ရည်းစားဖြစ်ခါစ သတိထားသင့်သည်များ
--------------------------------------------
Relationship တခုရှည်ကြာဖို့၊ တည်မြဲဖို့ ဆိုတာ အစ First Impression ကအရေးကြီးပါတယ်… အစကောင်းမှ အနှောင်းသေချာ မဟုတ်ပါလား… ဒီတခါမှာတော့ ကျမအနေနဲ့ ရည်းစားဖြစ်ခါစ အချိန်တွေမှာ ညီမလေးများ အနေနဲ့ ဆောင်ရန် ၊ ရှောင်ရန်တွေကို ပြောပြချင်ပါတယ်… Relationship တခုဟာ တစ်နှစ်ကျော်မှ စပြီး အသားကျတဲ့ဘက်ကိုရောက်တာပါ…. အဲ့တော့ကျမကတော့ ရည်းစားဖြစ်ခါစအချိန် ဆိုတာ စကြိုက်တဲ့ တစ်နှစ်အတွင်းအချိန်ကို ရည်ရွယ်ပါတယ်…. ခေါင်းစဉ်ကတော့ ဘယ်လိုပေးရမှန်းမသိလို့ ဆီလျော်အောင် အဆင်ပြေသလိုပေးလိုက်ရတာကို နားလည်ပေးကြပါ… ဒီဆောင်းပါးကို အိမ်ထောင်ရှင်များမှတပါး အပျိုလူလွတ် ညီမလေးများကို (ခုမှရည်းစားနဲ့တွဲတာ မဟုတ်လဲ) ဖတ်ကြည့်စေချင်ပါတယ်… စကားချပ်အနေနဲ့ ဒီဆောင်းပါးပါ အကြောင်းအရာများဟာ ကျမရဲ့ တစ်ကိုယ်တော် အမြင်များသာ ဖြစ်သည့်အတွက် မတိုက်ဆိုင်ခဲ့သည်များရှိပါက နားလည်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံပါတယ်…. ကျမဆွေးနွေးပါမယ်နော်….
၁. အီစီကလီ ဘာညာသာရကာ အကုန်ရပ်
-------------------------------------------
အချို့ညီမလေးများက လုပ်တတ်ပါတယ်… ဒီတယောက်ကိုတော့ အဖြေပေးလိုက်တယ်…. သူကမဟန်ရင် နောက်တယောက်ကို ပြောင်းဖို့ အ၇န်လူတွေထားတတ်ပါတယ်…. ဒါဟာ လုံးဝမလုပ်သင့်ပါဘူး….သူ့ကိုလေ့လာချင်ရင် မကြိုက်ခင်လေ့လာပါ…. လွယ်လွယ်နဲ့ အဖြေပြန်မပေးပါနဲ့… အဖြေပေးပြီးပြီ ဆိုရင်လဲ သူမှတပါး အခြားယောင်္ကျားတယောက်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့… ဒီလိုပြောလို့ သူ့မကောင်းလဲ တသက်လုံး ကြိတ်မှတ်တွဲရမယ်လို့ မဆိုလိုပါဘူးနော်… သူ့မှာ ကိုယ်သဘောမကျတဲ့ အချက် ၊ ကိုယ်နဲ့ ရှေ့ဆက်လို့မရတဲ့ အချက်ရှိရင် နားလည်အောင်ပြောပြပြီး လမ်းခွဲပါ…. နောက်တယောက်ကို ကြိုက်ချင်ရင်တောင် အရှေ့တယောက်နဲ့ ဇာတ်လမ်းရှင်းမှ ကြိုက်ပါ… ပတ်ဝန်းကျင်ဆိုတာ ကျဉ်းကျဉ်းလေးပါ…. ဒီလိုလုပ်တာကို တနည်းနည်းနဲ့ ပြန်သိရင် ကိုယ်အင်မတန်သိက္ခာကျပါတယ်…. နောက်တခုက ယောင်္ကျားလေး တော်တော်များများက အရင်ကိစ္စ နဲ့ အခြားအရာတွေကို ခွင့်လွှတ်ကောင်းခွင့်လွှတ်ပေမဲ့ ဒီလိုကိစ္စမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ ခွင့်မလွှတ်နိုင်ကြပါဘူး…. ဒါကို ခွင့်လွှတ်ပေးတယ်ဆိုရင်လဲ အဲ့ယောင်္ကျားဟာ တချိန်ကိုယ့်ကို အဲ့လိုပဲဖောက်ပြန်မှာသေချာပါတယ်…..နောက်တခုကအဲ့လိုလုပ်တာကိုမိဖူးတဲ့ အရင်လူကလဲ ကိုယ်ကွယ်ရာမှာ ကိုယ့်ကို မှိုချိုးမြှစ်ချိုးပြောမှာ မလွဲမသွေပါဘဲ ညီမလေးတို့ရေ…
၂.လိုအပ်သလောက်ပဲ ချစ်ပါ
---------------------------
စစကြိုက်ခြင်းမှာ နောက်တခုဖြစ်တတ်တာက မိုးမမြင်လေမမြင် ချစ်ကြတာပဲ…. ဒီမှာ တချက်ရှင်းပြချင်ပါတယ်… ညီမလေးတို့ရေ… “အချစ်ဆိုတာ တယောက်နဲ့ တယောက်နားလည်မှု ၊ပေးဆပ်မှု တွေနဲ့ အချိန်ကာလ တခုတည်ဆောက်ယူရတဲ့ သံယောဇဉ်ပါ”…. အဲ့တော့ အခုမှ စတွေ့တဲ့သူ နှစ်ယောက်က ချစ်တယ် ဆိုတာ ဖြစ်နိုင်ပါမလား…. နိုင်ငံခြားမှာတော့ I Love You ဆိုတဲ့စကားကို တွဲကြည့်ပြီ်း အချိန်တခုကြာမှ ပြောတာပါ… ဒီမှာတော့ ဘယ်သူက စထွင်လိုက်လို့ Relationship စစချင်း "ချစ်တယ်" လို့ ပြောကြလဲ မသိပါဘူး…. ကဲ…ထားပါ… အဲ့တော့ပြောချင်တာက ဒီအချိန်မှာ (စကြိုက်ကြိုက်ချင်း) ဖြစ်တာ အချစ်မဟုတ်ပါဘူး…. ဒါဟာ ကြိုက်တာ နဲ့ ရင်ခုန်တာ ရောနေတာပါ… ရင်ခုန်တယ်ဆိုတာ ကိုယ်မသွားဖူးတဲ့ အရပ်ဒေသကိုသွားရမယ်… ကိုယ်မသိတဲ့သူတယောက်နဲ့ သေချာစကားပြောရမယ်ဆိုရင် ရင်မခုန်ဘူးလား…. ဒီသဘောပါပဲ…ကိုယ်ဟာလူတယောက်နဲ့ နောက်တဆင့်တက်ပြီး Relationship ထဲကိုဝင်ရတော့မှာမို့လို့ ရင်ခုန်တာပါ… ဒါဟာလူတိုင်းဖြစ်ပါတယ်… ရည်းစား ၁၀ ယောက်တွဲရင် ၁၀ယောက်လုံးဖြစ်မှာပါ… အဲ့… ဒါပေမဲ့ ရင်ခုန်တာကို ရင်ခုန်တဲ့ အဆင့်မှာပဲ ရပ်ပါ… feel တွေတက်ပြီး အသည်းအသန်တွေ သွားမလုပ်ပြပါနဲ့… ကိုယ်ကအဲ့လိုတွေ လုပ်ပြခြင်းက ကိုယ့်တန်ဖိုးကိုပိုကျစေပါတယ်… ကိုယ့်ကို သူတို့ တန်ဖိုးထားပြီး ချစ်နေစေချင်ရင် သူတို့ချစ်သလောက်ပဲချစ်ပါ…. ဟုတ်တယ်လေ…. ကိုယ့်ရဲ့မေတ္တာတွေက သိပ်တန်ဖိုးရှိပါတယ်… မလိုအပ်ပဲမပေးပါနဲ့… သူတို့က ချစ်အောင်နေပြမှ ကိုယ်ကချစ်ပြပါ…. အလကားရတဲ့ အရာကို ဘယ်သူမှ တန်ဖိုးမထားပါဘူး…. သူတို့က ဖုန်းမဆက်ရင် ကိုယ်ကလဲ မဆက်ပါနဲ့… သူတို့က တွေ့ဖို့မတောင်းဆိုရင် ကိုယ်ကလဲ မတောင်းဆိုပါနဲ့… သူတို့တောင်နေနိုင်သေးတာ ကိုယ်က ဘာလို့မနေနိုင်ရမှာလဲ… သူတို့ကို နေနိုင်ရကောင်းလား ဆိုပြီးတော့လဲ သွားပြသနာမရှာပါနဲ့… အဲဒါဆိုရင်တော့ အဆိုးဆုံးတွေကို လုပ်မိပြီ လို့သာမှတ်လိုက်ပါတော့…. သူကိုယ့်ကို ဖုန်းမဆက်တာ သတိမရလို့ပါ… ကိုယ့်ကို မတွေ့ချင်တာ မချစ်လို့ပါ… လွယ်လွယ်လေးကို ခက်အောင်မလုပ်ပါနဲ့… သိပြီးသားအဖြေကို သူတို့ကိုသွားမမေးပါနဲ့…. အကြောင်းပြချက်ပေါင်းစုံနဲ့ ကိုယ်ပဲ ပြသနာရှာတဲ့သူ ဖြစ်သွားပါလိမ့်မယ်… ညီမလေးတို့ သိထားဖို့က “ကိုယ်တွဲတဲ့ ရည်းစားတိုင်းက ကိုယ့်ကို ချစ်ချင်မှ ချစ်မှာပါ ၊ တခါတလေ သူတို့ကိုယ်တိုင်တောင် မသိပါဘူး…”… ဒါဟာပုံမှန်ပဲမို့… ငါ့ကျမှ ကံဆိုးလေခြင်းလို့လဲ မထင်ပါနဲ့… ဒါကြောင့် “ရည်းတထောင် လင်ကောင်တယောက်” ဆိုတဲ့ စကားပုံပေါ်လာတာပေါ့… အဲ့တော့ သေသေချာချာမှာချင်တာက “သူတို့ချစ်တာထက် ပိုပြီး ချစ်မပြမိပါနဲ့”…
၃. ငွေရေးကြေးရေးကိစ္စ
-----------------------
ဒီအချိန်မျိုးမှာ ငွေရေးကြေးရေးနဲ့ ပက်သက်ပြီး ကင်းကင်းနေဖို့ ကျမပြောပရစေ…. အထူးသဖြင့် ငွေ အချေးအဌား စတဲ့ ဇာတ်ရှုပ်တွေကို မလုပ်ပါနဲ့…. သူ့ဆီကလဲ မချေးသင့်သလို ကိုယ့်ပိုက်ဆံကိုလဲ မချေးပါနဲ့…. ဒီအချိန် နှစ်ယောက်စလုံးဟာ စောင့်ကြည့်နေတဲ့ အနေအထား ဖြစ်သလို အချိန်မရွေး ပြတ်သွားနိုင်ပါတယ်…. မိန်းကလေးတယောက်အဖို့ ငွေရေးကြေးရေး ဇာတ်လမ်းရှုပ်တယ်ဆိုတာ အင်မတန် ရှက်စရာကောင်းပါတယ်… အမှတ်တမဲ့ဆိုပြီး ယူမိရင်တောင် ၁၀၀၀ ၂၀၀၀ လောက်ပဲဖြစ်ဖြစ် ချက်ချင်းပြန်ပေးပါ…. ယောင်္ကျားလေးကို ချေးတာဆိုရင်လဲ သူသည် ကိုယ်နဲ့အချိန်မရွေးပြတ်သွားနိုင်တာကို သတိထားပါ… ကိုယ့်အတွက် မပြောပလောက်တဲ့ ပမာဏက ဘာမှမဖြစ်ပေမဲ့ အရမ်းများတဲ့ ပမာဏဆိုရင်တော့ မချေးဖို့ တားပါရစေ… နောက်တခုက ပိုက်ဆံရှင်းတဲ့ ကိစ္စပါ…. ကျမတို့ မိန်းကလေးတွေ အကျင့်ကလေ…. တခုခုသွားစားလို့ ကိုယ်ရှင်းနိုင်ရင်တောင် ရည်းစားက ငွေရှင်းပေးတဲ့အခါ အဲ့ဒါကို ဂုဏ်ယူ သာယာနေတတ်ကြတာ… ကျမ ကိုယ်တိုင်လဲ ဆယ်ကျော်သက်အရွယ်တုန်းက အဲ့လိုပဲ ဖြစ်ခဲ့ဖူးတာ ၀န်ခံပါတယ်… အမှန်တကယ်ကတော့ သွားလာ စားသောက်တယ်ဆိုတာ ယူဖို့မသေချာမချင်း (ရည်းစား သက်တမ်း ၁နှစ်အတွင်း ) ကိုယ့်တာဝန်ကိုယ်ယူတာ အကောင်းဆုံးပါပဲ…. သူက အဲ့လို Share ပြီးငွေရှင်းပေးတာကို လက်မခံရင် တယောက်တလှည့်ဆီ ငွေရှင်းတဲ့စနစ်ကို ကျင့်သုံးသင့်ပါတယ်…. အဲ့လိုလုပ်ခြင်းဟာ အပေါ်ယံမှာတော့ ဘာမှမသိသာဘူး ထင်ရပေမဲ့…. အဲ့လို ငွေရေးကြေးရေး အရှုပ်အရှင်းကင်းတဲ့ မိန်းကလေး ၊ ကိုယ့်တာဝန် ကိုယ်ယူတတ်တဲ့ မိန်းကလေးကို ယောင်္ကျားလေးများက လုံးဝ အထင်မသေးရဲပါဘူး… မယုံရင် ကိုယ့်ရဲ့ ယောင်္ကျားလေး သူငယ်ချင်းများကို မေးကြည့်ပါ…. ကိုယ်နဲ့ ပြတ်သွားးရင်တောင် ကိုယ့်မကောင်းကြောင်းပြောဖို့နေသာသာ ကိုယ့်ကို တသက်လုံး ဒီကိစ္စနဲ့ပက်သက်ပြီး အထင်ကြီးနေမှာပါ…
၎. လက်ဆောင်ပစ္စည်း
--------------------
ကျမ အပါအ၀င် မိန်းကလေး တော်တော်များများက ကိုယ့်ချစ်သူဆီက လက်ဆောင်လေးတွေရရင် တန်ဖိုးနဲနဲ များများ ပျော်တတ်ကြပါတယ်…. ဒါက မိန်းကလေးသဘာဝပဲလေ…. အဲ့လက်ဆောင်က သာမာန်ဆိုပြောစရာ မရှိပေမဲ့ တန်ဖိုးကြီးနေရင်တော့ ဒီနေရာမှာ ပြောစရာ နဲနဲပေါ်လာပါပြီ… တန်ဖိုးကြီးတယ်လို့ သတ်မှတ်ရာမှာ တယောက်နဲ့တယောက်နဲ့ တူမှာမဟုတ်ပါဘူး…. အကြမ်းဖျင်းအားဖြင့် သူ့ (ယောင်္ကျားလေး) တလ၀င်ငွေရဲ့ ၅ပုံ၁ပုံလောက် တန်ဖိုးရှိနေရင် ဒါကို တန်ဖိုးကြီးပစ္စည်းလို့သတ်မှတ်နိုင်ပါတယ်… ဒီလိုတန်ဖိုးကြီးပစ္စည်းမျိုးကို ရည်းစားသက်တမ်း တစ်နှစ် မပြည့်သေးခင်မှာပေးလာခဲ့ရင် မယူဖို့ပြောပါရစေ…. အကယ်ရွေ့ ငြင်းလို့မရခဲ့ရင် သူ့အတွက် အဲ့ပစ္စည်းနဲ့ တန်ဖိုးတူ ပစည်းတမျိုး အကြောင်းတခုရှာပြီး ပြန်ဝယ်ပေးလိုက်ပါ… ဒါဟာ ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ အင်မတန် အရေးကြီးပါတယ်… ညီမလေးများကို သိစေချင်တာက “လောကမှာ အလကားရတာ ဘာမှမရှိပါဘူး…. နောက်ကွယ်မှာ တန်ဖိုးတွေနဲ့ ပေးဆပ်နေရတာပါ”…. ကိုယ့်အသိတွေထဲမှာလဲ အဲ့လို ရည်းစားဆီက လက်ဆောင်တွေရနေတဲ့ သူမျိုးတွေရှိရင် အားကျစရာမလိုပါဘူး…. ဒါတွေအတွက် ကွယ်ရာမှာ လူမသိသူမသိ ပေးဆပ်နေရတဲ့ တန်ဖိုးတွေ ရှိပါတယ်… ဥပမာ- သစ္စာဖောက်တာမျိုး ၊ တန်ဖိုးမထားတာမျိုးလဲ ဖြစ်နိုင်ပါတယ်…. လက်ဆောင်ပေးတိုင်း တန်ဖိုးထားနေတာမဟုတ်ပါဘူး…. ဒီလိုပြောလို့ ဘာလက်ဆောင်မှ မယူရဘူးလို့ ပြောတာမဟုတ်ပါဘူးနော်…. သူ့အတွက် မပြောပလောက်တဲ့တန်ဖိုး လက်ဆောင်ပစ္စည်းဆိုရင်တော့ လက်ခံလိုရပါတယ်…. နောက်ကိုယ်ကလဲ ကိုယ့်အတွက် မပြောပလောက်တဲ့တန်ဖိုး လက်ဆောင်မျိုးတွေ ပြန်ပေးနိုင်ပါတယ်… ချစ်သူဘ၀ လက်ဆောင်လေးတွေ အပြန်အလှန်ပေးကြတာ ပျော်စရာပါ…. နောက်တခုက အထိမ်းအမှတ်ပွဲလေးတွေ ကျင်းပကြပါ…. ဟော်တယ် အကောင်း ၊ စားသောက်ဆိုင် အကောင်းဖြစ်စရာ မလိုပါဘူး…. ကိတ်မုန့်တလုံးထဲနဲ့လဲ ကျင်းပလို့ရပါတယ်…. ကျမပြောချင်တာက ရည်းစားဘ၀မှာ ဘယ်ဟာက အဓိက ၊ ဘယ်ဟာက သာမည ဆိုတာ ကိုခွဲခြားသိစေချင်တာပါ….
၅. သူ့မိသားစုနဲ့ ရင်းနှီးဖို့ အတင်းမကြိုးစားပါနဲ့
--------------------------------------------
ကျမပြောနေတဲ့ အချက်တွေက ခုခေတ်နဲ့တော့ ပြောင်းပြန်ဖြစ်နေမလားဘဲ…. ဒါပေမဲ့ ကိုယ်ဟာကိုယ် ကိုယ်ချင်းစာတွေးကြည့်ပါ…. ကိုယ့်သားရဲ့ ကောင်မလေးက ကိုယ့်ကို အရမ်းရင်းနှီးချင်နေတယ် ၊ အရမ်းဖားနေတယ်ဆိုရင် ဘယ်လိုထင်မလဲ… ကျမသာဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြမယ်နော် “ဟယ်… ဒီကောင်မလေး အိနြေ္ဒ မရလိုက်တာ… ငါ့သားကို အရမ်းလိုချင်နေလို့ ငါ့ကိုဖားနေတယ်” ပဲထင်မှာ…. မယုံရင် သားရှင် မိခင်များကို မေးကြည့်ပါ… ကျမ ညီမလေးများကို အဲ့လို အထင်ခံရမှာ အလွန်စိုးရိမ်ပါတယ်… မိသားစုနဲ့ ရင်းနှီးဖို့ဆိုတာ ကိုယ်ကလုပ်စရာမလိုပါဘူး…. တကယ်ယူမယ်ဆိုတဲ့ အချိန်ကျရင် သူ့ဟာသူ ဖြစ်လာမှာပါ… အခုအချိန်မှာ ကိုယ်က၀င်ရင် အောက်က ၀င်ရမှာပါ… တကယ်ယူမယ်ဆိုတဲ့ အချိန်ကျရင် ကိုယ့်ကို သူတို့ဟာသူတို့ နေရာတခုပေး ဆက်ဆံလာပါလိမ့်မယ်… ဒီလိုပြောလို့ သူ့မိသားစုကို မိုက်ရိုင်းရမယ် ၊ ခပ်တန်းတန်းနေရမယ်လို့ မဆိုလိုပါဘူးနော်… ကျမပြောချင်တာက တမင်တကာ လုပ်ယူပြီး မရောဖို့ပါ… မမျှော်လင့်ဘဲ ကြုံဆုံလာခဲ့ရင်သော်၎င်း ၊ အကြောင်းကြောင်းတိုက်ဆိုင်လာခဲ့ရင်သော်၎င်း ၊ သူတို့က တွေ့ဖို့တောင်းဆိုလာခဲ့ရင်သော်၎င်း ကိုယ့်ဘက်က ကျိုးနွံ ယဉ်ကျေးစွာ ဆက်ဆံပြပါ… လိုအပ်သည်များကို အလိုက်တသိလုပ်ပေးပါ… မောင်နှမဆိုရင်လဲ အကြီးကို အကြီးလို ၊ အငယ်ကို အငယ်လို ယဉ်ကျေးစွာ ဆက်ဆံပါ…. မလိုအပ်ဘဲ မလိုအပ်တဲ့ စကားများကို မပြောပါနဲ့…တချို့အရာတွေက လုပ်ယူတာထက် တဆင့်ချင်းတက်သွားတာက ပိုကောင်းပါတယ်…. ကိုယ်ကသွားပက်သက်တာထက် သူတို့သားက “ဒါသူသေချာပေါက် ယူမဲ့မိန်းမ” လို့မိတ်ဆက်ပေးတာကောင်းပါတယ်…. ပိုလဲ ကိုယ့်အတွက် သိက္ခာရှိပါတယ်… ဒီမှာ စကားချပ်နေနဲ့ မှာချင်တာက ညီမလေးတော်တော်များများက ကိုယ့်ချစ်သူကို စိတ်မချလို့ သူ့အိမ်နဲ့ ရင်းနှီးအောင် ပေါင်းကြပါတယ်…. ဒါမှ သူတို့အတွက် အတွင်းသတင်းရမှာကိုး…. အဲ့ဒါဟာ သိပ်မှားပါတယ်… အမှန်က မိသားစု အကူအညီတောင်းစရာမလိုပါဘူး… မိသားစုဆိုသည်မှာလဲ သူတို့သွေးသားကမှ ကိုယ့်ကို မလိုချင် ၊ တန်ဖိုးမထားတော့ဘူး ဆိုရင် ကိုယ်သည်သူတို့အတွက် ဘာမှမဟုတ်တော့ပါဘူး…. အဲ့တော့ ကိုယ်သည် သူတို့အမြင်မှာ ချီးထုပ်ကြီး ဖြစ်ရင်ဖြစ် ၊ မဟုတ်ရင် သနားစရာ သတ၀ါတကောင်ဖြစ်နေပါလိမ့်မယ်… အဲ့တော့ ကိုယ့်လူကိုယ်နိုင်အောင်ထိန်းပါ…. ကိုယ့်လူက တန်ဖိုးမထားရင် သူ့မိသားစုကလဲ တန်ဖိုးမထားပါဘူး… သူက ကိုယ့်ကိုတန်ဖိုးထားရင် မိသားစုက အလိုလို တန်ဖိုးထားလာမှာပါ…. သူ့မိသားစုဆိုတာ လက်ထပ်ပြီးသွားရင် (လက်ထပ်ဖြစ်ခဲ့ရင် ) ကိုယ်က တသက်လုံး ချွေးမကောင်းဖြစ်အောင် နေရမှာ ဖြစ်တဲ့အတွက် လက်မထပ်ခင်တော့(လက်ထပ်ဖို့ မသေချာမချင်း) မလိုအပ်ဘဲ မရင်းနှီးဖို့ ပြောပါရစေ…. ကိုယ်ကတော့ အကောင်းလုပ်ပေးပေမဲ့ မလိုအပ်ဘဲ ခဏခဏ မြင်ဖန်များရင် အပြစ်တွေ ဖြစ်လာတတ်လို့ပါ…
၆. ကိုယ့်မိသားစုနဲ့ ပက်သက်ပြီးတော့
-------------------------------------
သူ့မိသားစု ပြီးတော့ ကိုယ့်မိသားစု ကိစ ပြောပါမယ်…. သူ့မိသားစုနဲ့ ရင်းနှီးအောင် မကြိုးစားသင့်သလို ကိုယ့်မိသားစုနဲ့လဲ မလိုအပ်ဘဲ ရင်းနှီးအောင် မလုပ်ပေးသင့်ပါဘူး…. မောင်နှမက ကိစ္စ မရှိပါဘူး…အဓိက က မိဘနဲ့ ကိုယ့်ချစ်သူ အဖြစ် မိတ်မဆက်ပေးပါနဲ့…. ဒီလိုဆိုလိုခြင်းက မိဘကို ဖုံးကွယ်ခိုင်းတာမဟုတ်ပါဘူး… ကိုယ့်မိဘက ပွင့်လင်းတဲ့ မိဘ ဖြစ်တယ် ၊ ကိုယ်ကလဲ သူ့ကိုလေ့လာခိုင်းချင်တယ်ဆိုရင် သူငယ်ချင်းအဖြစ် မိတ်ဆက်ပေးပါ…. နောက်ကွယ်မှာတော့ ကိုယ့်မိဘကို ပွင့်ပွင့်လင်းလင်း ပြောပြပါ…. သူ့ရှေ့မှာတော့ မိဘက “ရည်းစားထားတာကိုမကြိုက်လို့ ” စတဲ့ အကြောင်းပြချက်တခုပေးပြီး တရားဝင် အသိအမှတ်မပြုပါနဲ့… ဘာလို့လဲဆိုတော့ ပြတ်ချင်တဲ့ အတွဲက မိဘသိထားလဲ ပြတ်မှာပါပဲ… ဒါပေမဲ့ ကိုယ်မိဘက သဘောတူ ကြည်ဖြူထားပါရက်နဲ့ သူကဖြတ်သွားရင် ကိုယ်တင်မကဘူး … မိဘပါ သိက္ခာကျပါတယ်…. ကိုယ့်မိဘ role ကို ကိုယ်ကပဲမြှင့်ရမှာပါ… ကိုယ့်မိဘကို သူကလေးစားနေမှ တချိန် (ယူဖြစ်ခဲ့ရင် ) ကိုယ်ပြောမရတဲ့ စကားကို မိဘက တဆင့် သွယ်ဝိုက်ပြောလို့ရမှာပါ… ကိုယ့်မိဘကတော့ သဘောကောင်းပြီး နားလည်မှုရှိပေးပေမဲ့ သူတို့( အကျင့်မကောင်းတဲ့ယောင်္ကျား) ကတော့ ပြတ်သွားရင် “မိဘကတောင် သူနဲ့ အတင်းပေးစားချင်နေသလို” ပြောလာနိုင်ပါတယ်…. နောက်တခုက ကိုယ့်မိသားစုရဲ့ စီးပွားရေး ၊ လူမှုရေး အတွင်းရေးများကို မလိုအပ်ဘဲ မပြောပါနဲ့… သူနဲ့ကိုယ်သည် ယူဖြစ်ချင်မှ ယူဖြစ်မှာပါ… ဥပမာ - ကိုယ်က ကိုယ့်မောင်နှမ နဲ့ စိတ်ဆိုးလို့ သူတို့မကောင်းကြောင်းပြောမိတယ်ဆိုပါစို့… ပြတ်သွားခဲ့ရင် “သူတို့မိသားစုကြီးက အဲ့လိုကြီးပါကွာ…” ဆိုတာမျိုးပြောလာနိုင်ပါတယ်… ဒီအချက်ဟာ ကျမတစ်ဦးတည်းရဲ့ အမြင်ဖြစ်လို့ သူများနဲ့ ကွဲလွဲနိုင်ပါတယ်…
၇. Facebook ကိုသတိထားပါ
----------------------------
ဒီအချက်ကို ကျမ ခဏခဏပြောပါတယ်… ရည်းစားဖြစ်ခြင်းသည် လက်ထပ်ရန် မသေချာသေးပါ… သာမာန် အတွဲပုံတင်တာ ကိစ မရှိပေမဲ့ လူပြောစရာဖြစ်မဲ့ ပုံမျိုး ၊ စာသားမျိုးတွေမတင်ပါနဲ့… ဥပမာ - အခန်းထဲမှာ ရိုက်တဲ့ပုံမျိုး ၊ သူအိမ် (သို့) ကိုယ့်အိမ်မှာ ရိုက်တဲ့ပုံမျိုး ….လူတွေရဲ့ အတွေးက ဒီနေရာမှာတင်မရပ်သွားပါဘူး … ပိုပြီးဆန်းပြားတဲ့အတွေးတွေ တွေးကြတာပါ…. အထူးသဖြင့် စကြိုက်တဲ့တစ်နှစ်အတွင်း ပိုသတိထားရမှာပါ…. လူတွေက ဘယ်တော့ပြတ်မလဲ စောင့်ကြည့်နေတာပါ… အကယ်ရွေ့ သူကမကောင်းလို့ ကိုယ်ဖြတ်ချင်ရင်တောင် ပတ်ဝန်းကျင်ကပြောမလား ဆိုပြီး ကြောက်နေရတာမျိုးဖြစ်အောင် မလုပ်မိပါစေနဲ့…
၆. Sex ကိစ္စ
------------
အရမ်းများ ပွင့်လင်းလွန်းရာကျမလားတော့ မသိဘူး…. ကျမကတော့ ခေတ်နောက်ပြန်ဆွဲတယ်ပဲ ပြောပြော စကြိုက်ပြီး ၈လလောက်အထိ ဒါနဲ့ပက်သက်ပြီး ရှင်းရှင်းလင်းလင်းနေဖို့ ပြောပါရစေ… ဖြစ်နိုင်ရင် တစ်နှစ်လောက်ထိ စောင့်ကြည့်သင့်ပါတယ်… အမှန်အတိုင်း ပြောရရင် တွဲခါစ တစ်နှစ်ဆိုတာ ဘာမှမသေချာသေးတဲ့ အချိန်ပါ…. ကိုယ့်ဟာကိုယ်တော့ ဟုတ်လှပြီထင်ပေမဲ့ တကယ်တမ်း ရည်းစားသက်တမ်း ၁နှစ်ကျော်မှ Relationship တခုဟာ စတင်တည်ငြိမ်တာပါ…. ကိုယ်က သူ့ကို “ချစ်ပါတယ်” လို့ အဖြေပေးခြင်းသည် sex ကိစ္စ ကို လိုက်လျောမည်ဟု ကတိပေးခြင်းမဟုတ်တဲ့ အတွက် အားနာစရာမလိုပါဘူး… ရဲရဲဝံ့ဝံ့ ငြင်းပယ်ပါ…. ဒါကိုမှ မကျေနပ်ဘူး… ဒါရမှဖြစ်မယ် ၊ ဆက်တွဲမယ် ဆိုရင်တော့ နေပါစေတော့… ကျမတို့ဟာ အိမ်ထောင်ဦးစီး ယောင်္ကျားကောင်းလိုလိုချင်တာပါ…. တနှာရူး နှာဘူးကောင်ကို ရှာနေတာ မဟုတ်ပါဘူး… ဒါမှဒါ ဖြစ်နေတဲ့ အဲ့လိုကောင်မျိုးတွေဟာ အဲ့ဒါရသွားပြီးရင် ကိုယ့်ကို အရင်လို သဲသဲလှုပ် တန်ဖိုးထားတော့မှာ မဟုတ်ဘူးဆိုတာ ညီမလေးများနားလည်ပါ… ( အချို့သော ယောင်္ကျားကောင်းများကို မဆိုလိုပါ ) ဘာလို့လဲဆိုတော့ သူတို့ရဲ့ focus ဟာ ကိုယ့်ရဲ့မေတ္တာ မဟုတ်ဘဲ sex ဖြစ်နေလို့ပါပဲ… ဟိုတလောက ညီမလေးများ ကြားမိမှာပေါ့… ကောင်မလေးက လက်ထပ်ဖို့ပြောလို့ ရည်းစားက သတ်သွားတယ်ဆိုတာတွေ…. ဒါတွေဟာ ဆက်စပ်တွေးရင် ဒီလိုအောက်တန်းကျတဲ့ ယောင်္ကျားတွေအတွက်ကတော့ sex ကိစ္စ ပြီးရင် မိန်းမတယောက်ကို သူတို့အတွက် မလိုအပ်တော့ပါဘူ…. ညီမလေးများ သင်ခန်းစာယူကြပါ… ကိုယ့်ကိုယ်ကိုတန်ဖိုးထားကြပါ…. ကိုယ့်ကိုကိုယ် တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး…
ကျမအခုပြောခဲ့တဲ့ အကြောင်းအရာတွေသည် မိန်းကလေးမှ မဟုတ်ပါဘူး…. ယောင်္ကျားလေးလဲ သတိထားသင့်ပါတယ်… ကျမကတော့ ကျမညီမလေးများ တန်ဖိုးမထားခံရမှာစိုးလို့ သူတို့ကို ရည်ညွှန်းပြီးပြောပေမဲ့ ဒါတွေဟာ အိမ်ထောင်မပြုသေးတဲ့ သူတိုင်းနဲ့ သက်ဆိုင်ပါတယ်… ညီမလေးတို့ရေ…. ယောင်္ကျားလေးတွေက မိန်းကလေးတွေကို တန်ဖိုးမထားဘူးဆိုတာ ဘာကြောင့်လို့ထင်ပါမလဲ…. ကိုယ်တွေ မိန်းကလေးတွေဘက်ကလဲ ကိုယ့်စည်းနဲ့ကိုယ်နေတတ်ဖို့ လိုပါတယ်… ကိုယ်ကလဲ သူတို့ဆီက ဘယ်အခွင့်အရေးမှယူဖို့မလိုသလို ၊ သူတို့ကို လေးစားမှ သူတို့ကလဲ ကိုယ့်ကိုပြန်လေးစားမှာပါ… အလကားယူတာများရင် အလကားပြန်ပေးရတတ်ပါတယ်… လောကမှာ အရာရာတိုင်းဟာ တန်ဖိုးကိုယ်စီ ရှိပါတယ်… ငွေကြေးမှ တန်ဖိုးမဟုတ်ပါဘူး… ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ မေတ္တာတွေကို သူတို့တန်ဖိုး မထားဘူးဆိုရင် သေချာ ပြန်စဉ်းစားကြည့်ပါ…. ☝️☝️☝️ကိုယ်ဘာမှားနေပြီလဲလို့… ဒီတယောက်နဲ့ ပြင်ဖို့ အဆင်မပြေတော့ရင်တောင် နောက်လူကျရင် ဆင်ခြင်ပါ… မဂျူးပြောတဲ့ အချက်တွေ အတိုင်းသာ နေမယ်ဆိုရင် အဲ့လူတွေက ကိုယ်နဲ့ ပြတ်သွားပြီး ကိုယ့်ရဲ့နောက်လူနဲ့တွေ့ရင်တောင် ကိုယ့်ကိုမကောင်းမပြောရဲပါဘူး… မိမိရဲ့ အမှားတခုကြောင့် မိမိရဲ့ အိမ်ထောင်ဦးစီး မျက်နှာမငယ်ရပါစေနဲ့… 🙏🙏🙏
ကျမကတော့ ကျမရဲ့ စာဖတ်သူ ညီမလေးများ ပျော်ရွှင်နေရင် ကျေနပ်ပါတယ်
Credit to Original.
No comments:
Post a Comment