Thursday, January 7, 2016

အသဲမကွဲချင်သူတိုင်းအတွက် ( ၁၁) ချက်

အသဲမကွဲချင်သူတိုင်းအတွက် ( ၁၁) ချက်
======================
 
၁ - ရိုးသားပါ

ချစ်ခဲ့တဲ့တစ်လျှောက်လုံးရိုးသားပါ
စိတ်နဲ့တောင် တခြားသူအပေါ်မယိုင်မိပါစေနဲ့
 
 
+++++

၂ - သစ္စာရှိပါ

သူတစ်ယောက်တည်းအတွက် ရည်ရွယ်ပါ
မိမိအတွေး မိမိလုပ်ရပ်
နောက်ဆုံး အိပ်မက်တောင်ချစ်သူ့အကြောင်းပဲမက်ပါ

 
+++++

၃ - ဂိတ်ဆုံးထိချစ်ပါ

အချစ်ကိုလုံးဝမလျော့ပါနဲ့
တစ်မီတာလေးတောင် မလျော့လိုက်ပါနဲ့
 
 
+++++

၎ - အနိုင်မယူပါနဲ့

ချစ်သူကို အလျော့ပေးပါ
အမြဲတမ်းနီးပါးပေါ့
 
 
+++++

၅ - ကြင်နာပါ

ချစ်သူကို ကြင်ကြင်နာနာ ယုယုယယထားပါ
စကားလုံး အပြုအမှုက အစပေါ့
 
 
+++++
 
၆ - အလိုလိုက်ပါ

အရာရာ သူ့သဘောပဲဦးစားပေးပါ
ကိုယ်ဆိုတာ သူ့အတွက်ပေးဆပ်သူလို့သဘောထားပါ
 
 
+++++
 
၇ - ချော့ပါ

ဆိုးသမျှ သည်းခံပါ
နွဲ့သမျှခွင့်လွှတ်ပေးပါ
သူစိတ်ကောက်တိုင်းချော့ပါ
 
 
+++++
 
၈ - အတိုင်းထက်အလွန်ချစ်ပါ

သာမာန်လူတစ်ယောက် စွန့်စားနိုင်စွမ်းထက် ပိုချစ်ပြပါ
ဥပမာ- လူကြားထဲ ဒူးထောက်တာမျိုး
အိမ်ခြံကျော်ဝင်ပြီးသွားတွေ့တာမျိုး
 
 
+++++

၉ - မျှော်လင့်ချက် မထားပါနဲ့

သူ့ဆီက ဘာမှပြန်ရဖို့ မျှော်လင့်ချက်မထားပါနဲ့
အချစ်ဟာ ဈေးကွက်တခုမဟုတ်သလို
ထီလက်မှတ်တခုလည်း မဟုတ်ပါဘူး
 
 
+++++
 
၁၀ - ဖြူစင်ပါ

ချစ်သူအပေါ် ဖြူစင်ပါ
ဘာမှမစွန်းထင်းလေ ကောင်းလေပါပဲ
 
 
+++++
 
၁၁ - ရည်ရွယ်ပါ

တစ်သက်တာအတွက် ရည်ရွယ်ပါ
အပျော်သဘောချစ်သူမျိုးစိတ်မထားပါနဲ့
ချစ်သူမှအိမ်ထောင်ရှင်အထိရည်ရွယ်ထားပါ
  
  
+++++

နိဂုံး
----

ဒီအချက်တွေ သင်လုပ်ပေးခဲ့ပြီဆိုလျင်
သင့်ချစ်သူနှင့်သင် အကြောင်းတစုံတခုခုကြောင့်လမ်းခွဲကြသည်ဆိုပါစို့
သင့်ဘက်က အဆုံးထိချစ်ပေးခဲ့သည်
သင်ကိုယ်တိုင်လည်း ဘာမှပြန်မမျှော်လင့်ခဲ့
ထို့ကြောင့် သင်...အသဲကွဲစရာမလိုပါ

အသဲကွဲတယ်ဆိုတာ . . .
၁ #ချစ်သူကို အဆုံးထိမပေးဆပ်ခဲ့ရသူတွေကျ 
   အားနာစိတ်နဲ့ အသဲကွဲသွားကြတယ်
၂ #ချစ်သူကို အနိုင်ယူမိခဲ့တဲ့သူတွေကျ
   နောင်တစိတ်နဲ့ အသဲကွဲကြတယ်
၃ #ချစ်သူကို ပိုင်ဆိုင်လိုစိတ်ရှိခဲ့တဲ့သူတွေကျ
   ဒေါသစိတ်နဲ့ အသဲကွဲကြတယ်
၎ #ချစ်သူကို ဈေးကွက်လိုတွက်ခဲ့တဲ့ သူတွေကျ
   အရှုံးထွက်သွားတယ်ဆိုတဲ့အတွေးနဲ့ အသဲကွဲကြတယ်
၅ #ချစ်သူကို တုန့်ပြန်မှုတခုခုပြန်မျှော်လင့်ခဲ့တဲ့သူတွေကျ
   ချန်ရစ်ခံခဲ့ပါလားအတွေးနဲ့ အသဲကွဲကြတယ်
 
သင်အသဲကွဲနေသလား !
ဒါဆို ဘယ်အထဲပါနေပါသလဲ !
ချစ်သူကို ချစ်ဖို့သက်သက်အပြင်
ဘာတွေမျှော်လင့်ခဲ့မိနေပါသလဲ !

သင်အစစအရာရာကောင်းခဲ့ပါလျက် သူထားခဲ့လျှင်
ကျန်ရစ်ခဲ့တယ် မတွေးပါနဲ့
တခြားထောင့်က ပြန်တွေးပါ
ကိုယ့်အချစ်က တန်ဖိုးရှိလွန်း တောက်ပလွန်းတော့
သူဘက်က ဘယ်လိုမှ မယှဉ်နိုင်တော့လို့
ကိုယ့်ဆီက အကြောင်းပြချက်ရှာပြီးထွက်ပြေးသွားတယ်လို့ ခံယူပါ

တကယ်ချစ်တဲ့သူတွေဟာ
ဘယ်တော့မှ အသဲမကွဲပါဘူး
ချစ်သူက စွန့်သွားလည်း
ချစ်သူကိုအစွမ်းကုန်ပေးဆပ်ခွင့်နဲ့ ချစ်ခွင့်ရစေခဲ့တဲ့အတွက် ဝမ်းသာမနေဘူးဆိုရင်တောင်
ဝမ်းနည်းစရာတော့မရှိပါဘူး . . . . . ။

ထို့ကြောင့် သင်အသဲမကွဲနိုင်ပါဘူး . . . ။

  
   
Credit to Original

No comments:

Post a Comment