Saturday, January 2, 2016

သင့္ကိုုပိုၿပီးစမတ္က်ေစမည့္ ေဆာင္ရန္ေရွာင္ရန္ (၇)ခု

သင့္ကိုုပိုၿပီးစမတ္က်ေစမည့္ ေဆာင္ရန္ေရွာင္ရန္ (၇)ခု #Style
---------------------------------------------------------------
သင့်ကိုပိုပြီးစမတ်ကျစေမည့် ဆောင်ရန်ရှောင်ရန် (၇)ခု

သင့္ကိုလူအမ်ားက ထူးခၽြန္ထက္ျမက္သူတစ္ဦးအျဖစ္ ေလးစားေစလိုပါသလား။ တကူးတကႀကိဳဇးစားအားထုတ္ေနစရာ မလိုပါဘူး။ သင့္ပတ္၀န္းက်င္မွ လူေတြဆီကို မွန္ကန္တ့ဲအမူအယာေတြ ေဖာ္ျပေပး႐ုံနဲ႔ လူေတြရဲ႕အထင္ႀကီးေလးစားမႈကို ရရွိႏိုင္တယ္လုိ႔ လူမႈသိပံၸဆိုင္ရာသုုေတသနရလဒ္ေတြမွာ ေဖာ္ျပထားပါတယ္။ ဒီလိုအမူအယာ (၇)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဘီယာခြက္ကို ကိုင္မထားပါနဲ႔
လူအမ်ားစုဟာ မူးလာၿပီဆိုရင္ ေပါက္တတ္ကရေတြ လုပ္တတ္ၾကပါတယ္။ University of Michigan နဲ႔ University of Pennsylvania တို႔က ပူးေပါင္းေလ့လာေတြ႔ရွိခ်က္အရ ဘီယာခြက္ကိုကိုင္ထားတတ္သူကို လူေတြက ၪာဏ္ထိုင္းတယ္လို႔ ထင္တတ္ၾကပါတယ္လို႔ သိရပါတယ္။

(၂) လူအမ်ားစုႏွင့္ လမ္းေလွ်ာက္ႏႈန္းတူညီပါေစ။
လူအမ်ားစုဟာ အျခားလူေတြရဲ႕လႈပ္ရွားမႈကိုၾကည့္ၿပီး စိတ္အေျခအေနကို ဆင္ျခင္သုံးသပ္တတ္ၾကတယ္လို႔ Boston University က သုေတသီေတြက ေလ့လာေတြ႔ရွိခ့ဲပါတယ္။ အကယ္၍ သင္နဲ႔အတူသြားသူေတြထက္ ျမန္ျမန္ပဲျဖစ္ျဖစ္ ေႏွးေႏွးပဲျဖစ္ျဖစ္ လမ္းေလွ်ာက္မယ္ဆိုရင္ သင့္ကိုအားလုံးက ငတုံးတစ္ေယာက္လို႔ ယူဆတတ္ၾကတယ္လို႔ ဆိုပါတယ္။

(၃) မ်က္မွန္ထူထူတပ္ပါ။
မ်က္မွန္တပ္တာဟာ သင့္ကိုဆြဲေဆာင္မႈနည္းသြားေစေပမယ့္ ထက္ျမက္သူတစ္ဦးအျဖစ္ ပိုၿပီးထင္ရွားေပၚလြင္ေစပါတယ္လို႔ သုေတသီေတြက အၾကံျပဳထားပါတယ္။ ဒါထက္မကေသးပါဘူး။ မ်က္မွန္အမ်ိဳးအစားကလည္း အေရးႀကီးပါတယ္။ မွန္ထူထူ၊ ကိုင္းႀကီးႀကီး မ်က္မွန္ေတြ တပ္ဆင္တာက သင့္ကိုဗဟုသုတႏွံ႔စပ္သူတစ္ဦးအျဖစ္ လူေတြကယူဆတတ္ၾကပါတယ္။

🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴

(၄) ဂရပ္ေတြ အသုံးျပဳတတ္ပါေစ။
ေလ့လာမႈေတြအရ သိပၸံနည္းက်အခ်က္အလက္ေတြကို လူေတြက ယုံၾကည္ေလးစားတတ္ၾကတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ပုံေတြ၊ ဂရပ္ေတြအသုံးျပဳတတ္တာေၾကာင့္ သင့္ကိုလူေတြက ထူးခၽြန္ထက္ျမက္သူတစ္ဦးအျဖစ္ ေလးစားလက္ခံၾကမွာျဖစ္ပါတယ္။

(၅) စကားကိုရွင္းလင္းျပတ္သားစြာေျပာပါ။
အသံအေနအထားမွန္မွန္၊ အျဖတ္အေတာက္မွန္မွန္နဲ႔ စကားကိုရွင္းရွင္းလင္းေျပာတတ္တာဟာ ယုံၾကည္မႈကိုရရွိေစၿပီး ထက္ျမက္မႈရဲ႕ ျပယုဂ္တစ္ခုျဖစ္ပါတယ္။

(၆) မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ပါ။
တစ္စုံတစ္ေယာက္နဲ႔စကားေျပာတ့ဲအခါမွာ မ်က္လုံးတည့္တည့္ကိုၾကည့္ၿပီး ေျပာတာဟာ ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွွိသူ ထက္ျမက္သူေတြရဲ႕ အမူအက်င့္တစ္ခုျဖစ္ပါတယ္။

(၇) စမတ္က်က်၀တ္ဆင္ပါ။
ေတာင္းမွာ အကြပ္ လူမွာ အ၀တ္ဆိုတ့ဲစကားအတိုင္းပါပဲ။ သင္၀တ္ဆင္ထားတဲ့ အ၀တ္အစားေတြက သင့္အေပၚလူေတြရဲ႕ ထင္ျမင္ယူဆခ်က္ကို ပုံသြင္းေပးပါတယ္။ ေလ့လာမႈေတြအရ အ၀တ္အစားေတြဟာ အျခားလူေတြေပၚမွာသာမက ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိေစဖို႔ အတြက္ကိုပါ အေ႐းပါတယ္လို႔ဆိုပါတယ္။

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔
Gentleman Magazine (www.mmgentleman.com)
© 🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
Thron Htet

သင့်ကိုပိုပြီးစမတ်ကျစေမည့် ဆောင်ရန်ရှောင်ရန် (၇)ခု

သင့်ကိုလူအများက ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် အထင်ကြီးလေးစားစေလိုပါသလား။ တကူးတကကြိုဇးစားအားထုတ်နေစရာ မလိုပါဘူး။ သင့်ပတ်ဝန်းကျင်မှ လူတွေဆီကို မှန်ကန်တဲ့အမူအယာတွေ ဖော်ပြပေးရုံနဲ့ လူတွေရဲ့အထင်ကြီးလေးစားမှုကို ရရှိနိုင်တယ်လို့ လူမှုသိပ္ပံဆိုင်ရာသုတေသနရလဒ်တွေမှာ ဖော်ပြထားပါတယ်။ ဒီလိုအမူအယာ (၇)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘီယာခွက်ကို ကိုင်မထားပါနဲ့
လူအများစုဟာ မူးလာပြီဆိုရင် ပေါက်တတ်ကရတွေ လုပ်တတ်ကြပါတယ်။ University of Michigan နဲ့ University of Pennsylvania တို့က ပူးပေါင်းလေ့လာတွေ့ရှိချက်အရ ဘီယာခွက်ကိုကိုင်ထားတတ်သူကို လူတွေက ဉာဏ်ထိုင်းတယ်လို့ ထင်တတ်ကြပါတယ်လို့ သိရပါတယ်။

(၂) လူအများစုနှင့် လမ်းလျှောက်နှုန်းတူညီပါစေ။
လူအများစုဟာ အခြားလူတွေရဲ့လှုပ်ရှားမှုကိုကြည့်ပြီး စိတ်အခြေအနေကို ဆင်ခြင်သုံးသပ်တတ်ကြတယ်လို့ Boston University က သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ အကယ်၍ သင်နဲ့အတူသွားသူတွေထက် မြန်မြန်ပဲဖြစ်ဖြစ် နှေးနှေးပဲဖြစ်ဖြစ် လမ်းလျှောက်မယ်ဆိုရင် သင့်ကိုအားလုံးက ငတုံးတစ်ယောက်လို့ ယူဆတတ်ကြတယ်လို့ ဆိုပါတယ်။

(၃) မျက်မှန်ထူထူတပ်ပါ။
မျက်မှန်တပ်တာဟာ သင့်ကိုဆွဲဆောင်မှုနည်းသွားစေပေမယ့် ထက်မြက်သူတစ်ဦးအဖြစ် ပိုပြီးထင်ရှားပေါ်လွင်စေပါတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ ဒါထက်မကသေးပါဘူး။ မျက်မှန်အမျိုးအစားကလည်း အရေးကြီးပါတယ်။ မှန်ထူထူ၊ ကိုင်းကြီးကြီး မျက်မှန်တွေ တပ်ဆင်တာက သင့်ကိုဗဟုသုတနှံ့စပ်သူတစ်ဦးအဖြစ် လူတွေကယူဆတတ်ကြပါတယ်။

🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴

(၄) ဂရပ်တွေ အသုံးပြုတတ်ပါစေ။
လေ့လာမှုတွေအရ သိပ္ပံနည်းကျအချက်အလက်တွေကို လူတွေက ယုံကြည်လေးစားတတ်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ပုံတွေ၊ ဂရပ်တွေအသုံးပြုတတ်တာကြောင့် သင့်ကိုလူတွေက ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် လေးစားလက်ခံကြမှာဖြစ်ပါတယ်။

(၅) စကားကိုရှင်းလင်းပြတ်သားစွာပြောပါ။
အသံအနေအထားမှန်မှန်၊ အဖြတ်အတောက်မှန်မှန်နဲ့ စကားကိုရှင်းရှင်းလင်းပြောတတ်တာဟာ ယုံကြည်မှုကိုရရှိစေပြီး ထက်မြက်မှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

(၆) မျက်လုံးချင်းဆုံအောင်ကြည့်ပါ။
တစ်စုံတစ်ယောက်နဲ့စကားပြောတဲ့အခါမှာ မျက်လုံးတည့်တည့်ကိုကြည့်ပြီး ပြောတာဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူ ထက်မြက်သူတွေရဲ့ အမူအကျင့်တစ်ခုဖြစ်ပါတယ်။

(၇) စမတ်ကျကျဝတ်ဆင်ပါ။
တောင်းမှာ အကွပ် လူမှာ အဝတ်ဆိုတဲ့စကားအတိုင်းပါပဲ။ သင်ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေက သင့်အပေါ်လူတွေရဲ့ ထင်မြင်ယူဆချက်ကို ပုံသွင်းပေးပါတယ်။ လေ့လာမှုတွေအရ အဝတ်အစားတွေဟာ အခြားလူတွေပေါ်မှာသာမက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေဖို့ အတွက်ကိုပါ အရေးပါတယ်လို့ဆိုပါတယ်။

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
© 🄶🄴🄽🅃🄻🄴🄼🄰🄽 🄼🄰🄶🄰🅉🄸🄽🄴
Thron Htet

No comments:

Post a Comment