Friday, January 29, 2016
FB ပေါ်မှဧည့်ဝတ်
FB ပေါ်မှဧည့်ဝတ်
*****************
fb ပေါ်မှာကိုယ်တင်တဲ့ statue ကို
တစ်စုံတစ်ယောက်ကlike ပေးတယ်
ဆိုတာ...
အသိမိတ်ဆွေအချင်းချင်း...
လမ်းမှာဆုံလို့ ...ခေါင်းလေးဆတ်
အသိအမှတ်ပြုတာနဲ့...
ဲ့တူပါတယ်..
ကိုယ်တင်ထားတဲ့ statue ထဲ
တစ်စုံတစ်ယောက်က...
comment ဝင်ပေးတယ်ဆိုတာ
ကိုယ့်အိမ်ကိုအလည်လာတာနဲ့ 
ဲ့တူပါတယ်...
တစ်စုံတစ်ယောက်ပေးတဲ့ comment
ကို ...
ကိုယ်က like ပြန်ပေးတယ်ဆိုတာ
အပြုံးလေးနဲ့ကြိုဆိုတာနဲ့ 
ဲ့တူပါတယ်...
တစ်စုံတစ်ယောက်ရဲ့comment
ကို...
ိုကိုယ်က reply ပြန်တယ်ဆိုတာ
စားသောက်ဖွယ်ရာတည်ခင်းပြီး
ဧည့်ခံတာနဲ့တူပါတယ်...
အပြိုင်အဆိုင် comment
ပေးတယ်ဆိုတာ...
အချင်းချင်းစကားလက်ဆုံကြနေတာနဲ့ 
ဲ့တူပါတယ်...
တစ်စုံတစ်ယောက်ကကိုယ့်ကို
tag ပြီး ...
statue တင်တယ်ဆိုတာ...
အမှတ်တရလက်ဆောင်ပေးတာနဲ့
တူပါတယ်...
ဒါပေမယ့်ကွယ်!!!
ကိုယ်က...ဆုံလိုက်တိုင်း
ခေါင်းလေးဆတ်...အသိအမှတ်
်ပြုမေမယ့်...
့်မသိကျိုးကျွန်ပြုတာကို...
ခံရတာများလာတဲ့အခါ...
ဧည့်သည်ချင်းအတူတူ...
ကိုယ့်ကိုမှ...ရွေးပြီး...
ဧည့်ဝတ်...မပြုတဲ့အခါ
ကိုယ်ပေးလိုက်တဲ့...
အမှတ်တရလက်ဆောင်လေးကို
ိုရှူပ်တယ်ဆိုပြီး...လွှင့်ပစ်တာ
သိရတဲ့အခါ...
ပြောကြည့်စမ်းပါ
သင်ဆိုရင်ရော...
ဘာဆက်လုပ်မလဲဟင်???
            Credit to   ( ပန်းကလေး )
Tuesday, January 26, 2016
ဂစ်​တာတီးနည်း
(၁)Rock Guitar တီးနည်း (ညီညီထွေး)
http://www.mediafire.com/?8ffjxou8bwb6f6y
(၂) လိဒ်ဂစ်တာ တီးခတ်နည်း (ဂီတမှူး P.Morgan)
http://www.mediafire.com/?q82ba12vt5h46r9
(၃) သီချင်းဆိုလေ့ကျင့်လိုသူများအတွက် Vocal Lesson (ခိုင်ကျော်)
http://www.mediafire.com/?zc3rbhb4ibcvc2a
(၄)အဆင့်မြင့် လိဒ်ဂစ်တာတီးခတ်နည်း (ခိုင်ကျော်)
http://www.mediafire.com/?cltw13gxvpdumxi
(၅)အခြေခံကီးဘုတ်တီးနည်း (ခိုင်ကျော်)
http://www.mediafire.com/?jq8o2sjltnnx5qn
(၆)အခြေခံစန္ဒယားတီးနည်း (ခိုင်ကျော်)
http://www.mediafire.com/?r5ij1add5m4a37j
(၇)မဟာဂီတ ပေါင်းချုပ် (မဟာဂီတ ဦးပြုံးချို)
http://www.mediafire.com/?dcbqjoz9qqbib70
(၈)မြန်မာ့မဟာဂီတ (လူထုဒေါ်အမာ)
http://www.mediafire.com/?f2vo9ttkyjt2cjx
(၉)Fl Studio 10 စာအုပ် (၀င်းဟိန်း)
http://www.mediafire.com/?uk49v7a5w4ok6du
(၁၀)အခြေခံဒရမ်တီးခတ်နည်း (ထက်မိုး)
http://www.mediafire.com/?kq079dxngoayo2c
(၁၁)ကော့ဒ်တစ်ခုမှ ကော့ဒ်တစ်ခုဆီသို့
သီချင်းရေးလိုသူတွေသိထားရမည့်အသံ (၅)သံ(အလိမ္မာ)
http://www.mediafire.com/?q5udq1bowjnvblc
(၁၂)ကီးနှင့်ကောဒ် (အလိမ္မာ)
http://www.mediafire.com/?h81k96h1ry69f3m
(၁၃)ကော့ဒ်များဖြင့် တေးသီချင်းများ တည်ဆောက်ခြင်း (အလိမ္မာ)
http://www.mediafire.com/?4p348ogtaua4d0r
(၁၄)အိတ်ဆောင် ဂစ်တာကော့ဒ် (ကိုပေါက်)
http://www.mediafire.com/download/ab4zesh9v3bja9k/kopauk%20(onairmm).pdf
(၁၅)လိဒ်ဂစ်တာတီးခတ်နည်း ဒုတိယဆင့် (ကိုပေါက်)
http://www.mediafire.com/download/z93pdiz1cmac126/kopautleadguitar%20(onairmm).pd
(၁၆)ဆရာလွတ်အခြေခံ လိဒ်ဂစ်တာကော့ဒ်(တက္ကသိုလ်နိုင်ဝင်းထွန်း)
http://www.mediafire.com/download/kxss74xioaryu22/takathowinngtun(onairmm).pdf
(၁၇)ဘေ့စ်ဂစ်တာတီးခတ်နည်း ( P.morgan)
http://www.mediafire.com/download/iedj0uq1re6b8rb/pdf
Credit to Original
Thursday, January 21, 2016
အသံထွက်မှားများ
အသံထွက်မှားများ
--------
Company
အသံထွက်မှား - ကုမ္ပဏီ --> ❌
အသံထွက်မှန် - ကမ်ပဏီ --> ✔
Sure
အသံထွက်မှား - ရှုးဝါး --> ❌
အသံထွက်မှန် - ရှောရ် --> ✔
Area
အသံထွက်မှား - အေရိယာ --> ❌
အသံထွက်မှန် - အဲရိယာ --> ✔
Coconut
အသံထွက်မှား - ကိုကိုးနတ် --> ❌
အသံထွက်မှန် - ကိုးကနတ် --> ✔
Binocular
အသံထွက်မှား - ဘိုင်နိုကျူလာ --> ❌
အသံထွက်မှန် - ဘီနောကရူလာ --> ✔
Potato
အသံထွက်မှား - ပိုတေးတိုး --> ❌
အသံထွက်မှန် - ပတေးဒိုး --> ✔
Tomato
အသံထွက်မှား - တိုမားတိုး --> ❌
အသံထွက်မှန် - ထမေ့ဒိုး --> ✔
Horizon
အသံထွက်မှား - ဟော်ရီဇွန် --> ❌
အသံထွက်မှန် - ဟရိုင်းဇန်း --> ✔
Vinyl
အသံထွက်မှား - ဗီနိုင်း --> ❌
အသံထွက်မှန် - ဗိုင်းနယ်လ် --> ✔
Nike
အသံထွက်မှား - နိုက်က် --> ❌
အသံထွက်မှန် - နိုက်ကီ --> ✔
Car
အသံထွက်မှား - ကား --> ❌
အသံထွက်မှန် - ခါး --> ✔
Massage
အသံထွက်မှား - မာဆက်ဂ်ျ --> ❌
အသံထွက်မှန် - မက်ဆာ့ဂ်ျ --> ✔
Sprocket
အသံထွက်မှား - စပေါ့ကတ် --> ❌
အသံထွက်မှန် - စပရော့ခ်ကတ်ထ် --> ✔
Oil
အသံထွက်မှား - ဝိုင် --> ❌
အသံထွက်မှန် - အွိုင်း --> ✔
Chivas
အသံထွက်မှား - ချီးဗက်စ် --> ❌
အသံထွက်မှန် - ရှီဗာ့စ် --> ✔
Chicago
အသံထွက်မှား - ချီကာဂို --> ❌
အသံထွက်မှန် - ရှေကာဂို --> ✔
Fahrenheit
အသံထွက်မှား - ဖာရင်ဟိုက် --> ❌
အသံထွက်မှန် - ဖယ်ရင်ဟိုက် --> ✔
Elite
အသံထွက်မှား - အီလိုက် --> ❌
အသံထွက်မှန် - အေလိထ် --> ✔
Chevrolet
အသံထွက်မှား - ချက်ဗလက် --> ❌
အသံထွက်မှန် - ရှယ်ဗရလေ --> ✔
Hyundai
အသံထွက်မှား - ဟွန်ဒိုင်း --> ❌
အသံထွက်မှန် - ဟရွန်းဒေး --> ✔
Purpose
အသံထွက်မှား - ပါပို့စ် --> ❌
အသံထွက်မှန် - ဖပက်စ် --> ✔
Novel
အသံထွက်မှား - နိုဗယ် --> ❌
အသံထွက်မှန် - နော်ဗဲလ် --> ✔
--------------------
အခေါ်အဝေါ်ကြောင့် နားလည်မှုလွဲနိုင်သည်များ
--------------------
ဂျာနယ်စာစောင်
Journal --> ❌
Local News --> ✔
ဖုန်းလိုင်းမမိ
No Phone Line/Bar --> ❌
No Reception --> ✔
ခဏအိပ်စက်ခြင်း
Sleep for awhile --> ❌
Take a nap --> ✔
ပုဆိုး
Blouse --> ❌
Sarong --> ✔
ပါဆယ်ဆွဲမယ်။
taking parcel --> ❌
Take away/To go --> ✔
လာကြိုမယ်။
come and take you --> ❌
fetch you --> ✔
ပလက်ဖောင်း
platform --> ❌
pavement --> ✔
အခြားထည့်သွင်းဖော်ပြစေလိုသည်များ မန့်တွင် ဆက်လက်ရေးသားပေး ကြပါရန်။
(မှတ်စုကြမ်း)
Wednesday, January 20, 2016
အဖေ
အဖေ
ညညဆိုအရက်မူးမူးပြီးပြန်လာတဲ့"အဖေ"...ဆိုတဲ့လူကြီးကို...သား...မချစ်ခဲ့ဖူးဘူး...
"မူပြီးပြန်လာရင်...အာလေးလျှာလေးအသံကြီးနဲ့
"အေ့.မိန်းမ..ငါ့သားကိုထမင်းခွံ့ပြီးပြီလားကွ"လို့မေးတဲ့ "အဖေ "ဆိုတဲ့လူကြီးကို"သား"ချစ်ရမှန်းမသိခဲ့ဘူး....
အရက်နံတွေတစ်ထောင်းထောင်းထနေတဲ့ "အဖေ"နှာခေါင်းကြီးနဲ့ သားပါးကိုနမ်းခဲ့တဲ့ "အဖေ"ဆိုတဲ့လူကြီးရဲ့အနမ်းကို"သား"မနှစ်မြို့ခဲ့မိဘူး"အဖေ"
"အမေ"ကအရက်သောက်လာလို့ဆူတိုင်း "အလုပ်ပင်ပန်းလို့ပါကွာ"လို့အကြောင်းပြတတ်တဲ့ "အဖေ"ဆိုတဲ့လူကြီးကို...သားသိပ်အမြင်ကပ်ခဲ့တာ...
လူတွေက "အဖေ"နဲ့"အမေ"ဘယ်သူ့ကိုပိုချစ်လဲမေးတိုင်းဘာမှ..မဖြေပဲ..အမေ့ရင်ခွင်ထဲ အတင်းတိုးဝင်တော့..."အဖေကောမချစ်ဘူးလားကွ"ဆိုပြီး သားပါးလေးကိုဖွဖွလေးလိမ်ဆွဲပြီး
သားချိုးဖို့...ရေသွားခပ်ပေးတဲ့"အဖေ"ဆိုတဲ့ လူကြီးကို...သား...နားမလည်ခဲ့မိဘူး...
"အဖေ"မြို့သွားလို့...ခေါ်တိုင်း'မလိုက်ချင်ဘူး'
လို့ဇွတ်ငြင်းတဲ့...သားအတွက်..မြို့ကအပြန်လာရင်...စမူဆာမုန့်တွေဝယ်လာပေးတဲ့"အဖေ"ဆိုတဲ့လူကြီးကို...သား မချစ်ခဲ့ဖူးဘူး..."သား"ကို...ကုတင်ပေါ်ကပြုတ်ကျရမလားဆိုပြီး အမေ့ကိုရိုက်တဲ့"အဖေ"ဆိုတဲ့လူကြမ်းကြီးကို...သား...မချစ်ခဲ့ဖူးဘူး..."အဖေ"ရဲ့လက်ကြမ်းကြမ်းကြီးနဲ့...ပွေ့ချီတိုင်း"ဗြဲ"လို့အော်ငိုတတ်တဲ့...သားကိုခါးမှာလိမ်ထားတဲ့...ဘာလီချိုချဉ်လေးနဲ့ချော့ခဲ့တဲ့..."အဖေ"ဆိုတဲ့လူကြီးကို...ပြန်ပြီးဖတ်ထားရမှန်း"သား"...မသိခဲ့မိဘူး...
"သား"ရေတွင်းပျက်ထဲပြုတ်ကျတော့"အမေ"ကငယ်သံပါအောင်အော်ပြီးအကူအညီတောင်းနေပေမယ့်"ဝုန်း"ကနဲခုန်ချပြီး"သား"ကိုကယ်ခဲ့တဲ့"အဖေ"ဆိုတဲ့လူကြီးကို"သား"ကျေးဇူးတင်ရမှန်းမသိခဲ့မိဘူး...
သား... ငှက်ဖျားရောဂါအပျင်းအထန်ဖြစ်တော့...ရွာကဆေးခန်းမနိုင်လို့...မြို့ကိုသွားရတဲ့အခါ...ကားလမ်းမပေါက်တော့...သတိလစ်နေတဲ့သားကို..ပွေ့ပြီးမြို့အရောက်ပြေးခဲ့တဲ့..."အဖေ"ဆိုတဲ့လူကြီး "သား"အသက်သခင်မှန်းမသိခဲ့မိဘူး.......
သိလိုက်တဲ့အချိန်ကျတော့...အဖေက သား တို့မိသားစုလေးကိုစွန့်ခွာ...တမလွန်ရွာမှာ...နားနေရှာပြီလေ...ခုတော့...သားလေ...ညည...မူးမူးလာတဲ့...အဖေဆိုတဲ့လူကြီးကို...သားလွမ်းမိတယ်...အဖေ...ဖြစ်နိုင်ရင်လေ...သားတို့ဆီကိုညညမူးမူးပြီးပြန်လာခဲ့ပါဦး...အရက်နံ့တထောင်းထောင်းထနေတဲ့...အဖေနှာခေါင်းကြီးနဲ့...သားကိုလာနမ်းလှည့်ပါဦး...အဖေ...
"အဖေမူးပြီး...အာလေးလျှာလေးကြီးနဲ့ပြောတဲ့အသံကို...သားနားထောင်ချင်သေးတယ်...အဖေ..
လူတွေကအဖေနဲ့အမေဘယ်သူ့ကိုပိုချစ်လဲမေးတဲ့အခါ...အဖေ့ရင်ခွင်ထဲ...သား...တိုးဝင်ချင်လို့...ပြန်လာခဲ့ပါဦး.....ဖေဖေရယ်....………သားဂုဏပြုလိုက်ပါတယ် ဖေဖေ
Credit original writer
Saturday, January 16, 2016
ချစ်သူကောင်မလေးစိတ်ဆိုးနေရင်
ချစ်သူကောင်မလေးစိတ်ဆိုးနေရင်
-ကတိတွေ အထပ်ထပ်ပေးရမယ်
-reply မလာရင်လဲ မတ်ဆေ့ခ်ျတွေ အရှည်ကြီးပို့ပြီး
  တောင်းပန်ရမယ်
-black list ပြန်ဖြုတ်ပြီး ကိုင်တဲ့အချိန်ထိ
  မကြာမကြာဖုန်းဆက်နေရမယ်
-အချိုးပြေပြေနေရမယ်
-တခြားတစ်ယောက်နဲ့ ရယ်မောနေရင်လဲ
  စိတ်ရှည်ရှည်နဲ့ သည်းခံရမယ်
-သူကြိုက်လောက်မဲ့ အရုပ်ဖြစ်ဖြစ် ပစ္စည်းဖြစ်ဖြစ်
  လက်ဆောင်ပို့ပေးရမယ်
အလွန်ဆုံးကြာ တစ်ပတ်ပေါ့
စိတ်ဆိုးပြေသွားလိမ့်မယ်
==============================
ချစ်သူကောင်လေး စိတ်ဆိုးနေရင်
ခြေဖျားထောက် ပါးကိုနမ်းပြီး
"ဘာလဲ စိတ်ဆိုးနေတာလား" လို့
တစ်ခွန်းမေးလိုက်
အလွန်ဆုံးကြာ တစ်မိနစ်ဘဲ
စိတ်ဆိုးပြေသွားလိမ့်မယ်
Credit, Zay Yar
စကားကြီးလေးခွန်းပုံပြင်
စကားကြီးလေးခွန်းပုံပြင်
••••••••••••••••••••••••••••
  ရှေးတုန်းကတိုင်းပြည်တစ်ပြည်မှာမင်းလုပ်
အုပ်ချုပ်နေတဲ့ဘုရင်ကြီးတစ်ပါးဟာတစ်နေ့
မှာသူဆင်းရဲတစ်ယောက် အယောင်ဆောင်
ရုပ်ဖျ က်ပြီးတိုင်းပြည်အခြေအနေလေ့လာဖို့
မင်းနေပြည်ကတိတ်တဆိတ်ထွက်ခဲ့ပါတယ်
  သူ ပထမဆုံး ရောက်ခဲ့တဲ့နေရာက အလွန်
ဆင်းရဲတဲ့အဖိုးအိုလင်မယားနေတဲ့တဲအိမ်အ
စုတ်ကလေးဆီကိုပါ။
    အဖိုးအိုလင်မယားဟာပင်ပမ်းဆင်းရဲစွာနဲ့
ယာခင်းထဲမှာ စိုက်ပျိုးလုပ်ကိုင် စားသောက်
နေရတာအယောင်ဆောင်ဘုရင်ကြီးတွေ့ရပါ
တယ် ။ ဒီမှာတစ်ညအိပ် တည်းဖို့ခွင့်တောင်း
တော့အဖိုးအိုလင်မယားကခွင့်ပြု ပြီးလိုလေး
မရှိအောင်လဲရှိတာလေးနဲ့ဧည့်ခံကျွေးမွေးကြ
ပါတယ်။ လူဆင်းရဲပေမယ့်စေတနာမဆင်းရဲ
တဲ့ အဖိုးအိုလင်မယားကို အယောင်ဆောင်
ဘုရင်ကြီးစိတ်ထဲကြိတ်ပြီး ကျေးဇူးတင်နေမိ
တာပေါ့။ ညကျတော့အိပ်ယာမဝင်ခင် အတူ
ထိုင်စကားစမြီပြောကြတဲ့အခါဘုရင်ကြီးက..
  " အဖိုးတို့မှာစားမယ့်သောက်မယ့်လူလဲမရှိ
ဘဲ ဘာလို့ ဒီလောက် ပင်ပမ်းကြီးစွာ အလုပ်
တွေလုပ်နေရတာလဲ.. ဒီအရွယ်ဆိုတာသား
ထောက်သမီးခံအလုပ်လွှဲထားပြီးဘုရားသွား
ကျောင်းတက်လုပ်နေရမှာမဟုတ်လော "..
ဟုပြောပါတယ်။ဒီအခါအဖိုးအိုကဒီလိုပြန်ပြီး
ပြောပါတယ်...
  "အမောင်ပြောတာဟုတ်တော့လဲဟုတ်ပါရဲ့
ဒါပေမယ့်သားသမီးဆိုတာလဲသူ့မီးနဲ့သူ့ အပူ
ဖြစ်နေကြတာကလား.. ကျုပ်တို့မှာလဲကိုယ်
စားဘို့တင်မကခိုးမှူးကြီးလဲပေးရသေးတယ် အာဂန္တု ဧည့်သည်ကိုလဲကျွေးရတယ်..သမုဒ္ဒ
ရာထဲလဲပစ်ချ နေရသေးတယ်ရန်သူကိုလဲရှာ
ဖွေကျွေးမွေးနေရပါတယ် "
အဖိုးအိုစကားကဘုရင်ကြီးအတွက်ထူးဆန်း
နေပါတယ်။ အဓိပ္ပါယ်ကိုလဲသဘောမပေါက်
တာကြောင့်အဖိုးအိုကိုပြန်မေးမိတော့တယ်။   
"အဖိုးစကားရဲ့အဓိပ္ပါယ်ကိုတဆိတ်လောက်
ရှင်းပြပါလားခင်ဗျာ.."
  ဒီအခါအဖိုးအိုကအဓိပ္ပါယ်ကိုရှင်းပြပါတယ်
  "ဒီလိုပါအမောင်.ခိုးမှူးကြီးကိုပေးရတယ်ဆို
တာကတိုင်းပြည်ကိုဓားပြသူခိုးရန်သူမျိုးတွေ
ရဲ့ရန်က ကာကွယ်ပေးထားတဲ့ဘုရင်မင်းမြတ်
တို့အားအခွန်ဘဏ္ဍာ ဆက်သပေးနေရတယ်
လို့ဖြစ်ပါတယ် "
"ဘုရင်ကိုဘာလို့ခိုးမှူးးကြီးဆိုရပါသလဲအဖိုး"
  "ကျုပ်တို့တွေနဖူးကချွေးခြေမကျအောင်ရှာ
ဖွေထားရတဲ့ဥစ္စာတွေကိုသူခိုးဓားပြလက်မပါ
ရအောင်ကာကွယ်ထိန်းသိမ်းပေးနိုင်စွမ်းရှိလို့
ခိုးသူတို့ရဲ့အကြီးအမှူးလို့ဆိုလိုတာပါ "
  ဘုရင်ကြီးဟာ အဖိုးအိုရဲ့အဖြေကို သဘော
ကျ သွားပါတယ်။ ဒါနဲ့နောက်ထပ်စကားတစ်
ခွန်းကိုထပ်မေးပြန်ပါတယ်။
   "အာဂန္တု ဧည့်သည်ကိုကျွေးမွေးရတယ်ဆို
တာကရော ဘယ်လိုအဓိပ္ပါယ်ပါလိမ့်ဗျာ "
"လောကမယ်မိဘကကျွေးမွေးစောင့်ရှောက်
ခဲ့ရတဲ့ သားသမီးဆိုတာ တကယ်တော့ ဧည့်
သည်တွေပါဘဲအမောင်..အချိန်တန်အရွယ်
ရောက်တဲ့အခါသူတို့လမ်းသူတို့လျှောက်ကြ
တာဘဲ မဟုတ်လား ဒါကြောင့်သူတို့ကို အာ
ဂန္တု့ လို့ဆိုရတာပါမောင် "
   ဒီစကားကိုလဲဘုရင်ကြီးသဘောကျ ပြန်ပါ
တယ်။နောက်ထပ်စကားအဓိပ္ပါယ်ကိုလဲထပ်
မေးလိုက်ပြန်တယ်..
"သမုဒ္ဒရာထဲလဲချ ရတယ်ဆိုတာကရောဘာ
အဓိပ္ပါယ်ပါလဲအဖိုး "
  "ဒါကဒီလိုပါ..ချောင်းမြစ်အသွယ်သွယ်တို့
ကလာတဲ့ရေမှန်သမျှ ဟာပင်လယ်သမုဒ္ဒရာ
ထဲစီးဝင်ကြပေမဲ့ပြည့်ရိုးထုံးစံမရှိသလိုဘဲတ
နေ့တနေ့ကျုပ်တို့စားသမျှ အားလုံးဝမ်းခေါင်း
ထဲမှာပြည့်တယ်လို့မရှိတာအမောင်အသိဘဲ
မဟုတ်လား.. ဒါကြောင့်သမုဒ္ဒရာထဲပစ်ထဲ့ရ
တယ်ဆိုတာရှာဖွေရသမျှကျုပ်တို့အသက်ရှင်
သန်ဖို့ဒီဝမ်းခေါင်းထဲအစာစားပြီးဖြည့်ထဲ့နေရ
တယ်လို့ဆိုလိုတာပါဘဲ "
  "ဒါဆိုနောက်ဆုံးစကားရန်သူကိုရှာဖွေကျွေး
မွေးနေရတယ်ဆိုကရော.."
  "ဒါက ပိုအရေးကြီးပါတယ် အမောင်..ကိုယ်
ကချစ်ကြင်လို့ပေါင်းသင်းနေထိုင်နေတဲ့ဇနီးမ
ယားဟာကိုယ့်ရဲ့ရန်သူပါဘဲ.."
  "အလို ဒီစကားကတော့အဆန်းပါလား ရှင်း
ပြပေးပါဦးအဖိုးရဲ့ "
"စိတ်တူကိုယ်တူဆိုပြီးကိုယ်ကချ စ်ခင်ပေါင်း
သင်းနေပေမဲ့ ကိုယ့်ရဲ့အသက်စည်းစိမ်ကိုအ
များဆုံးဒုက္ခပေးနိုင်ချေရှိတာဒီဇနီးမယားပါဘဲ
အမောင်..ဒီစကားကတော့အရေးကြုံ လာတဲ့
အခါမှအမောင်သိပါလိမ့်မယ်.. အခုကတော့
ရန်သူကိုလဲရှာဖွေကျွေးမွေးနေတယ်ဘဲ မှတ်
သားလိုက်ပါအမောင် "
နောက်ဆုံးစကားကိုဘဝင်မကျ ပေမယ့်မှတ်
သားလောက်စရာ မို့လက်ခံလိုက်ပြီး သူဟာ
ဘုရင်ဖြစ်ကြောင်း ပြောဆိုလိုက်တော့ အဖိုး
အိုလင်မယားဟာ ပြူးပြူ းပ် ာပ် ာ ဖြစ်သွားပါ
တော့တယ်..။
"မကြောက်ကြပါနဲ့အဖိုး..တစ်ခုတော့ပြောပါ
ရစေအခုအဖိုးပြောတဲ့စကားကြီးလေးခွန်းကို
တော့ဘယ်သူကိုမှမပြောမိစေဖို့မှာခဲ့ပါရစေ..
တကယ်လို့ပေါက်ကြားခဲ့ရင်သေဒဏ်သင့်မှာ
ကိုသဘောပေါက်စေချ င်တယ်.."
"မပေါက်ကြားစေဖို့ဂတိပေးပါတယ်မင်းကြီး"
  ဤသို့ဖြင့်ဘုရင်ကြီးလဲနန်းတွင်းပြန်သွားပြီး
နောက်တစ်နေ့ညီလာခံတွင်အဖိုးအိုပြောဆို
ခဲ့သောစကားကြီးလေးခွန်းကိုမှူးးမတ်တွေကို
ပြောဆိုမေးခွန်းထုတ်ပြီးအဓိပ္ပါယ်ကိုမေးမြန်း
ပါတော့တယ် ။ မှူးမတ်တွေအားလုံးမဖြေဆို
နိုင်ကြပါဘူး။ဒီတော့ဘုရင်ကြီးကဖြေဆိုဖို့ အ
ချိန် ခုနစ်ရက်ပေးလိုက်ပါတယ် ။
  မှူးမတ်တွေအားလုံး အကြပ်ရိုက်နေချိန်မှာ
လူလည်အမတ်တစ်ယောက်ကတော့ ဘုရင်
ကြီး ခရီးထွက်ပြီးပြန်လာမှ ဒီစကားလေးခွန်း
ကိုမေးတာဆိုတော့ အကြောင်းရရှိရမယ်လို့
စဉ်းစားပြီး ဘုရင်ကြီးသွားခဲ့တဲ့ လမ်းကြောင်း
ကိုစုံစမ်းပြီး ရှာဖွေရာက အဖိုးအိုလင်မယားရှိ
ရာကို ရောက်သွားပါတော့တယ် ။ အမတ်လူ
လည်ဟာ အဖိုးအိုကို တံစိုးလက်ဆောင်ပေး
ပြီးစကားလေးခွန်းကိုမေးပေမယ့်အဖိုးအိုဟာ
လုံးဝမပြောပါဘူး။
   နောက်ဆုံးအဖိုးအိုရဲ့ဇနီးဖွားအိုကိုအသပြာ
ငွေ ၁၀၀၀ ပေးပြီးမေးတဲ့အခါဖွားအိုကငွေကို
ယူပြီးစကားလေးခွန်းအဓိပ္ပါယ်ကိုဖွင့်ဟပြော
ကြားလိုက်ပါတယ် ။
ဒါနဲ့ရက်ချိန်းခုနစ်ရက်ပြည့်လို့ညီလာခံပြန်ဝင်
တဲ့အခါ ဘုရင်ကြီးကိုဘယ်သူမှ အဖြေမပေး
နိုက်ကြပေမယ့် လူလည်အမတ်ကတော့ ခပ်
ကြွားကြွားလေးဖြေနိုင်လိုက်ပါတယ်။
   ဒါပေမယ့်ဘုရင်ကြီးကသူ့အစွမ်းအစနဲ့ဖြေ
နိုင်တာမဟုတ်ဘူးသိနေတော့ မှန်မှန်မပြော
သေဒဏ်ပေးမယ်.ဘယ်လိုသိလာတာလဲဆို
တာမှန်မှန်ပြောဆိုပြီးအကြပ်ကိုင်မေးတော့မှ
အဖိုးအိုလင်မယားဆီကသိလာတာလို့အမှန်
အတိုင်းပြောပါတော့တယ်။
ဘုရင်ကြီးဟာအဖိုးအိုလင်မယားကိုအမျ က်
မာန်ရှပြီးရှေ့တော်ဆင့်ခေါ်လိုက်ပါတယ်။ရှေ့
တော်ရောက်တဲ့အခါ...
  "အဖိုး..ပေးခဲ့တဲ့ဂတိကိုဖျ က်ပြီးဘာလို့တား
မြစ်ချ က်ကိုလွန်ဆန်ရတာလဲ..သေဒဏ်ပေး
ခံရမှာကိုမကြောက်ဖူးလား "
  "မင်းကြီး..ကျွန်တော်မျိုးဟာဆင်းရဲနုံခြာပေ
မယ့်ဂတိတစ်လုံးကိုအသက်ထက်ကာကွယ်
ပါတယ်.. ကျွန်တော်မျိုး၏ဇနီးပြောကြားခြင်း
သာဖြစ်ပါတယ်.အသပြာငွေ ၁၀၀၀ အတွက်
ကျွန်တော်မျိုး၏အသက်ကို ရောင်းစားသည့်
ဇနီးသည်ဟာအနီးဆုံးရန်သူဖြစ်ကြောင်းမင်း
ကြီး ဒီလောက်ဆိုသဘောပေါက်နားလည်ပြီ
ယုံကြည်ပါတယ်.."
ဒီတော့မှဘုရင်ကြီးဟာစိတ်ထဲဘဝင်မကျ ခဲ့
တဲ့နောက်ဆုံးစကားရဲ့အဓိပ္ပါယ်ကိုနားလည်
လက်ခံသွားပြီးသူဆင်းရဲအဖိုးအိုလင်မယား
ကို ဆုလာဘ်များ ပေးသနား လိုက်ပါတော့
တယ် ။
ပုံပြင်ကတော့ဒါပါဘဲဗျာ..
   ကျ နော်ပြောချ င်တာကတော့မိန်းမတစ်
ယောက်ထဲရှိတဲ့အဖိုးအိုတောင်အလျှောက်
ကောင်းလို့သေဘေးကလွတ်ခဲ့တာနော်..မိန်း
ပြောချ င်ပါတယ်.. ။
~~~~~~~~~~~~~~~~~~~~~~~~~
Credit to Original
ဝက်​က​လေးပုံပြင်
ငါးပေပတ်လည် သာသာရှိတဲ့ ဝက်ခြံလေးထဲမှာ
ဝက်ထီး နဲ့ ဝက်မ  နှစ်ကောင်ရှိတယ်
သူတို့နှစ်ကောင် ဟာ တစ်ကောင်နဲ့တစ်ကောင် အရမ်းချစ်ကြတယ်
ဝက်မလေးက အမပီပီ ဝက်ထီးလေးကို အမြဲတမ်း အနိုင်ကျင့်တယ်
သခင်အစာကျွေးရင်  သူအရင်ဆုံး ဝ အောင်စားတယ်
ပြီးမှ ကျန်တာ ဝက်ထီးလေးကို ပေးတယ်
ဝက်ထီးလေးကတော့ အပြုံးမပျက် စွာနဲ့ အလိုလိုက်တာပေါ့
အနိုင်ကျင့်တာတွေလည်း သည်းခံပေးတယ်
အမြဲတမ်း ဝဝလင်လင် စားရတဲ့ ဝက်မလေးဟာ တနေ့တခြား
ဝ ဝ လို့လာတယ် ဝက်ထီးလေးကတော့ ပိန်ညှောင်ညှောင်နဲ့ ပေါ့
တနေ့ သခင်က အစာကျွေးနေရင်း
❝ဒီဝက်မလေး တော်တော် ဝ တာပဲ၊ရှေ့လဆို သတ်ပြီးရောင်းစားလို့ရပြီ❞ လို့ သူ့မိန်းမကို ပြောလိုက်တယ်
သူ့စကားကို ဝက်ထီးက ကြားမိသွားတယ်
အဲဒီနောက်ပိုင်း ဝက်ထီးလေးဟာ ဝက်မလေးအပေါ် ဆက်ဆံရေးတွေ
စပြီးပြောင်းလဲသွားတာပေါ့
အစာစားရင် ဝက်မလေးနဲ့ လုစားတယ် ၊ အရင်လို အဝအလင် မပေးစားတော့ဘူး ၊ သူပဲ ဝဝလင်လင် စားလိုက်တယ်
ညဆိုလည်း ဝက်မလေး ကို မပေးအိပ်ဘူး ၊
အိပ်ရေးပျက်အောင်လုပ်တယ်
ဝက်မလေးလည်း ဝမ်းနည်းတာပေါ့ ၊ ဇဝေဇ၀ါ လည်းဖြစ်မိတာပေါ့
ဘာ့ကြောင့် သူ့အပေါ် ရုတ်တရက် ပြောင်းလဲသွားလဲပေါ့
သူ့ကို အရင်လို မချစ်တော့ဘူးလို့ တွေးမိတာပေါ့
ဒီလိုနဲ့ တစ်လကြာတဲ့ အခါ ဝက်ထီးလေးဟာ အဆီတဝင့်ဝင့်နဲ့ ဝဖြိုး လို့နေတာပေါ့
သခင်က ဝက်ကို သတ်ပြီးရောင်းစားဖို့ အချိန်ကျလာတော့
ဝက်မလေးက ပိန်နေတာကို တွေ့လိုက်ရတယ်
ဒါနဲ့ပဲ ဝဖြိုးနေတဲ့  ဝက်ထီးလေးကို ဆွဲသွားတာပေါ့
အဲဒီအခိုက်တန့်လေးမှာပဲ
ဝက်ထီးလေးက အပြုံးလေနဲ့ ❝နောက်ဆို လျှော့စားနော်❞
လို့ ဝက်မလေးကို လှမ်းပြောလိုက်တယ်
ဝက်မလေး ကလည်း အဲချိန်ကျမှ သိတော့တယ်
ဘာ့ကြောင့် ဝက်ထီးလေးကသူ့ကို ဒီလိုပြုမူလည်းဆိုတာ
ဒါပေမယ့် အချိန်ဟာ နှောင်းသွားခဲ့ပြီလေ
တိတ်ဆိတ်လို့နေတယ်
သခင်နဲ့ မိသားစုတွေ ဝက်ထီးလေးကို မြိန်ရေရှက်ရေ နဲ့ သုံးတော်ခံနေတာကို ဝက်မလေးက ဝမ်းနည်းကြေကွဲစွာနဲ့ လှမ်းမြင်နေရတယ်
ဝက်ထီးလေးမရှိတော့ သူ့ရင်ထဲမှာ ဟာတာတာနဲ့ပေါ့
ဝက်ထီးလေး အိပ်နေကျနေရာလေးကို အမှုမဲ့အမှတ်မဲ့
လှမ်းကြည့်မိလိုက်တယ်
ဝက်ထီးလေးရေးထားခဲ့တဲ့
စာကြောင်းလေး တစ်ကြောင်းတွေ့မိတယ်
❝တကယ်လို့ နင့်ကို ချစ်တယ်ဆိုတာ  အပြောနဲ့ သက်သေပြလို့
မလုံလောက်တဲ့အခါ ငါ့ အသက်လေးနဲ့ပဲ သက်သေပြလိုက်ပါတယ် ❞
ဝက်မလေး .............ယူကြုံးမရ ထစ်ချုန်းချ ငိုချလိုက်မိလေတယ်
Credit to Original
သူငယ်ချင်းတို့ရဲ့နံပတ်က ဘယ်ဂဏန်းလဲဆိုတာ ရှာကြည့်ပါ ပြီးတော့ သုံးသပ်ကြည့်ပါ
သူငယ်ချင်းတို့ရဲ့နံပတ်က ဘယ်ဂဏန်းလဲဆိုတာ ရှာကြည့်ပါ ပြီးတော့ သုံးသပ်ကြည့်ပါ
=============================================
*တကယ်လို့..မင်းဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၁) သမား...*
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 2nd, 11th, 20th, 29th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၂) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 3rd, 12th, 21st, 30th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၃) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 4th, 13th, 22nd, 31st **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 5th, 14th, 23rd **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၅) သမား...*
*တကယ်လို့..မင်းဟာ..လတွေရဲ့.** 6th, 15th, 24th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၆) သမား...*
*တကယ်လို့..မင်းဟာ..လတွေရဲ့.** 7th, 16th, 25th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၇ သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 8th, 17th, 26th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၈ သမား...* **
***တကယ်လို့..မင်းဟာ..လတွေရဲ့.** 9th, 18th, 27th **မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၉) သမား...*
*နံပါတ် (၁) *
*မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..*
*ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို
ဝန်တိုတက်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်..*
*ဖော်ရွှေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်..
*လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်..
သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး.*
*မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်..*
*အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်..*
*အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..
*
*မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတက်ပါတယ်..
မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ
ဝင်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို*
*မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို
မင်းက တဖတ်ကန်ခတ်အောင် သိနေတက်တယ်လေ..*
*ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့လူတွေက
မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတက်ပါတယ်...*
*ဒါကလည်း မဆန်းပါဘူး...လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို
ပိုင်ဆိုင်ပြီ..*
*ချစ်စဖွယ်သားသမီးတွေနဲ့
နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
*
*မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
...သင့်တင်တဲ့သူတွေကတော့.. 3, 5, 7!!!*
[image: Do You Believe in Numerology?]
*နံပါတ်(၂)*
*မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
*
*ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းက
သဘောကျသလိုမျိုးပေါ့..*
*ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်...*
*မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာ
ပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...*
*မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကို လိုက်ပြီး
မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..*
*တကိုယ်ကောင်းဆန်ပြီ.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို*
*ညက်ညောပြေပြစ်တယ်.*
*မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှ လထွက်လာသလိုမျိုး....
လူတွေ စိတ်ဓါတ်ကျနေတဲ့အချိန်ဆို
*
*ရောက်လာပြီ.. သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက
ပျောက်ကွယ်သွားတက်တယ်..*
*မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း
ဖြစ်နိုင်ပါတယ်*
*(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).
တကယ့်လိုများ..ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာ
အောင်မြင်မယ့်သူတစ်ဦးပါ...*
*အများစုသော မင်းရဲ့စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!
*
*တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူတစ်ဦးပါ.*
*မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...*
*မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ.. မင်းလက်ထက်ပြီးတဲ့အထိတောင်
အဲဒီအတိုင်းပဲ*
*မင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦပါ..*
*မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ
တာဝန်သိအမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..*
*မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.*
*မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့
ဝန်မလေးတဲ့သူတစ်ဦးပါ...*
*မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့စိတ်ကို
ခံစားနားလည်ပေးနိုင်တယ်..*
*လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...*
*မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5,
9..တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၃)*
*နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူတစ်ဦးပါ..*
*တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်..*
*ပြဿနာတိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..*
*မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထားကို ပိုင်ဆိုင်သူ
တစ်ဦးပါ..*
*ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့်
ရနိုင်နေတာပေါ့..*
*မင်းဘ၀မှာ **မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..*
*မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..*
*ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ
နှစ်သက်လို့ပဲ.. အဲလိုလည်း*
*မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..
*
*မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ...
*
*ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျသွားပြီဆိုလည်း..*
*မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...
*
*မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..
*
*မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက
ကြာရှည်မခံပါဘူး..*
*ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..*
*မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..
သူရဲ့စေခိုင်းမှုအောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ .ရုန်းကန်ခြင်းတွေနဲ့..*
*မင်းဟာ နပန်းလုံးနေရတက်တယ်...*
*မင်းဟာ အမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို
စောင့်ရှောက်တယ်..
*
*သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ
စံပြတယောက်ဖြစ်နေပါလိမ့်မယ်..*
*တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ..
ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ*
*နဲ့ ပြည့်နေမှာပါ..*
*မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ..
ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူ*
*ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ
တစ်ဦးပါပဲ...*
*မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9. သင့်တော်တဲ့အဖော်မွန်ကတော့..1,
3, 5!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၄)*
*မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ..
*
*အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့
ကံမကောင်းတက်ပါဘူး..*
*အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
*
*အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို
စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ*
*အဝေးကို ပြေးသွားတက်ကြပါတယ်..*
*မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို
ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....*
*အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..*
*အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..*
*မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို
ပြေးသွားတက်ကြပါတယ်..*
*အဲဒီခါကြရင်တော့..မင်းဟာ ခိုးကိုယ်ရာမဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
*
*လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတက်တာပါပဲ..*
*မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..*
*မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..*
*မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..*
*ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ
ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..*
*အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ..*
*ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ..
*
*အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာ
*
*ထွန်းပေါက်နိုင်ပါတယ်..
*
*မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုနည်းနည်းဆန်ပြီ..*
*အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.သင့်တော်တဲ့သူတွေကတော့...5, 6, 7!
!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၅)*
*မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..*
*မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..*
*ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.
*
*တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ်သူပါ..
*
*ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
*
*မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..*
*တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ... မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..*
*ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...*
*မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့*
*မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...*
*မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
*
*ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့...*
*အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..*
*မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၆)*
*အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..*
*မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူတစ်ဦးပေါ့..ဆိုလိုတာက မင်းဘ၀မှာ
မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..
*
*မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
*
*မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့
လူတွေအပေါ်မှာသာ).....*
*ရုပ်ရည်အရမ်းချော်မောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတက်ပါတယ်..*
*ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..*
*မင်းရဲ့စိတ်ထားနဲ့ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..*
*တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်...ဒါပေမယ့်..*
*မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို*
*နှစ်သက်တဲ့သူတဦးပါ..*
*အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..*
*ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်..
ယေဘုယျအားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...
စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ..*
*အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..
မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9. သင့်လျော်တဲ့သူတွေကတော့..
4, 5!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၇)*
*မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ..*
*မိမိကိုယ့်ကို ယုံကြည်တက်တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ
ထူးချွန်သူ တစ်ဦးပါ..*
*ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..*
*မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..*
* အမျိုးသမီးဆိုရင်တော့. အထက်ကအချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..*
*မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)*
* အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..*
*အမျိုးသားတစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..*
*နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာများပါတယ်..
*
*အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..*
*အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..
ဒါကလည်း..ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင် ပေးထားတဲ့သဘောလို့ထင်ပါတယ်..
မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်*
*မင်းတယောက်လောက်ပဲ အိမ်ထောင်ရေးမသာယာတာမျိုးတွေ့ရတက်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်..*
*ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး ရှာထားသင့်ပါတယ်...အဲလိုမှ
မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာဂရုစိုက်အလေးထားသင့်ပါတယ်..*
*မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော ပျော်ပျော်နေတက်တဲ့
လူတယောက်ပါ..မင်းဟာ
*
*ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..*
*မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2. သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4
!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၈)*
*မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး..*
*သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့
ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့နုံချာနိုင်ပါတယ်..*
*အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက*
*မင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘ၀ကို
တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.*
*မင်းဟာ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.*
*ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..
ဘ၀ကိုလည်း..အထီးကျန်စွာ*
*ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..*
*မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲ
ဖြစ်ပွားတက်ပါတယ်)*
*မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့
မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..*
*မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..(
အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
*
*သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..*
*အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..*
*မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..
အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...*
*မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့
5!!!
*
[image: Do You Believe in Numerology?]
*နံပါတ် (၉)*
*မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..*
*မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..
ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..*
*မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..*
*သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.*
*ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်.. မင်းဟာ
ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..*
*စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ.. မိဘက
မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..*
*မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့အခါမှာတော့..*
*မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..*
*ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေးအလုပ်..ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..*
*မင့်ရဲ့မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့်ကလေးတွေအတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..*
*မင်းဟာ
လူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်းခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...
*
*မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...*
*မင်းဟာ အံ့ဖွယ်စိတ်ကူးစိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..*
*မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9. သင့်တော်တဲ့
အဖော်မွန်ကတော့ 2!*