သူငယ်ချင်းကောင်း (BFF) တွေဆိုတာ.....
👉🏼 ကိုက်ပြီးသားမုန့်လဲဆက်ကိုက်သလို...
သောက်ထားတဲ့အအေးလဲယူသောက်မှာပဲ.. 😍😍😍
👉🏼 "နင်အကျီင်္ိအရမ်းမိုက်တာပဲ"ဆိုပြီးပြေးကိုင်ရင်..သိလိုက်တော့..အဲ့ဒါလက်သုတ်တာ 😝😝
👉🏼 အလှဓာတ်ပုံရိုက်ပေးဖို့ထက် SnapShot ရုပ်ဆိုးပန်းဆိုးတွေရိုက်ဖို့ပဲချောင်းနေတာ 👀👀👀
👉🏼 နေမကောင်းဖြစ်ရင်သွားမပြောပြနဲ့..မုန့်ဟင်းခါးစားရဖို့နဲ့ဖဲရိုက်ဖို့ပဲစပြောတဲ့ဟာတွေ 😈😈
👉🏼 American System ကိုအမြဲကျင့်သုံးပြီး ဒကာခံရင်လဲ ကုန်းဆင်းကို ၁၆၅ဘီးလောက်တပ်တဲ့ဟာတွေ 😑😑
👉🏼 သူတို့နဲ့ရှိနေတုန်းဖုန်းလာကြည့်... ဟိုဖက်ကဘာလဲညာလဲမသိ.. အသံပေါင်းစုံနဲ့ညှောင့်လိုက်ရမှ 😐😐
👉🏼 ပိုက်ဆံချေးပြီးရင်အဆုံးလို့သတ်မှတ်ရမဲ့ထဲမှာ
အဲ့ Bff တွေထိပ်ဆုံး 😑 (အဲ့ကြားထဲဆိုက်ထားလိုက်ဆိုတာပါသေး...
ချေးတာလာဘာလားမသဲကွဲ 😂 )
👉🏼 ခွေးမူးနွားမူး မူးနေလို့နားထဲသံပုရာသီးညစ်ပေးဖူး...ကျောထုပေးဖူးတဲ့သူတွေ
👉🏼 ကိုယ့် Ph Password / Pattern ကိုယ့်ရည်းစားသာမသိရှိမယ်..သူတို့အကုန်သိတယ် 😩😩
👉🏼 ဘယ်သူတွေဘယ်လောက်ကောင်းကောင်း
လိုအပ်ချိန်မှာအနားမှာရှိတာအဲ့ဟာလေးတွေပါပဲ ☺️☺️
#သူငယ်ချင်းကောင်းဆိုတာလုပ်ယူလို့ရတဲ့အရာမဟုတ်ဘူးဆိုတာပြောမနာဆိုမနာတွေပဲသိတယ် .... #လူမစုံရင်မသောင်းကျန်းတတ်သလိုလူမစုံရင်စုံအောင်စုတာအဲ့ဟာလေးတွေပါ 😂😂
#သူငယ်ချင်းကောင်းBff တွေရှားပါးလာတဲ့ခေတ်မှာရှိတဲ့ Bff တွေကိုတန်ဖိုးထားပါ ☺️☺️
#Bunny
#Bff Goals
No comments:
Post a Comment