Thursday, February 4, 2016

ဟေ့ရောင် ~ မမေ့ပါနဲ့ငါတို့ကသူငယ်ချင်းတွေ

ဟေ့ရောင် ~ မမေ့ပါနဲ့ငါတို့ကသူငယ်ချင်းတွေ

မင်းကိုငါတို့လူစုံပီဆို ဝိုင်းဖောက်သောက်ရင်သောက်မယ်
ပိုးစိုးပက်စက်နှိမ်ရင်နှိမ်မယ်
မင်းကိုတစ်ခြားလူတွေအဲလိုလာလုပ်ရင် ဝိုင်းဗျင်းဖို့ငါတို့ရှိမယ်
မလိုပါဘူး
သူငယ်ချင်းတွေပဲဟာ

မင်းဆီကပိုက်ဆံတွေယူသုံးပီးငါဆပ်ချင်မှဆပ်မှာ
မင်းရော ဘာထူးလဲ?
မင်းဆီမှာရှိရင်ပေါ့
မလိုပါဘူး မေ့ချင်ယောင်ဆောင်ထားလည်းဖြစ်တယ်
ငါ့ဆီမှာရှိရင်ပေါ့
သူငယ်ချင်းတွေပဲဟာ

မင်းရည်းစားနဲ့အဆင်မပြေရင်ငါတို့ဆီရင်လာဖွင့်
ဘုတ်တွေလုပ်ပေးရမလား?
အကွဲသောက်ပေးရမလား?
ဒါမှမဟုတ်အေးဆေးနှပ်ပီးအသည်းကွဲမလား?
ဖြစ်တယ်
အဆင်ပြေသွားရင် သူ့ဆီပြန်သွားပေါ့ကွာ
ဘယ်သူပိုအရေးကြီးမှန်းသိပါတယ်
မလိုပါဘူး
သူငယ်ချင်းတွေပဲဟာ

မင်းတို့နဲ့ငါရန်ဖြစ်ချင်ဖြစ်မယ်
အကြာကြီးတော့စိတ်မကောက်ပါနဲ့
သူငယ်ချင်းတွေပဲဟာ

ပိုးစိုးပက်စက်ဆဲရင်ဆဲမယ်
မုန်းလို့ဆဲတာမှမဟုတ်တာ
သူငယ်ချင်းတွေပဲဟာ

အဆင်ပြေမယ့်သူနဲ့ဆို ငါတို့တွေဝိုင်းပို့မယ်
ချောက်တွန်းတာမှမဟုတ်တာ
သူငယ်ချင်းတွေပဲဟာ

တစ်နေရာစီဝေးချင်ဝေးသွားကြလိမ့်မယ်
အလုပ်ကိုယ်စီနဲ့မတွေ့ဖြစ်ရင်တောင်
တူတူပြန်ဆုံခဲ့ရင်
ငါအာမခံတယ်
ငါတို့လူစုံရင်ပြန်ပေါဦးမှာပဲ
သူငယ်ချင်းတွေပဲဟာ

ငါတို့တစ်ယောက်ကိုတစ်ယောက်ယုံတယ်
လျှို့ဝှက်လှပါတယ်ဆိုတဲ့ ငါတို့ကိစ္စတွေတောင်အချင်းချင်းသိကြတယ်
ငါတို့ထပ်ပီးယုံထားတယ်
တစ်ယောက်နောက်ကျောတစ်ယောက်ဘယ်တော့မှဓါးမစိုက်ဘူးဆိုတာ
သူငယ်ချင်းတွေပဲဟာ

မင်းအားငယ်နေရင် ငါတို့အားနဲ့လိုက်ဖြည့်ပေးမယ်
မင်းအဆင်မပြေရင် တတ်နိုင်သလောက်ငါတို့ကူမယ်
မလိုပါဘူး
သူငယ်ချင်းတွေပဲဟာ

ငါတို့အဆင်မပြေတဲ့ကိစ္စတွေလည်း အဖွဲ့စုံပီဆို ဟာသတွေဖြစ်ကုန်ရော
မင်းငါတို့နဲ့ရှိနေလို့ဘယ်နှစ်ခါစိတ်ညစ်ဖူးလဲ
မလိုပါဘူးကွာ
သူငယ်ချင်းတွေပဲဟာကို

စောက်ပေါကြီးများအားလုံးကိုလွမ်းလို့ရေးသည် -_-

                                   POe Kaung

No comments:

Post a Comment