Friday, March 18, 2016

အမြီးမရှိသော မြေခွေး

မြေခွေးတစ်ကောင် ရှိတယ်။ ထောင်ချောက် မိခံရပြီး ရုန်းထွက်ခဲ့ရာမှ သူ၏ အလွန်လှပသော အမြီးဖြတ်လိုက်ရပါတယ်။ နေ့တိုင်း အမြီး မရှိတာကို ကြည့်ပြီး စိတ်ဆင်းရဲမူတွေ ဖြစ်ခဲ့တယ်။

ငါရဲ့ အမြီးမရှိတာကို အခြားသူတွေမြင်သွားရင် အတော်ရုပ်ဆိုးမှာပဲလို့ တွေးမိခဲ့တယ်။ အခြားသူတွေ လောင်ရယ်မှာကိုလည်း ကြောက်ရွံနေတယ်။ ဒါကြောင့် စဉ်စားခဲ့တယ်။ နောက်ဆုံးတော့ အဖြေတစ်ခု ရခဲ့ပါတယ်။

မြေခွေးဟာ သူ့သူငယ်ချင်းတွေ အားလုံးကို ခေါ်ပြီးပြောတယ်။ ' မင်းတို့ တွေ အာလုံး မင်းတို့ရဲ့ အမြီးကို သယ်ရတာ မလေးဘူးလား၊ မင်းတို့အမြီးတွေကို ဖြတ်လိုက်မယ်ဆိုရင် မင်းတို့အားလုံး လှပပြီး ပေါ့ပါးသွားလိမ့်မယ်။ "

သူစကားပြော အပြီး အခြားသော မြေခွေးတွေက သူ့အမြီးကို ကြည့်တယ်။ သူ့အမြီး မရှိတော့တာကို သိပြီး အားလုံးက သူ့ကို လောင်ပြောင်ကြပါတယ်။ ပြီးတော့ အားလုံးက ပြောတယ်။

" မင်းမှာ အမြီးမရှိလို့ သူများ အမြီးကို မလှဘူးလို့ ပြောတာ၊ မင်းမှ အမြီးရှိရင် လှတယ်လို့ ပြောမှာ "
-
-
သင်ခန်းစာ - ကိုယ့်မှာ ဘယ်လို အားနည်းချက်တွေ ရှိရှိ ရိုးသားစွာ ဝန်ခံခြင်းဟာ အမှန်ကန်ဆုံး နည်းလမ်းပါ။ ကိုယ့်​မှာမရှိတာကို မ​ကောင်းဘူးမ​ပြောပါနဲ့။

Credit to Original

No comments:

Post a Comment