Thursday, March 24, 2016

စေတန်ဝါဒဆိုတာဘာလဲ

(​စေတန်ဝါဒဆိုတာဘာလဲ)

စေတန်ဆိုရင် တော်တော်များများစိတ်ထဲမှာ နတ်ဆိုးတွေ သရဲတွေ စတဲ့ ပုံရိပ်တွေနဲ့ ပုံဖော်လိုက်ကြတာများတယ်။ တကယ့် စေတန် အယူဝါဒက radical anti-theist လို့ ပြော ရမယ်ထင်တယ်ဗျ။

ခေတ်သစ် စေတန်ဝါဒသစ်ရဲ့ ကနဦး ခြေလှမ်းက ၁၉၆၀ ဝန်းကျင်မှာ စတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဖန်ဆင်းရှင် ကို တော်လှန်ဖို့ ဖြစ်ပြီး ကမ္ဘာ့ ပထမဆုံး စေတန် ဘုရားကျောင်းက ၁၉၆၀ နှောင်းပိုင်းရောက်မှ စတင် ရုပ်လုံး ပေါ်လာခဲ့ပါတယ်။

တည်ထောင်ခဲ့သူ ကတော့ Anton S. Lavey ဆိုသူ ဖြစ်ပြီး သူပြုစုခဲ့တဲ့ Satanic Bible ထဲမှာ တကယ့် စေတန် အနှစ်သာရ စစ်စစ် အတွေးအခေါ် များစွာ ပါဝင်လျက်ရှိပါတယ်။

ဒီကျမ်းထဲမှာ နာမည်ကြီး လူသိ များ တဲ့ (9) Satanic Statements (သို့မဟုတ်) စေတန်ဝါဒီတို့ အကြောင်း (၉) ချက် ကို အခုလို ရေးထားပါတယ်။

(၁) စေတန်သည် လောကဓံကို ခံယူရာတွင် ဘယ်တော့မှ အားတင်းကာ မတောင့်ခံထားတတ်။ ကောင်းစွာသာ ခံယူသည်။

(၂) စေတန်သည် နောက်ဘဝ ဝိညာဉ်ကို ရှုံ့ချသည်။ အထင်အရှား အသိအမြင် တို့ကိုသာ မှီခိုသည်။

(၃) စေတန်သည် မိမိကိုယ်ကို ဘယ်တော့မှ မလိမ်။ ရိုးသား သန့်ရှင်းသော အသိပညာကိုသာ ထုတ်ဖော်လေ့ရှိသည်။

(၄) စေတန်သည် သစ္စာမဲ့သူတို့ကို မုန်းသည်။ ထိုက်တန်သူတို့ အားလုံးကိုမူ အကြွင်းမဲ့ချစ်သည်။

(၅) စေတန်သည် ဘယ်တော့မှ အကောက်မကြံတတ်။ သို့သော် ပြင်းထန်စွာ ဂလဲ့စားချေတတ်သည်။

(၆) စေတန်သည် မြှောက်ပင့်ပြောဆိုပေါင်းသင်းတတ်သူတို့ကို ခါချ တတ်သည်။ တာဝန်ကျေရမည့်သူတို့ အားလုံးကိုမူ အဆုံးစွန် တာဝန်ယူသည်။

(၇) စေတန်သည် လူကို ရံဖန်ရံခါလိမ္မာ၍ မကြာမကြာ အသိစိတ် ကင်းမဲ့တတ်သော သတ္တဝါတစ်မျိုး ဟုသာမြင်သည်။

(၈) စေတန်သည် အမှားတို့ကို ကိုယ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ခံစားမှု ရင့်ကျက် လာစေ ခြင်းကြောင့် မညည်းမငြူ လက်ခံ ယူသည်။

(၉) စေတန်သည် ဘုရားကျောင်းများကို မမုန်း။ ထိုနေရာ၌ ပို့ချသည် တို့ကိုသာ မုန်းသည်။
Credit to Original

No comments:

Post a Comment