ဝက်ပါတယ်ဆိုတာ သိထားပါ သူမရစ်တာလေးတောင်သည်းမခံနိုင်ရင်ဘယ်လိုအာမခံချက်နဲ့မင်းကိုလက်ထပ်နိုင်မှာလဲ 😭 ချစ်လို့ရစ်တယ် တွေးပေးလိုက်ပါ😭 ( မိန်းကလေးကလည်းသိပ်မရစ်နဲ့ပေါ့ စိတ်ညစ်ပင်ပန်းနေတုန်းသွားရစ်ရင် လူသတ်မှုတွေဖြစ်ကုန်မယ် )😁

👉 မငိုစေနဲ့..
ချစ်သူထားတာ တစ်ဘဝလုံးပျော်ရွှင်ရဖို့ပါ  သူမကို ပျော်အောင်မထားနိုင်သေးရင်တောင် ဘာအကြောင်းကြောင်းနဲ့မှ မငိုပါစေနဲ့ 😭

👉 ပူဆာပါစေ..
သူမ ပူဆာတယ်ဆိုတာ သူမအပေါ် မင်းအလိုလိုက်မှန်းသိလို့ နွဲ့ဆိုးဆိုးတာပါ တတ်နိုင်သလောက်လိုက်လုပ်ပေးပါ 😭 မိန်းကလေးကလည်း ကိုယ့်ကောင်လေးမတတ်နိုင်တာတွေသိပ်မပူဆာနဲ့ပေါ့ 😂

👉.............
ချစ်တာနဲ့ ရယူတာတခြားစီပါ.မတော်တဆမင်းနဲ့ကွဲသွားခဲ့ရင် သူမရဲ့အိမ်ထောင်ရေးမှာ မင်းရယူခဲ့တာကအမည်းစက်ဖြစ်သွားမှာပဲ..မြတ်နိုးတန်ဖိုးထားပါ 😭

အဲ့ဒါလေးတွေ လိုက်လုပ်နိုင်ရင်ကို တော်တော်ပြည့်စုံနေပါပီ
Credit to Original

No comments:

Post a Comment